spot_imgspot_imgspot_imgspot_img
Monday, February 17, 2025
spot_imgspot_imgspot_imgspot_img

ဒေါတမကြီးကျေးရွာ အလယ်တန်းကျောင်းခွဲတွင် ကျောင်းဆောင်များ လုံလောက်မူမရှိဟုဆို

Author

Date

Category

ကယားပြည်နယ်၊ ဒီးမောဆိုမြို ့၊ ဒေါတမကြီးကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် စာသင်ဆောင်များလုံလောက်မူမရှိသည့်အတွက် အခက်အခဲရှိနေသည်ဟု အမည်မဖော် လိုသူဆရာမတဦးက ပြောသည်။
ပြီးခဲ့သည့်နှစ်က စာသင်ဆောင်လုံလောက်မူရှိသော်လည်း ပြိုကျမည့် အန္တရာယ်ရှိသည်ဟု သတ်မှတ်ပြီး ဖျက်သိမ်းခဲ့သောကြောင့် စာသင်ဆောင်များလျော့နည်းလာခြင်းဖြစ်သည်။


ခူးဖရဲ့ရယ်

ထို့အပြင် ယခုနှစ် ၂၀၁၆ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့တွင် မြေငလျင်ဖြစ်ပွားခဲ့ခြင်းကလည်း စာသင်ဆောင်များ ကိုထပ်ပြီး ပျက်စီးစေခဲ့သည်။

“စာသင်ဆောင်တွေ လုံလောက်မူမရှိတဲ့အတွက် ကလေးများရဲ ့ ပညာရေးကို ထိခိုက်စေတယ်။ ပြီးတော့ ကျောင်းသူ/သားတွေလည်း သင်စရာ နေရာမရှိဘူးပေါ့။ အခန်းပေါင်းသင့်တဲ့ဟာ ပေါင်းပေးရတယ်။ ယာယီတဲဆောင်တွေလည်းလုပ်ပေးရတယ်” ဟု၎င်းဆရာမက ပြောသည်။

လက်ရှိအချိန် စာသင်ဆောင်များ လုံလောက်မူမရှိသည့်အတွက် ယာယီကျောင်းဆောင်ဖြင့် တည်ဆောက်ထားရပြီး ယခုနှစ် တစ်နှစ်ပတ်လုံး ဘုန်းကြီးကျောင်းတွင် စာသင်နေရသည်ဟုလည်း ဒေါတမကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလော်ရယ်က ပြောပါသည်။
“ယာယီစာသင်ဆောင်မှာလည်း သိပ်ပြီးတော့ အဆင်မပြင်ဘူး။ မိုးရာသီဆိုရင် မိုးလည်းယိုတယ်။ ဒါကြောင့်တော်တော်လေး အခက်အခဲဖြစ်တယ်။ ကျနော်တို့ရွာဘက်က ပညာရေးဆိုရင်လည်း တအားနှောင့်နှေးကြန့်ကြာခဲ့တယ်။ မိဘတွေကလည်း ဒါတွေကို သိပ်ပြီးဦးစားပေးတဲ့အပိုင်းမှာ သိပ်မပါလိုဘူးပေါ့။ ဒီလိုမျိုးထပ်ဖြစ်တော့ ပိုဆိုးသွားတယ်” ဟု ၎င်းက ပြောသည်။

ဒေါတမကြီးကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်း စုစုပေါင်းဆရာ/မ ဦးရေ ၁၅ ဦးရှိပြီး ကျောင်းသူ/သာများ ဦးရေ ၄၀ဝ ကျော်ရှိသည်။

ဒေါတမကြီးကျေးရွာအုပ်စုအတွင်းရှိ ဒေါညေးခူ ကျေးရွာ၏ အခြေခံပညာအထက်တန်းကျောင်းခွဲတွင်လည်း စာသင်ဆောင်မလုံလောက်သည့် ပြဿနာကို ရင်ဆိုင်နေရသည်။

spot_img
spot_img
spot_img

Recent posts