spot_imgspot_imgspot_imgspot_img
Wednesday, July 16, 2025
spot_imgspot_imgspot_imgspot_img

ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွင် ဝန်ထမ်းများ ခေါ်ယူနေ

Author

Date

Category

စိုင်းလင်းလင်းဦး


ကယားပြည်အတွင်းရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်တွင် ခန့်အပ် တာဝန်ထမ်းဆောင်မည့် ဥက္ကဌနှင့် အဖွဲ့ဝင်များ(အများယုံကြည်လေးစားခံရသောပုဂိ္ဂုလ်များ)ကို ခေါ်ယူလျက်ရှိကြောင်း ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ရွေးကောက်ပွဲအရာရှိ ဦးကျော်ဆန်းဝင်းက ပြောသည်။


“ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် သူနေရာနဲ့သူအလိုက် ဥက္ကဌတစ်ဦးနဲ့ အဖွဲ့ဝင်နှစ်ဦး စုစုပေါင်းသုံးဦးကို ခန့်အပ်မှာပါ။ “ဟု      ဦးကျော်ဆန်းဝင်းက ဇူလိုင်လ ၂၆ ရက်နေ့က ကန္တာရဝတီတိုင်း(မ်)ကိုပြောသည်။


တာဝန်ခန့်အပ်ရန် ဝန်ထမ်းလျှောက်လွှာများအား ၂၀၁၆ခုနှစ် ဩဂုတ်(၈)ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပြီ            ဖြစ်ကြောင်း သိရသည်။

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ကော်မရှင်အဖွဲ့ခွဲမှ ဝန်ထမ်းများမှာ လစာမဲ့ တာဝန် ထမ်းဆောင်ခဲ့ကြခြင်း ၊ အစိုးရသစ် လက်ထက်တွင် ကျင်းပမည့် ရွေးကောက်ပွဲများ အတွက် ကော်မရှင်များအား လစာနှုန်းထားများ အဆင့်ဆင့်သတ်မှတ်ပေးပြီး ဝန်ထမ်းများအဖြစ် ရွေးချယ်ခန့်အပ်သွားနိုင်ရန် တင်ပြထားသည်ဟု သိရသည်။

ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်လိုသူများအနေဖြင့် ဆန္ဒပြုလွှာများ(လျှောက်လွှာ)ကို သက်ဆိုင်ရာ ပြည်နယ်/ခရိုင်/မြို့နယ်၊ကော်မရှင်ရုံးများတွင် ထုတ်ယူနိုင်ပြီး ၂၀၁၆ ခုနှစ် ဩဂုတ်လ(၈)ရက်နေ့ နောက်ဆုံးထားကာ         လျှောက်ထားနိုင်ကြောင်း နှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ ပေးပို့လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

spot_img

Recent posts