spot_imgspot_imgspot_imgspot_img
Friday, February 14, 2025
spot_imgspot_imgspot_imgspot_img

တောင်သူများကို တရားစွဲဆိုခြင်းသည် ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်ဟု အရပ်ဖက်အဖွဲ့အစည်းများ ထုတ်ပြန်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

တပ်မတော်က ဌာနေတိုင်းရင်းသားတောင်သူလယ်သမားများကို ရာဇဝတ်ကောင်များကဲ့သို့ တရားစွဲနေခြင်းသည် ပြည်တွင်းငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်ကြောင်း ကယား(ကရင်နီ) ပြည်နယ် အတွင်းက လူမှုအသင်းအဖွဲ့ ၂၆ ဖွဲ့ စုပေါင်းပြီး ဇူလိုင်လ ၄ ရက်နေ့က ထုတ်ပြန်လိုက်သည့် ထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က “မြေယာနဲ့ပတ်သက်ရင်လည်းအများကြီးပဲ ကျနော်တို့စာတင်ထားတာရှိတယ်။ ထိရောက်တဲ့အရေးယူမှုလည်း ဘာတခုမှမရှိဘူး။ အဲဒီတော့ ဒီအတိုင်းဆက်ထားရင် ကျနော်တို့ ပြည်သူတွေပဲ အတိဒုက္ခရောက်မယ်။ စစ်တပ်တွေနဲ့ပြဿနာဖြစ်မယ်။နောက်ပြီ KNPP နဲ့ဘယ်လိုပြောရမလဲ ငြိမ်းချမ်းရေးကိုသွားထိခိုက်လာနိုင်တဲ့ အနေအထားမျိုးဆိုရင် မကောင်းဘူးပေါ့။” ဟု ဦးသဲရယ်ကပြောသည်။

လက်ရှိတွင် တပ်မတော် နှင့် မြေယာအငြင်းပွားမှုဖြစ်နေသော ဒီးမော့ဆို မြို့နယ်ထဲက ဒေါဆိုရှေးကျေးရွာနဲ့ လွိုင်ကော်မြို့နယ်ထဲက ဒေါမူကလား ကျေးရွာဖက်က တောင်သူတွေကို တပ်က တရားစွဲဆိုထားပြီး ၊ ညသန်းခေါင်ယံချိန်တွေအထိ လိုက်လံဖမ်းဆီးတာတွေ ထိရှိနေတယ်လို့ ထုတ်ပြန်ကြေညာချက်မှာဖော်ပြထားပါတယ်။ ယခုလို လုပ်ရပ်သည် တောင်သူလယ်သမားမိသားစုများကို အထိတ်တလန့်ဖြစ်စေပြီး ဒီမိုကရေစီစံနှုန်းနှင့် လည်းမကိုက်ညီကြောင်း လည်းဆိုသည်။

“ဥပဒေအထက်မှာ ဘယ်သူမှ မရှိရဘူးပြောတယ်။ ဒါပေမယ့် လူတစု တစ်ဖွဲ့က သူ့သဘောတိုင်းလုပ်နေတယ်။ ပြီးတော့ အများအားဖြစ် တောင်သူတွေက ဖိနိုပ်ခံတောင်သူတွေပဲ ကိုယ့်မြေပေါ်မှာ ကိုယ်အလုပ်လုပ်နေကြတယ်။ ဒီအပေါ်မှာမြေလာသိမ်းခြင်းဖြစ်တယ်။ သူတို့မြေကိုပါ သာမက သူတို့ဘဝတခုလုံးကိုပါ ရိုက်ချိုးဖျက်ဆီးပစ်တယ်။” Kayah Earthrights Action Network (KEAN) မှ ကိုအယ်စေးက ပြောပါသည်။

လက်ရှိ ကျင့်သုံးနေတဲ့ မြေလွတ်မြေလပ် မြေရိုင်း စီမံခန့်ခွဲ ရေးဥပဒေသည် တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ အရ မြေယာစီမံခန့်ခွဲမှုကို ခြိမ်းခြောက်နေကြောင်းလည်း ထုတ်ပြန်ကြေညာချက်တွင်တွေ့ရသည်။

Advertisement

“လူ့အခွင့်အရေးကနေကြည့်မယ်ဆိုရင် ဌာနေတိုင်းရင်းသားတွေ အဆုံးရှုံးခံနေရတယ်။ လူ့အခွင့်အရေး၊ နိုင်ငံရေး ၊ နိုင်ငံရေးရှုထောင့်ကနေကြည့်မယ်ဆိုရင်လည်း သမိုင်းက အချိုးဖောက်ခံနေရတာကိုတွေ့တယ်။” ဟု ကရင်နီပြည်တောင်သူလယ်သမား သမဂ္ဂ ဥက္ကဌ ကိုတူရယ်ကပြောသည်။

ကယား(ကရင်နီ)ပြည်တွင် ဘိုးဘွားစဉ်ဆက် နှစ်စဉ်နှစ်တိုင်း ထွန်ယက်စိုက်ပျိုးလုပ်ကိုင်လာခဲ့သည့် ဒေါဆိုရှေးကျေးရွာ၊ မြေယာကို အမတ ၃၆ဝမှ သော်လည်းကောင်း၊ ဒေါမူကလားကျေးရွာ၊ လွိုင်တမူကျေးရွာ၊ (၃)မိုင် ပကြဲကျေးရွာ၊ မြေနီကုန်း ကျေးရွာအပါအင် ကျေးရွာ ၁၁ ရွာ၏ မြေယာများကို ခလရ (၂၆၁)၊ အမတ (၃၅၆) ၊ ခမရ (၂၅၀)မှလည်းကောင်း၊ BE တပ်မှသော်လည်းကောင်း လာရောက်စိုက်ပျိုးခြင်း၊ ခြံစည်းရိုးများခတ်ခြင်းများလုပ်ဆောင်လာသည့်အပြင် ကျေးရွာရှိတောင်သူများအား တရားစွဲဆိုခြင်းများလုပ်ဆောင်လျက်ရှိနေပါသည်။

spot_img
spot_img
spot_img

Recent posts