spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒေါကမီးကျေးရွာတွင် မူးယစ်ဆေးပြား (၁၅၃၂)ပြားခန့် ဖမ်းမိ

Author

Date

Category

မူအက်စတာ

ဒီးမော့ဆိုမြို့နယ် ဆောင်ဒူရွာသစ်အုပ်စု၊ ဒေါကမီးကျေးရွာတွင် မူးယစ်ဆေးဝါးကို သုံးစွဲသူအား ဇူလိုင်လ ၂၁ ရက်နေ့က ဖမ်းမိခဲ့ကြောင်း သိရသည်။

ဆောင်ဒူရွာသစ်အုပ်စု၊ ဒေါကမီးကျေးရွာတွင် မူးယစ်ဆေးဝါးသတင်းအရ သက်ဆိုင်ရာများမှ သွားရောက်စစ်ဆေးရာ ဦးရောကို(ခ)ဂျိုကာ၏နေအိမ်အောက် ပျဉ်ချပ်များအောက်တွင် (WY)စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြားဟု ယူဆရသော ပန်းရောင်ဆေးပြား(၄)ပြား (၀.၃၆)ဂရမ် ကာလတန်ဖိုး(၄၀၀၀)ကျပ်ခန့် နှင့် အိမ်နောက်ဘက် ပြောင်းခင်းအတွင်းမှ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ကိရိယာများကို ရှာဖွေတွေ့ရှိခဲ့သည်။

ဦးရောကို(ခ)ဂျိုကာအား တရားရုံး၌ ချုပ်ရီမန်ယူနေစဉ် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ထရေးဇာသည် စခန်းသို့ရောက်ရှိလာပြီး အပြာရောင်ပလပ်စတစ်အိတ်(၇)အိတ်၊ (၁)အိတ်လျှင်(WY)စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၂၀၀)ပြားစီပါ စုစုပေါင်း(၁၄၀၀)ပြားအား လာရောက်အပ်နှံခဲ့ခြင်းဖြစ်ည်။

ဦးရောကို(ခ)ဂျိုကာအား ထပ်မံစစ်ဆေးရာ ၎င်းနေအိမ်မီးဖိုဆောင်အတွင်းရှိ ဆန်အိတ်အတွင်း၌လည်း ဆေးပြားများရှိသေးကြောင်း ထပ်မံထွက်ဆိုခဲ့သည်။

ထို့ကြောင့် ထပ်မံသွားရောက်ရှာဖွေရာ ဆန်ထည့်ထားသည့် အိတ်အတွင်းမှ (WY) စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၁၂၈)ပြားအား ထပ်မံတွေ့ရှိခဲ့သည်။

(WY) စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား အရေအတွက် စုစုပေါင်း(၁၅၃၂)ပြား(၁၃၇.၅၂)ဂရမ်ခန့်၊ ကာလတန်ဖိုး(၁၅၃၂၀၀၀-တစ်ဆယ့်ငါးသိန်းကျော်ခန့်) ဖမ်းဆီးရမိသည့် ဦးရောကို(ခ)ဂျိုကာအား မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ ဆက်လက်စစ်ဆေး အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ ဒီးမော့ဆို မြို့မရဲစခန်း မှုခင်းမှတ်တမ်းအရ သိရသည်။

 
 
 
spot_img
spot_img

Recent posts