spot_imgspot_imgspot_imgspot_img
Wednesday, February 19, 2025
spot_imgspot_imgspot_imgspot_img

ပြောင်းစိုက်တောင်သူများ ကြုံရသော ပိုးကျမှုပြဿနာ

Author

Date

Category

မော်မီမြာ

ယခုနှစ် ဒီးမော့ဆိုမြို့နယ်ရှိ ပြောင်းစိုက်တောင်သူများ၏ စိုက်ခင်းတွင်းရှိပိုးများကို ဆေးနှင့်ဖြန်းခြင်းမှာ မသေချာသည့်အတွက် လက်နှင့်လိုက်လံကောက်နေကြကြောင်း တောင်သူများထံမှ သိရသည်။

″ဒီနှစ်ပြောင်းခင်းမှာ ပိုးကျတဲ့အတွက်ကြောင့် ပိုးသတ်ဆေး နှစ်ကြိမ်ဖျန်းတယ်။ ဒါတောင်မှ သိပ်မထိရောက်သေးလို့ ပိုးကိုလက်နဲ့ ပြန်ဖမ်းတယ်ပေါ့နော်။″ ဟုပြောင်းစိုက်သူဦးငါးရယ်က ပြောသည်။

ပထမအကြိမ် ပြောင်းဖူးပင်၃ပတ်အရွယ်တွင် ပိုးသတ်ဆေးမှုန့်တစ်ကြိမ်၊ ၅ပတ်အရွယ်တွင် ဆိုင်ကလုန်း ပိုးသတ်ဆေးမှုန့်တစ်ကြိမ် ဖြန်းပြီး ပိုးကောင်သေမသေ မသေချာသောကြောင့် လက်နှင့်ထပ်မံ လိုက်ကောက်နေကြောင်း သိရသည်။

ယခင်နှစ်တွေမှာ ပြောင်းခင်းပိုးကျမှု မကြုံရဘဲ ယခုနှစ်တွင်သာ ငမြှောင်တောင်ပိုးအပါအဝင် အခြားအပင်စားပိုးများပါ ကျရောက်နေကြောင်း သိရသည်။ ထို့ကြောင့် ယခုနှစ်ပြောင်းအထွက်နှုန်း ယခင်နှစ်ထက် ကျဆင်းသွားမည်ကို ပြောင်းစိုက်တောင်သူများက စိုးရိမ်နေကြသည်။

̏ ဒီနှစ်ပြောင်းကော၊ စပါးကောပိုးအရမ်းကျတော့ ပိုးသတ်ဆေးတွေ လိုက်ရှာဝယ်နေတဲ့သူတွေ များတယ်˝ ဟု ဒီးမော့ဆိုမြို့ရှိ ပိုးသတ်ဆေးအရောင်းဆိုင်တစ်ဆိုင်မှ သိရသည်။

ကယားပြည်နယ်တွင် ပြောင်းဖူးကို မိုးဦးကျချိန်မှာစိုက်ပျိုးလေ့ရှိပြီး လေးလခန့်အကြာတွင် ပြန်လည်သိမ်းဆည်းကြသည်။ ပြောင်းမျိုးကို ဒေသရင်းမျိုးစေ့ကို မစိုက်ပျိုးကြတော့ဘဲ စိုက်ပျိုးရေးဆိုင်ရှိ စီပီပြောင်းမျိုးစေ့များကို ဝယ်ယူစိုက်ပျိုးကြသည်။

ပြောင်းခင်းတစ်ဧကတွင် ပြောင်းဖူးမျိုးစေ့တစ်ထုပ် စိုက်ပျိုးကြသည်။ ဒီးမော့ဆိုမြို့တွင် စပါးကိုအဓိကထား စိုက်ပျိုးကြပြီး ပြောင်းဖူးကို စီးပွားဖြစ်၊ အခြားဝင်ငွေရရန်အတွက် စိုက်ပျိုးကြသည်။

ပြောင်းခင်းများကို လိုက်လံဖျက်ဆီးနေသည့် ပိုးများသည် တောင်အမေရိကမှနေ၍ အာဖရိကသို့ ၂၀၁၆ခုနှစ်တွင် ရောက်ရှိခဲ့သည်။ ၂၀၁၈တွင် အိနိ္ဒယနိုင်ငံနှင့် မြန်မာနိုင်ငံ၏ အချို့နေရာတို့တွင် ရောက်ရှိခဲ့ပြီး ကယားပြည်နယ်တွင်မူ ၂၀၁၉ခုနှစ်မှ ရောက်ရှိလာကာ စပါး၊ ပြောင်းနှင့် နှံစားပြောင်းတို့ကို လိုက်လံစားသောက် ဖျက်ဆီးခဲ့ကြသည်။

spot_img
spot_img
spot_img

Recent posts