တောင်သူအရေးက သာသာနာ ့ အရေးထက် အရေးကြီးနေလို့ပါ

ငြိမ်းချမ်းသာယာတဲ့ သာသနာ လုပ်ငန်းလုပ်ကိုင်ရာမှ တောင်သူအရေးအတွက် အသက်နဲ့ရင်းပြီး ရင်ဆိုင်ခဲ့သူကတော့ ကယား( ကရင်နီ) ပြည်နယ်မှ ပထဦးဆုံး တောင်သူအရေးလှုပ်ရှားသူ ခူးသဲရယ်ပဲ ဖြစ်ပါတယ်။

အသားညိုညို အရပ်ထောင်ထောင်မောင်းမောင်းနဲ့ အသက် (၃၈)နှစ်ရှိပြီဖြစ်တဲ့ ခူးသဲရယ်ဟာ ကယားပြည်နယ် ဖရူဆိုမြို့နယ် လောဂျာကျေးရွာမှာ နေထိုင်ပြီး ကက်သလစ်ဘာသာမှ သာသနာလုပ်ငန်းကို ဆောင်ရွက်နေသူတစ်ဦးဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်မှာ ပထမဦးဆုံး ပြုလုပ်ခဲ့တဲ့ ထွန်တုံးတိုက်ပွဲကို လုပ်ဆောင်ဖို့ တောင်သူတွေကို အကြံပေးခဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။

၎င်းကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး တရားစွဲဆိုခြင်းကိုလည်း ခံခဲ့ရသူ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ သူဟာ တောင်သူအရေး လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်စာမျက်နာတွေမှာ ခြိမ်းခြောက်ခံနေရတာတွေ ရှိတဲ့အတွက် သူ့အနေနဲ့ စိုးရိမ်စရာတွေ ဖြစ်နေတယ်လို့ ပြောပါတယ်။

`ကျနော်စိုးရိမ်တာကတော့ တကယ်လို့များ နိုင်ငံရေးအခြေအနေက တခုခုများ ဖြစ်သွားခဲ့မယ် ဆိုလို့ရှိရင်ပေါ့နော ကျနော်အနေနဲ့ကတော့ အနည်းငယ် စိုးရိမ်စရာတော့ ရှိတာပေါ့နော။ ဒါပေမဲ့ ဥပဒေစိုးမိုးမှုရှိတယ် ကျနော်တို့လုပ်နေတဲ့ဟာက အကြမ်းဖက်မှု မရှိဘူးဆိုလို့ရှိရင်တော့ အစိုးရတွေက ဒီဟာတွေကို နားလည်တတ်တယ်ဆိုရင်တော့ သိပ်တော့ စိုးရိမ်စရာ မရှိဘူးပေါ့နော ´ လို့ပြောပါတယ်။

ခူးသဲရယ်ဟာ ၁၉၉၉ခုနှစ်မှာ သာသနာလုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့ပြီး ၂၀၁ဝ ခုနှစ်မှာ စစ်တပ်မှ မတရား သိမ်းဆည်းထားတဲ့ တောင်သူတွေရဲ့ မြေယာတွေကိုပြန်လည်ရရှိဖို့အတွက် စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

သာသနာလုပ်ငန်းလုပ်ဆောင်နေချိန်မှာလည်း နိုင်ငံရေး အခြေအနေ ဆိုးရွားမှုကြောင့် ဖမ်းဆီးချုပ်နှောင်ခံခဲ့ရတာတွေ ရှိတယ်လို့ သူက ပြောပါတယ်။

” ကျနော်တို့ လုပ်နေတဲ့ အချိ်န်မှာတော့ ဥက္ကဌက မရှိလို့ ဥက္ကဌက ထွက်ပြေးလို့ ဆိုပြီးတော့မှ ကျနော်တို့ ဒီသာသနာ အမှုဆောင်အဖွဲ့ ဓမ္မဆရာပေါ့နော ကျတော်ကိုယ်တိုင်ကလည်း ပြန်ပေးဆွဲခံရတယ်ပေါ့နော ဥက္ကဌကို မမိမချင်းတော့ ကျတော်တို့ ခင်များတို့ကို ဖမ်းထားမှ ရမယ်ဆိုပြီးတော့ အစိုးရ တပ်မတော်ကနေပြီးတော့မှ ကျနော် ဒီလို ပြန်ပေးဆွဲဖူးတာလည်း တစ်ခါနှစ်ခါ ရှိတယ်ပေါ့” လို့ပြောပါတယ်။

ယခုအချိန်မှာ သူဟာ သာသနာလုပ်ငန်းနဲ့အတူ တောင်သူအရေးကိုလည်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

လက်ရှိအလုပ်ဟာ သူ့အတွက် စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ ရှိနေတဲ့အပြင် သာသနာလုပ်ငန်းနဲ့ တောင်သူအရေးကို လုပ်ဆောင်ရာမှာ ဝေခွဲမရတဲ့ အပိုင်းတွေ ရှိနေပေမဲ့ တောင်သူအရေးကို ပိုပြီးတော့ လုပ်ဆောင်ချင်တယ်လို့ သူကပြောပါတယ်။

ယခင်အစိုးရသာမက လက်ရှိအစိုးရကလည်း တောင်သူအရေးဖြစ်တဲ့ မြေယာပြသနာနဲ့ ပတ်သက်ပြီး ထိထိရောက်ရောက် ဖြေရှင်းလုပ်ကိုင်ပေးမှု မရှိသေးတဲ့အတွက် ပြည်သူတွေရဲ့ ပြသနာကို အစိုးရတွေ သိရှိလာအောင် ဆက်လက်ဆွေးနွေးညှိနှိုုင်း ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။

“ကျနော့အနေနဲ့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် တစ်နေ့ကျရင်တော့ ဒီဘာသာရေးကနေပြီးတော့ အပြီးအပိုင် နားဖို့တော့ ရှိတာပေါ့နော။ နိုင်ငံရေး ပြောင်းလဲလာပြီ နိုင်ငံရေးကလည်း ပြုပြင်ပြောင်းလဲဖို့လိုအပ်တယ်ဆိုလို့ရှိရင်တော့ ကျနော့အနေနဲ့ တစ်ထောင့်တစ်နေရာကနေပြီးတော့မှ နိုင်ငံရေး ပြုပြင်ပြောင်းလဲတဲ့အထဲမှာ ကျနော်ပါဝင်ပြီးတော့မှ ကြိုးစားဆောင်ရွက်ဖို့အတွက်လည်း ကျနော်ဆုံးဖြတ်ထားတယ်ပေါ့ ” လို့သူက ပြောပါတယ်။

ခူးသဲရယ်ဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာ ပြုလုပ်တဲ့ ထွန်တုံးတိုက်ပွဲနဲ့ ပတ်သက်ပြီး ထွန်တုံးတိုက်ပွဲကို ဦးဆောင်သူဟုဆိုကာ တရားစွဲဆိုခံခဲ့ရပါတယ်။ တရားရုံးမှာ ၁၅ကြိမ်ရုံးချိန်းခဲ့ပြီး နောက်ဆုံးမှာတော့ ပြစ်မှုကင်းလွတ်သူအဖြစ် ပြန်လည်လွှတ်မြောက်ခဲ့ပါတယ်။

၎င်းကိစ္စရပ်နဲ့ ပတ်သက်ပြီး ကယားပြည်နယ် သာသနာရေးရာ ဌါနမှလည်း ဘာသာရေးကို ချိုးဖောက်သူဟုဆိုကာ ရုံးချိန်းစစ်ဆေးမေးမြန်း ခြိမ်းခြောက်မှုတွေ ရှိခဲ့ပါတယ်။

ဆန္ဒပြ မှုတနေရာတွင် မြင်တွေ့ ရသော သဲရယ်
ဆန္ဒပြ မှုတနေရာတွင် မြင်တွေ့ ရသော သဲရယ်

ယခင် အပစ်ခတ်ရပ်စဲရေး မယူခင်ကာလမှာ ကယား ပြည်နယ်ရှိ ကျေးရွာတိုင်းက သေနတ်ပြောင်းအောက်မှာ ကျပ်တည်းစွာ နေထိုင်ခဲ့ရတာ ဖြစ်ပြီး တောင်သူများအနေဖြင့် တောင်ယာအသွား အလာမှာလည်း နုတ်ဖြင့်သော်လည်းကောင်း၊ တောင်သူများကို ကျွန်များသဖွယ်သော်လည်းကောင်း ပြုမူ ဆက်ဆံတာတွေ ရှိခဲ့ပါတယ်။

ပြည်နယ်မှာ လက်ရှိအချိန်ထိ မြေယာသိမ်းဆည်းမှုတွေ ရှိနေဆဲဖြစ်ပါတယ်။ ကျေးလက်နေ တောင်သူများမှာ စာပေတတ်မြောက်သူတွေ နည်းပါးတဲ့အတွက် ၎င်းတို့ရဲ့ မြေယာများ သိမ်းဆည်းခံရပေမဲ့ ကြောက်ရွံ့စိတ်နှင့်သာ ဖြတ်ကျော်လာခဲ့ကြတဲ့အတွက် သာသနာလုပ်ငန်းလုပ်ဆောင်နေတဲ့ ခူးသဲရယ်မှ ၎င်းကိစ္စကို မခံမရပ်နိုင်ပဲ သိရှိထားတဲ့ ပြည်သူအခွင့်အရေး၊ တောင်သူအခွင့်အရေးကို တောင်သူများအား ဝေမျကာ တောင်သူများနှင့်အတူ တိုက်ပွဲကို ရင်ဆိုင်နေတာဟာ ယခုအချိန်ထိပါပဲ။

လက်ရှိအလုပ်ဟာ သူ့အတွက် စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ ရှိနေပေမဲ့လည်း
မတရားသိမ်းဆည်းခြင်းခံလိုက်ရတဲ့ တောင်သူတွေရဲ့ မြေယာပြန်လည် ရရှိရေးအတွက် ဆုံးခန်းတိုင်အောင် ဆောင်ရွက်သွားမယ်လို့ သူကပြောပါတယ်။

` ကျနော်လုပ်နို်င်သရွေ့တော့ ကျနော်လုပ်သွားမယ်လို့ ဆုံးဖြတ်ထားတယ် နောက်ပြီးတာ့ ဒီအစိုးရတွေက မပြောင်းမချင်းပေါ့နော အစိုးရတွေကတောင်သူဘက် ပြည်သူလူထုဘက် မရပ်တည်မချင်းတော့ ကျနော်ဆက်ပြီးတော့ လုပ်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ် ´

Comments

comments

Next Post

ငွေတောင်ဆည်ကို ခရိုနီလက်ထဲ မအပ်မိကြပါစေနဲ့

Thu Oct 27 , 2016
သာစု(ပြည့်စုံ)   ငွေတောင်ဆည်-ပြည်သူ့ဆည်ဆိုသည့်အတိုင်း အစိုးရသည်ပြည်သူ ပြည်သူသည်အစိုးရဖြစ်သည်။ ငွေတောင်ဆည်သည်ကယားပြည်နယ်၊ဒီးမောဆိုမြို့နယ်ရှိ ပတ်ဝန်းကျင်အတွက်သာမက တစ်ပြည်နယ်လုံး၊တစ်နိုင်ငံလုံးပြည်သူနှင့်လည်းသက်ဆိုင်ပါသည်။ငွေတောင်ဆည်ကြီး၏ရေရှည်ကျန်းမာရေးတောင့်တင်းခိုင်မာမှု၊ ပတ်ဝန်းကျင်လှပမှုသည်ပြည်သူတစ်ရက်လုံးနှင့်ပတ်သက်၍အမျိုးသားတာဝန်တစ်ရပ်ဟုခံယူ၍ ရေးသားတင်ပြလိုက်ရခြင်းဖြစ်သည်။ ဆည်ကြီးသည်တောင်သူလယ်သမား၊ပတ်ဝန်းကျင်ကျေးရွာ၊ရပ်ကွက်နေပြည်သူများအားထားရသောမိခင်ဆည်ကြီးဖြစ်သည့်အပြင် ရပ်ဝေးရပ်နီးဧည့်သည်များဘုရားဖူးလာသူတိုင်းဆည်ကြီးကိုလေ့လာခဲ့ကြပြီးမှခရီးသွားကြသည်။ ထို့ပြင်ပတ်ဝန်းကျင်ရိုကျေးရွာရပ်ကွက်ပြည်သူများသည်ငွေတောင်ဆည်ရေကိုသောက်သုံးရေးအနေဖြင့်သုံးစွဲအသုံးပြုနေသောကြောင့် ရေရှည်ကျန်းမာရေးအတွက်နှင့်ဆည်ရေသောက်ဧရိယာပတ်ဝန်းကျင်ထိခိုက်မူကိုထောက်ရှူ၍သေချာစီစ်လေ့လာကွင်းဆင်း၍ဝေဖန်သုံးသပ်ပြီးလုပ်ငန်းကိုဆောင်ရွက်သင့်ပါကြောင်းအကြုံပြုချက်များကိုတင်ပြလိုသည်။ ၁။ဆည်၏ရေဝေရေလဲဧရိယာစပ်အထိ အဆောက်အဦးအနီးကပ်ဆောက်လုပ်ခြင်းကိုခွင့်ပြုလိုက်ခြင်းဖြင့် ဆည်ကန်ညစ်ပတ်ခြင်း၊ရေညစ်ညမ်းစေပြီး ဆည်တိမ်ကောခြင်း၊ရေကိုခမ်းစေခြင်း၊အဆိပ်အတောက်ဖြစ်စေခြင်းဖြင့် ရေနေသတ္တုများဆည်ပတ်ဝန်းကျင်ကိုများစွာထိခိုက်နိုင်သည်။ ၂။ဆည်ကန်ဘောင်ပြုလုပ်ရာတွင်ရေဝပ်ဧရိယာစပ်အတွင်းဖြစ်နေ၍ခံနိုင်မူအားနည်းချက်ရှိမည်။ ဆည်မြင်ကွင်းကျဉ်းလာသလို ဆည်မြေပြင်ဧရိယာမြင်ကွင်းလည်းပျောက်ကွယ်လာနေသည်ကို တွေ့ရသည်။ အနည်းဆုံးရေဝပ်ဧရိယာနှင့်ကန်ဘောင်ပတ်လမ်းသည်အနည်းဆုံးပေ (၁၀၀) ပေအကွာအဝေးရှိသင့်ကြောင်းအကြုံပြုလိုပါသည်။ ၃။မြွေလိမ်မြွေကောက်ကန်ဘောင်ပတ်လမ်းကိုမြင်တွေ့ရသူတိုင်းတစ်မျိုးကြီးဘဲဟုဝေဖန်သုံးသပ်ကြသည်။ဆည်ကန်၏ပတ်ဝန်းကျင်မြင်ကွင်းနှင့်လူကြီးမင်းတို့၏ဂုဏ်သိက္ခာညိုးနွမ်းစေပါကြောင်းအကြုံပြုလိုပါသည်။ ၄။မြေတိုင်းဌာနကညွန်ကြားသည့်အနက်နောက်ဆုံးသတ်မှတ်သည့်မှတ်တိုင်အတိုင်းဆောင်ရွက်သွားပါကကြည့်မောရှူဝပါလိမ့်မည်ဟုအကြုံပြုလိုပါသည်။အောင်မင်္ဂလာရပ်ကွက်သည်၁၉၉၂ခုနှစ်တွင်တိုင်းပြည်ပြောင်းလဲမှု အခြေအနေအရဒီးမော့ဆိုသို့ရောက်ရှိလာပါသည်။ ၅။ငွေတောင်ဆည်ဧရိယာသတ်မှတ်ရာတွင်တစ်နှစ်နှင့်တစ်နှစ်တူညီသောဖော်ပြမူမရှိသောကြောင်းပြည်သူများစိုးရိမ်မကင်းလျက် (၁၀၀၉-၂၀၁၀) ခုနှစ်အထွေထွေဦးစီးဌာန၊မြေစာရင်းဦးစီးဌာန၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်ရပ်ကွက်ပြည်သူများကွင်းဆင်းကာလမ်းပြမြေပုံအဖြစ်အနေအထားရအောင်မင်္ဂလာရပ်ကွက်တတိယလမ်းကိုဆွဲယူကာတတိယလမ်းအထိခွင့်ပြုချက်ပေးကာပုံစံ (၁၀၅)ကိုထုတ်ပေးပြုလုပ်ဆောင်ရွက်ပြီးခဲ့ကြောင်းရပ်ကွက်ပြည်သူတိုင်းသိရှိကြပါသည်။ ဆောင်ရွက်ပေးခဲ့သောလူကြီးမင်းများကလည်းတတိယလမ်းကျော်လွန်လာခဲ့လျှင်ဆည်ဧရိယာအဖြစ်သတ်မှတ်၍တာဝန်ယူမည်မဟုတ်ကြောင်းမှာကြားခဲ့ပြီးဖြစ်ပါသည်။ ၆။(၂၀၁၃-၂၀၁၄)ခုနှစ်တွင်မြေပုံအနေအထားအရမြို့မကျေးရွာအုပ်ချုပ်ရေးမှူနှင့်ရပ်မိရပ်ဖများကတတိယလမ်းကျော်လွန်ခဲ့လျှင်ဆည်ဧရိယာအဖြစ်သတ်မှတ်၍အစည်းအဝေးပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းမှတ်တမ်းများလည်းရှိခဲ့ဖူးပါသည်။ အထက်ပါအပိုဒ် (၆) ပိုဒ်အပေါ်သုံးသပ်၍အားနည်းချက်အားသာချက်များကိုလေ့လာထောက်ရှူ၍ကန်ဘောင်ပင်လမ်းကိုအကောင်းဆုံးအနေအထားတစ်ခုဖြစ်အောင်အကောင်းအထည်ဖော်သင့်ကြောင်းသုံးသပ်မိပါသည်။ ဒေသခံပြည်သူတွေ အသိတရားအားနည်းမူအပေါ် အခြေခံပြီး ခရိုနီ၊ခရိုပြာ၊ခရိုနက်တွေကအခွင့်ကောင်းယူကာဆည်ဧရိယာမြေပြင်ကိုမြို့မြေဟုပြောင်းလဲမူပြုနိုင်ရန်ကြိုးစားအားထုတ်လျက်ရှိနေပါသည်။ ဒါဟာတရားဥပဒေစိုးမိုးရေးအားနည်းနေကြောင်းကိုဖော်ပြခြင်း၏သက်သေသာဓကတစ်ခုဟုယူဆမိပါသည်။ ဒေသခံ ပြည်သူများလည်း ဒီအပေါ်သင်ခန်းစာအဖြစ်ယူသင့်ပါပြီ။ အုပ်ချုပ်ရေးနှင့်မြေယာစီမံခန်းခွဲမှုအားကောင်းလာစေရေးအတွက် ဌာနဆိုင်ရာတစ်ခုနဲ့တခု ချိတ်ဆက်မှုအားတိုးမြင့်ခြင်းနှင့် အပြန်အလှန် […]

ဆက်စပ်သတင်းများ