spot_imgspot_imgspot_imgspot_img
Friday, February 14, 2025
spot_imgspot_imgspot_imgspot_img

ဒေါသထွက်လွယ်ပြီး စိုးရိမ်မှုများတဲ့သူတွေ စားပေးသင့်တဲ့ အစားအစာများ

Author

Date

Category

ရေးသားသူ ကယားကဒိုး

ဒေါသထွက်လွယ်၊ စိုးရိမ်မှုများတာ၊ စိတ်မတည်ငြိမ်တာ၊ စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျသူတွေ စားပေးသင့်တဲ့ အစားအစာတွေဖြစ်ပါတယ်။

အာရုံကြောစနစ်ကို တည်ငြိမ်စေ

ဗီတာမင် B၊ မဂ္ဂနီဆီယမ်၊ Phosphorus တို့က အာရုံကြောစနစ်ကို သဘာဝအတိုင်း တည်ငြိမ်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

အစိမ်းရောင်အရွက်များ

အစိမ်းရောင်နဲ့ အမည်းရောင်ဘက်သန်းတဲ့ အရွက်တွေက အာရုံကြောစနစ်အတွက်အထောက်အကူပြုပါတယ်။ ဒါ့ကြောင့် အစိမ်းရောင်အရွက်သုတ်၊ အကြော်တို့စားပေးသင့်ပါတယ်။ ဥပမာ ကွန်စွန်းရွက်၊ မုန်ညှင်းရွက်၊ ကိုက်လန်စသည်တို့ကို စားပေးသင့်ပါတယ်။

အုတ်ဂျုံ

အုတ်ဂျုံမှာ ဗီတာမင်၊ သတ္တုဓာတ်၊ ပရိုတင်းဓာတ်နဲ့ အမျှင်ဓာတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ အာရုံကြောစနစ်နဲ့ စိတ်ကို တည်ငြိမ်စေပြီး အားအင်တွေရှိစေပါတယ်။

စိတ်တို၊ စိတ်လှုပ်ရှားမှုတွေဖြစ်စေတဲ့ အာရုံကြောစနစ်ကမောက်ကမဖြစ်မှုကိုလည်း လျော့ချပေးနိုင်ပါတယ်။

ပင်စိမ်း

ပင်စိမ်းကလည်း စိတ်ကိုတည်ငြိမ်စေတဲ့ဓာတ်တွေ ထွက်စေပြီး အာရုံကြောစနစ်တွေကို သက်တောင့်သက်သာရှိစေပါတယ်။ အဲ့ဒီအပြင် အစာအိမ်နဲ့အစာခြေစနစ်နဲ့ပတ်သက်တာတွေကို သက်သာစေပါတယ်။

သစ်ချသီး

သစ်ချသီးမှာ Fatty အက်ဆစ်ပါဝင်ပြီး အဲ့ဒီ အက်ဆစ်က Serotonin ဓာတ်ကိုထုတ်ပေးပါတယ်။ အဲ့ဒီဓာတ်က စိတ်လှုပ်ရှားမှုနဲ့စိတ်ဓာတ်ကျဆင်းမှုကို လျော့ချပေးပါတယ်။ အဲ့ဒီအပြင် ဗီတာမင် B ဓာတ်တွေလည်းပါဝင်တာကြောင့် အာရုံကြောစနစ်ကို သက်တောင့်သက်သာဖြစ်စေပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီးမှာ ကာဗွန်ဟိုက်ဒရိတ်ပါဝင်ပြီး အားအင်တွေကို တိုးမြှင့်ပေးပါတယ်။ ပိုတက်ဆီယမ်၊ ဗီတာမင် B တို့လည်း ကြွယ်ဝစွာပါဝင်တာကြောင့် အာရုံကြောစနစ်ကို အားကောင်းစေပါတယ်။

သံပရာသီး

သံပရာသီးက စိတ်ခံစားချက်တွေကို သဘာဝအတိုင်း မြှင့်တင်ပေးပြီး အာဟာရဓာတ်တွေလည်း အများကြီး ဖြည့်တင်းပေးနိုင်ပါတယ်။

ထောပတ်သီး

ထောပတ်သီးက ဗီတာမင်၊ သတ္တုဓာတ် နဲ့အက်ဆစ်ဓာတ်တွေကို ဖြည့်တင်းပေးနိုင်ပြီး ပရိုတင်း၊ အဆီနဲ့အမျှင်ဓာတ်တွေပါဝင်တာကြောင့် စိတ်ကိုတည်ငြိမ်အေးချမ်းစေပါတယ်။

 

spot_img
spot_img
spot_img

Recent posts