spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒေါလစောဘုန်းတော်ကြီးကျောင်း အိမ်သာဆောက်လုပ်ရန် အစိုးရလှူဒါန်းသည့်ငွေ နှစ်နှစ်ကြာသော မရရှိခဲ့

Author

Date

Category

ကိုရယ်

ပြည်နယ်အစိုးရမှ ဖရူဆိုမြို့နယ် ဒေါလစောရွာ ကက်သလစ်ဘုန်းကြီးကျောင်းအတွက် လေးလုံးတွဲအိမ်သာ ဆောက်လုပ်လှူဒါန်းရန်ပေးအပ်ခဲ့သည့် ငွေများနှစ်နှစ်အကြာပြီး ယခုချိန်ထိမရရှိခဲ့ကြောင်း ဒေါလစောကျေးရွာအုပ်ချုပ်ရေးမှူး ဦးဂျိုးဝါးနီက ပြောပါသည်။

လှုဒါန်းငွေကို ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ထွန်း(နော်အီး)မှ တာဝန်ယူဆောက်လုပ်ပေးမည်ဟု ပြောဆိုခဲ့ရာ ယခုချိန်ထိ ငွေလည်းမရ ၊ အကောင်အထည်လည်းမဖော်နိုင် ရှိနေသည်။

ဒေါလစောရွာအုပ်ချုပ်ရေးမှူး ဦးဂျိုဝါးနီက “ သူပစ္စည်းတစ်ချို့ ဝယ်ထားပေးပေမဲ့ ဝယ်ထားတာ တစ်သိန်းတောင်ပြည့်ချင်မှပြည့်မယ်၊ သူကိုယ်တိုင်ဘဲလာလုပ်ပေးမယ်ဆိုပြီးခုထိလာမလုပ်ပေးဘူးလေ၊ ကျင်းတူးထားတာခုထိအဲအတိုင်းဘဲရှိသေးတယ်၊ သုံး၊လေး၊ငါးခါပြောသေးတယ် မနက်ဖြန်လာမယ်၊တပက်ခါလာမယ် အဲလိုဘဲခဏခဏပြောနေတော ကျွန်တော်တို့လည်းမပြောချင်တောဘူးလေ”ဟုပြောသည်။

၂၀၁၆ ခုနှစ် မေလ၊ ၉ ရက်နေ့ ဒေါလစောရွာတွင် ကယားပြည်နယ် ဝန်ကြီးချုပ်ကွင်းဆင်းစစ်ဆေးပြီး ဒေါလစောကက်သလစ် ဘုန်းကြီးကျောင်းတွင် လိုအပ်နေသောအိမ်သာအတွက် Sister တစ်ပါးမှ တင်ပြပြီးအိမ်သာဆောက်ဖို့အတွက် အလှုငွေ ရှစ်သိန်း(၈၀၀၀၀၀)ကျပ်တိတိကို လှုဒါန်းခဲ့ကြောင်းသိရသည်။

ယခုအချိန်တွင် ဒေါလစောဘုန်ကြီးကျောင်းတွင် ကျောင်းသားများသည့်အတွက် အိမ်သာလိုအပ်နေ၍ ဘုန်းကြီးကိုယ်တိုင် ပြန်ဆောက်ခဲ့ရကြောင်း သိရသည်။

လှူဒါန်းငွေထဲမှ ဦးခင်မောင်ထွန်းကသံချွန်တစ်ပိသာကျော်၊ သွန် ရ ပေအချပ်ရေမသိ ၊ ၃ နစ်အတိုအစများကို မောတီတိုကျေးရွာတွင် ချန်ထားခဲ့သည်ဟု သိရသည်။ ကျီးခွေကခြောက်ချောင်းမျှသာ ရောက်ရှိလာခဲ့သည်ဟု သိရသည်။

ယခုကိစ္စနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ထွန်းအား ကန္တာရဝတီတိုင်း(မ်)မှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်ရန် စုံစမ်းခဲ့သော်လည်း ဆက်သွယ်၍ မရနိုင်ခဲ့ပေ။

spot_img
spot_img

Recent posts