spot_imgspot_imgspot_imgspot_img
Tuesday, January 14, 2025
spot_imgspot_imgspot_imgspot_img

အောက်ခြေပြည်သူလူထုတွေရဲ့ အသံကိုလည်း နားထောင်ပေးပါ

Author

Date

Category

ဇန်နဝါရီလ ကယားပြည်နယ်နေ့ပွဲတော်အတွင်းမှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့် ကယားပြည်နယ်ကို လာရောက်ခဲ့စဉ်က လူထုအသံကို နားထောင်သွားသင့်ပါတယ်။ 

နိုင်ငံတော်သမ္မတဦးဝင်းမြင့်ရဲ့ ကယားပြည်နယ်ကို လာရောက်တဲ့ခရီးစဉ်မှာ ပြည်သူလူထုအခက်အခဲတွေ တင်ပြခွင့်မရခဲ့တဲ့အတွက် တစ်ချို့မှာတော့ စာလက်ခံဌာနကိုပဲ ပေးအပ်ခဲ့လိုက်ရပါတယ်။ 

အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရာစီရင်ရေးမဏ္ဍိုင် သုံးရပ်မှ အကြီးအကဲများနဲ့တွေ့ဆုံပြီး ဝန်ကြီးချုပ်၊ လွှတ်တော် ဥက္ကဌ ၊ တရားသူကြီးချုပ်တို့ကပဲ  ၎င်းတို့ရဲ့လုပ်ငန်း လိုအပ်ချက်များကိုသာ တင်ပြခွင့်ရခဲ့ကြပါတယ်။ 

သမ္မတခရီးစဉ်မှာတော့ ကယားပြည်နယ်နေ့အခမ်းအနားမှာ မိန့်ခွန်းပြောကြားတာတွေ ညစာတည်ခင်းတာတွေ ပြည်နယ်ရဲ့ အထင်ကရဖြစ်တဲ့ ဒီးမောဆိုမြို့နယ်၊ ပန်ပက်ကျေးရွာရှိ တိုင်းရင်းသား ရိုးရာ အရောင်းဆိုင်၊ ငွေတောင်ဆည်၊ လောပိတရေအားလျှပ်စစ်စက်ရုံ၊ လွိုင်ကော်မြို့ရှိ သီရိမင်္ဂလာ တောင်ကွဲစေတီနှင့် သမိုင်းဝင် မြို့နာမ်စေတီ စတဲ့ခရီးစဉ်တွေနဲ့ အချိန်ကုန်လွန်ခဲ့ရပါတယ်။ 

သမ္မတမလာခင် လွှတ်တော်ကိုယ်စားလှယ်တွေထဲက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူနဲ့ အရပ်ဖက်အဖွဲ့အစည်းတစ်ချို့ တိုင်းရင်းသားအရေးနဲ့ပတ်သက်တဲ့ မူပေါ်လစီတစ်ချို့ကို အလွတ်သဘော ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။ 

အဓိကတော့ သမ္မတခရီးစဉ်အတွင်းမှာ လူထုအစား လွှတ်တော်ကိုယ်စားလှယ်က တင်ပြဆွေးနွေးနိုင်ဖို့ဖြစ်ပါတယ်။ ဒီအလွတ်သဘောဆွေးနွေးချက်မှာဆိုရင် မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေနဲ့ပတ်သက်ပြီး တိုင်းရင်းသား အတွက် ကြုံတွေ့လာနိုင်တဲ့ အခက်အခဲတွေ အများဆုံးဖြစ်ပါတယ်။ ဒါတွေကို တင်ပြနိုင်ဖို့ စီစဉ်ထားခဲ့ကြပါတယ်။

လက်ရှိမြေလွတ်မြေလပ်မြေရိုင်းဥပဒေကို လူထုတွေ သိထိုက်သိသင့်တယ်ဆိုလို့ အရပ်ဖက်အဖွဲ့အစည်းတစ်ချို့တွေကတော့ လူထုတွေကို အသိပေးချပြပေးတာတွေတော့ လုပ်နေတာရှိပါတယ်။ ဒီဥပဒေဟာ မတ်လ ၁၁ ရက်နေ့ကျရင် အသက်ဝင်တော့မှာ ဆိုတော့ အရေးတကြီးဆောင်ရွက်ဖို့လိုပါတယ်။ 

ဥပဒေထဲမှာ လူထုမသိသေးတဲ့ ကျူးကျော်အဖြစ် ထောင်ကျသွားနိုင်တဲ့ အခြေအနေရှိနေတာတွေ အများကြီးရှိနေပါတယ်။ ဒီလိုထုတ်ပြန်ထားတာတွေ ဘယ်ဌာနဆိုင်ရာမှလည်းမချပြပေးဘူး၊ လွှတ်တော်ကိုယ်စားလှယ်တွေလည်း မချပြပေးပါဘူး။ 

မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေဟာ တိုင်းရင်းသားအတွက် ဘယ်လိုတွေနစ်နာလဲဆိုတာတွေကို ဥပဒေကြမ်းအတည်မပြုခင်ကတည်းက တစ်နိုင်ငံလုံးရှိအရပ်ဖက်အဖွဲ့အစည်းတွေက တပြိုင်နက် ပြည်ထောင်စုအစိုးရကို  စာပေပို့ထားပြီးဖြစ်ပေမယ့်လို့ အစိုးရကော၊ လွှတ်တော်ကော စာလက်ခံမရခဲ့တာလား၊ နားမထောင်တာလားဆိုတာတော့မသိရပါဘူး။ 

ဒါတွေကို သမ္မတကနေ အမှန်တကယ်သိရှိပြီး ပြည်သူလူထုကို ပြန်လည်ချပြတာမျိုးတွေလုပ်ပေးသင့်ပါတယ်။ အရေးပေါ်သုံးသပ်ပေးဖို့ အမြန်ဆုံးလုပ်ပေးသင့်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။

spot_img
spot_img
spot_img

Recent posts