spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဝေးရပ်မြေမှာ ကိုယ်တတ်တဲ့ပညာနဲ့အသက်မွေးဝမ်းကြောင်းပြုကြသူများ

Author

Date

Category

ဦးမြာ

တောင်ကြီးရောက်တုန်းခိုက် အဲဒီမှာဆုံခဲ့တဲ့ ကယားပြည်နယ်ဖွားတိုင်းရင်းသားတချို့တွေနဲ့ တွေ့လို့ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို စိတ်ဝင်စားမိသွားခဲ့ပါတယ်။

သူတို့တွေက အင်္ဂလိပ်ဘာသာစကားသင်ကြားပေးနေတဲ့ ကယန်းတုိုင်းရင်းသား ခွန်းအိုင်းဂျွန်နဲ့ ခွန်းလောရင်းစ်တို့ပဲဖြစ်ပါတယ်။

ခွန်းလောရင်းစ်

ခွန်းလောရင်းစ်က အရှေ့မြို့ပတ်လမ်း၊ မင်္ဂလာဦးရပ်ကွက်၊ တောင်ကြီးမြို့ရှမ်းပြည်နယ်မှာ အင်္ဂလိပ်ဘာသာစကား သင်ကြားပေးနေရင်း တစ်ဖက်တစ်လမ်း အသက်မွေးဝမ်းကြောင်းပြုနေတယ်လို့ဆိုပါတယ်။

ခွန်းလောရင်းစ် “ကျွန်တော်ပိုက်ဆံကိုမရ/ရတဲ့နည်းနဲ့ရှာပြီးတော့စုမှာပေါ့နော။ ပြီးတော့ဒီထက်ကြီးတဲ့သင်တန်းလည်းဖွင့်ချင်သေးတယ်။ဘာဖြစ်လို့လဲဆိုသူများကိုပြိုင်ဖို့မဟုတ်ဘူး။ကျွန်တော်တတ်နို်င်တဲ့အပိုင်းကနေသူများကိုပံ့ပိုးနိုင်အောင်ပေါ့။ ” လို့ပြောပါတယ်။

ခွန်းလောရင်းစ်လိုပဲကယန်းတိုင်းရင်းသားခွန်းအိုင်းဂျွန်တစ်ယောက်လည်းကိုယ်ထူကိုယ်ထအင်္ဂလိပ်စာသင်တန်းလေးဖွင့်လှစ်သင်ကြားပေးနေတာဖြစ်ပါတယ်။

ခွန်းအိုင်းဂျွန် ” နံပါတ်တစ်အချက်ကတော့လောလောဆယ်ကျွန်တော့်မှာကိုယ်ပိုင်အိမ်မရှိဘူး။ ဆိုတော့အိမ်ငှါးရတယ်လေ။ အိမ်ငှါးစရိတ်ကလည်းတော်တော်လေးထောင်းတယ်။ ဘာလို့လဲဆိုကျွန်တော်ကတော့သင်တန်းအကြီးမဟုတ်ပါဘူး။ “လို့ပြောပါတယ်။

သူကတော့၂၀၀၈ခုနှစ်မှာတောင်ကြီးကိုရောက်လာပြီးအင်္ဂလိပ်စာကိုစတင်သင်ယူလေ့လာခဲ့တာပါ။၂၀၁၂ခုနှစ်မှနိုင်ငံခြားပညာသင်ဆုကိုရရှိခဲ့ပြီး၂၀၁၅ခုနှစ်မှာတောင်ကြီးကိုပြန်လာပြီးအင်္ဂလိပ်စာသင်ယူလိုတဲ့ဘယ်လူတန်းစားကိုမဆိုပြန်လည်သင်ကြားပေးနေတာဖြစ်ပါတယ်။

သူကလွိုင်ကော်မြို့မှာ institute တစ်ခုုထူထောင်ဖိုု့ ရည်မှန်းထားတယ်လိုု့ ပြောပါတယ်။

သူတို့နှစ်ဦးဟာကယားပြည်နယ်မှာမွေးဖွားခဲ့သူတွေဖြစ်ပေမဲ့နယ်ခြားတွေမှာပဲအခြေချပြီးမိမိတတ်တဲ့ပညာနဲ့ကြိုးစားရုန်းကန်နေကြသူတွေဖြစ်ပါတယ်။

ဒါ့အပြင်အင်္ဂလိပ်စာစိတ်ဝင်စားတဲ့လူတန်းစားအားလုံးကိုကုသိုလ်ပြုရင်းနဲ့ပဲအသက်မွေးဝမ်းကျောင်းတစ်စိတ်တစ်ပိုင်းလုပ်ဆောင်နေတာဖြစ်ပါတယ်။

ကယားပြည်နယ်ဟာတခြားသောပြည်နယ်ထက်ဖွံ့ဖြိုးမှု နောက်ကျနေသေးတဲ့ပြည်နယ်လေးဖြစ်ပါတယ်။

ဒါ့အပြင်ကျေးလက်နေမိဘတွေဟာလည်းပညာရေးကိုဦးစားပေးမှုတွေနည်းပါးနေဆဲပါ။ဘာကြောင့်လဲဆိုတော့မိသားစုစားဝတ်နေရေးအတွက်သာဦးစားပေးပြီးရုန်းကန်လှုပ်ရှားနေကြရတာကြောင့်လို့အများကသုံးသပ်ပြောဆိုထားကြပါတယ်။

ဒီလိုပညာရေးဖွံ့ဖြိုးမှု နည်းပါးနေသေးတဲ့ကယားပြည်နယ်မှာအင်္ဂလိပ်စာသင်ကြားနိုင်ဖို့ခွန်းအိုင်းဂျွန်ကတော့ရည်မှန်းချက်ကိုအကောင်အထည်ဖော်နိုင်အောင်အစွမ်းကုန်ကြိုးစားသွားမယ်လို့ဆိုပါတယ်။

ခွန်းအိုင်းဂျွန် ” ကျွန်တော့်ရဲ့ပထမရည်မှန်းချက်ကိုပြောရမယ်ဆိုရင်ကျွန်တော်ပြောထားတဲ့ Academic and vocational ဆိုတဲ့ institute တစ်ခုရအောင်ကျွန်တော်လုပ်ပါမယ်။အဲ့တော့ဘယ်မှာထောင်မလဲလို့ပြောရင်ကျွန်တော်လွိုင်ကော်မှာပြန်ပြီးတော့ကြိုးစားပါမယ်။” လို့ပြောပါတယ်။

ခွန်းလောရင်းစ်နဲ့ခွန်းအိုင်းဂျွန်တို့နှစ်ဦးဟာနယ်ခြားမှာပညာသင်ပြီးကြိီးပြင်းခဲ့ကြရပေမဲ့မိမိတို့မွေးရပ်ဇာတိကလူငယ်လေးတွေ၊ကလေးငယ်လေးတွေကိုပညာကိုဆုံးခန်းတိုင်အောင်သင်ယူစေချင်သလိုနေ့တဒူဝအသုံးပြုလာကြတဲ့အင်္ဂလိပ်စာကိုလည်းစိတ်ဝင်တစားသင်ယူစေချင်တဲ့ဆန္ဒလေးရှိနေကြပါတယ်။

ဒါ့အပြင်သူတို့နှစ်ဦးရဲ့အိပ်မက်ကတော့တစ်ချိန်ချိန်မှာမိမိတို့မွေးရပ်မြေမှာအင်္ဂလိပ်စာပြန်လည်သင်ကြားနိုင်အောင်ကြိုးစားသွားခြင်းပဲဖြစ်ပါတယ်။

spot_img
spot_img

Recent posts