spot_imgspot_imgspot_imgspot_img
Friday, January 17, 2025
spot_imgspot_imgspot_imgspot_img

နေအိမ်တစ်လုံး မီးလောင်ရာမှ အမျိုးသမီးတစ်ဦးသေဆုံးမှု လွိုင်ကော်တွင်ဖြစ်ပွား

Author

Date

Category

ထျိုးမြာ

နေအိမ်တစ်လုံးမီးလောင်ရာမှ အသက် ၅၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးမှု လွိုင်ကော်မြို့နယ်၊ နာနတ်တောရပ်ကွက် ပန်းသိရိဒေါရပ်ကွက်တွင် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ (၁၄) ည ၁ဝ နာရီ အချိန်ခန့်တွင် နေအိမ်တစ်လုံးမီးလောင်နေကြောင်း သတင်းအရ လွိုင်ကော်မြို့မ စခန်းမှူးဦးစီးသောအဖွဲ့နှင့် လွိုင်ကော်ခရိုင် မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး၊ မီးသတ်ကား နှစ်စီးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က သွားရောက်ငြိမ်းသတ်ခဲ့သည်။

သေဆုံးသွားသူမှာ အိမ်ပိုင်ရှင် ဒေါ်အေးဒေ၏ အိမ်ကို ငှားရမ်းနေထိုင်သော ဒေါ်ဝင်းဖြစ်သည်။

ဆယ်ပေပတ်လည် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ်အမျိုးအစားဖြစ်သော ယင်းနေအိမ်မီးလောင်မှု၏ ဆုံးရှုံးတန်ဖိုးမှာ ငါးသောင်းကျပ်ခန့်ရှိကြောင်းသိရသည်။

၎င်းအမျိုးသမီးအလောင်းကို လွိုင်ကော်ပြည်သူ့ဆေးရုံကြီးသို့ ဆေးစာရေးသားပေးပို့ထားရှိပြီး လွိုင်ကော်မြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၂၈၅ /၃၀၄-က ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ-IPRD Loikaw

spot_img
spot_img
spot_img

Recent posts