spot_imgspot_imgspot_imgspot_img
Wednesday, February 19, 2025
spot_imgspot_imgspot_imgspot_img

မော်ချီးတွင် Telenor တာဝါတိုင်ထောင်ရန် KNPP နှင့်ညှိနှိုင်းမည်

Author

Date

Category

စိုင်းလင်းလင်းဦး

မော်ချီးဒေသတွင် တယ်လီနောဆက်သွယ်ရေးတာဝါတိုင် စိုက်ထူနိုင်ရန် အတွက် တယ်လီနောဘက်မှတာဝန်ရှိသူများက ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နှင့် ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်သွားရန် စီစဉ်လျက်ရှိသည်။ ယခင်လများက မော်ချီးဒေသ၌ KNPP ထိန်းချုပ်နယ်မြေရှိ နေရာအချို့တွင် ဆက်သွယ်ရေးတာဝါတိုင်များ လာရောက်စိုက်ထူရန်အတွက် စတင်လုပ် ဆောင်ခဲ့သော်လည်း KNPP မှ ၎င်းအတွက် အခွန်ကောက်ခံခြင်းကြောင့် ဆက်လက်လုပ်ဆောင်ရန် ကြန့်ကြာနေခဲ့ခြင်းဖြစ်သည်။

“အခွန်က မူပေါ်လစီရှိတယ် ပြောတာပေါ့နော်။ ပွင့်ပွင့်လင်းလင်းပြောတယ်။ ခင်ဗျားတို့ပေးရမယ်။ သူတို့ကိုပြောတော့ သူတို့က ပေးဖို့ခက်တယ် ရှိတယ်ပေါ့နော့။” ဟု KNPP ဆက်ဆံရေးတာဝန်ခံ(လွိုင်ကော်) ဆက်ဆံရေးတာဝန်ခံ ခူညေးရယ်က ပြောသည်။

ဆက်သွယ်ရေးလိုအပ်ချက်ရှိနေသော ဖါးဆောင်းမြို့နယ် မော်ချီးဒေသတွင် ဆက်သွယ်ရေးဖုန်းတာဝါတိုင် ဆောက်လုပ်ရန်အတွက် တယ်လီနောဆက်သွယ်ရေးကုမ္ပဏီမှ လက်နက်ကိုင် အဖွဲ့အစည်းနှင့် ညှိနှိုင်းနေရပြီး သဘောတူညီမှုများရရှိပါက ဆက်လက်အကောင်အထည်ဖေါ်သွားမည်ဖြစ်ကြောင်း သိရသည်။

“တာဝါတိုင်ဆောက်လုပ်ဖို့ရာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဆက်လက်ညှိနှိုင်းနေဆဲ ဖြစ်ပြီး လုပ်ငန်း ရပ်ဆိုင်းထားခြင်းမရှိသေးပါဘူး။ ညှိနှိုင်းဆွေးနွေးမှုတွေ အဆင်ပြေတယ်ဆိုရင် ဆက်လက် အကောင်အထည်ဖော်သွားမှာပါ။” ဟု တယ်လီနော  မြန်မာ ဆက်သွယ်ရေးကုမ္ပဏီ၏ ဆက်သွယ်ရေးအရာရှိ အဲလစ်ညီညီအောင်က ကန္တာရဝတီတိုင်း(မ်) သို့ပြောသည်။

ဇူလိုင်လ ၅ ရက်နေ့က လွှတ်တော်ကိုယ်စားလှယ်နှင့် မော်ချီးဒေသခံများ တွေ့ဆုံပွဲတွင် ဒေသခံများက ဆက်သွယ်မှုလွယ် ကူ စေရန်အတွက် မိုဘိုင်းဖုန်းများ အသုံပြုနိုင်ရန် တင်ပြတောင်းဆိုခဲ့ကြခြင်းဖြစ်သည်။ကန့်သတ်နယ်မြေအတွင်း စိုက်ထူမည့် တာဝါတိုင်နေရာအတွက် လူထုနှင့် ယင်းဒေသအခြေစိုက် KNPP လက်အောက်ရှိ နယ်မြေတပ်ဖွဲ့များမှ သဘောတူ ဆန္ဒရှိပါက ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ခူညေးရယ်က ပြောသည်။

ဒေသခံများသည် လက်ရှိတွင်ဆက်သွယ်ရေးကို တန်ဖိုးငွေ ကျပ် ၁၈သိန်း ပေးဝယ်ရသည့် SKY NET အင်တာနက်လိုင်းနှင့်  ချိတ်ထားသော ဖုန်းကိုဝယ်ယူတပ်ဆင်ထားသူများမှတစ်ဆင့် အသုံးပြုနေရသည်။

spot_img
spot_img
spot_img

Recent posts