spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မြေလွတ်မြေလပ်မြေရိုင်းလုပ်ပိုင်ခွင့် လျှောက်ထားသည့် သူများပြန်ရုတ်သိမ်းရန်ရှိ

Author

Date

Category

နော်ဒွေးအယ်ခူ

ဖရူဆိုမြို့နယ်အတွင်း တောင်သူများ၏ မြေယာတွင် မြေလွတ်မြေလပ်နှင့် မြေရိုင်း လုပ်ပိုင်ခွင့်လျှောက်ထားသည့်ကိစ္စ ကန့်ကွက်မှုများရှိနေသည့်အတွက် လျှောက်ထားသူများ ပြန်လည်စွန့်လွတ်ရန် ရှိသည်ဟု စိုက်ပျိုးရေး၊မွေးမြူုရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကိုက ပြောပါသည်။

မြေလွတ်မြေလပ်မြေရိုင်းလျှောက်ထားသည့်ကိစ္စတွင် ပြန်လည်ရုတ်သိမ်းပေးမည့်ကိစ္စတွင် မည်သူမည်ဝါ အသိအကျ မပြောနိုင်သေးကြောင်း ၊ ၃ ဦးစလုံးကို ပြန်စွန့်လွတ်ထားခိုင်းကြောင်း ဇွန်လ ၂၈ ရက်နေ့တွင် ကန္တာရဝတီတိုင်း(မ်)သို့ ဝန်ကြီးက ပြောပါသည်။

“၃ယောက်စလုံး စာထွက်လာလိမ့်မယ်။ ၃ယောက် စလုံးကို ကျတော်တို့ ပြန်ရုတ်သိမ်းခိုင်းလိုက်တော့ သူတို့ဆန္ဒနဲ့သူတို့ ရုတ်သိမ်းလိုက်ပြီ။ မကြာခင် တစ်ရက် နှစ်ရက်ကျရင် သက်ဆိုင်ရာဌာနက စာထွက်လာလိမ့်မယ်။”ဟု  ပြောပါသည်။

၎င်းကိစ္စနှင့်ပတ်သက်ပြီး ဇွန်လ၂၅ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ၁၄ ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပထမနေ့)တွင် မြေလွတ်မြေလပ်နှင့်မြေရိုင်း လုပ်ကိုင်ခွင့်နှင့် စပ်လျဉ်းပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ် သိရှိလိုခြင်း မေးခွန်းဖြင့် မေးမြန်းခဲ့သေးသည်။

ထိုသို့မေးမြန်းပြီးနောက် ဝန်ကြီးက ဖရူဆိုမြို့နယ်တွင် မြေလွတ်မြေလပ်လျှောက်ထားသူ ၃ ဦး ရှိနေပြီး ပြည်သူလူထုပေးပို့လားသော ကန့်ကွက်စာကြောင့် လျှောက်ထားမှု ပြန်လည် ရုတ်သိမ်းပေးပြီး ၁ ဦးကို စီစစ်ဆဲဖြစ်ကြောင်း ပြ ပြန်လည်ဖြေကြားခဲ့ပါသည်။

၎င်းက “ဖရူဆိုမြို့နယ် မြေလွတ်မြေလပ်လျှောက်တဲ့ ၃ ဦးထဲမှာ ၂ဦးက ပြန်လည်ကွင်းဆင်းပါဆိုလို့ ပြောလာတယ်။ ပြည်သူလူထုက ကန့်ကွက်စာတင်လို့ ကျတော်တို့ ပြန်ကွင်းဆင်းတဲ့နေရာမှာ ဒီ၂ယောက်တော့ လောလောဆယ်တော့ကွင်းဆင်းပြီးပါပြီ။ သူတို့ကလည်း ပြန်ရုတ်သိမ်းပေးပါမယ်ဆိုတဲ့အနေအထား။ ကျတော်တို့ကလည်း တရားဝင်စာနဲ့တင်ပေးပါ။ ကျတော်တို့က ဒါမှ ပြည်သူလူထုကို ပြန်ချပြရမယ်ပေါ့။ တစ်ဦးတော့ ကျန်သေးတယ် ကျတော်တို့ စီစစ်ဆဲပါ” ဟု  ပြန်လည်ဖြေကြားခဲ့သည်။

ဒေသခံများစိုးရိမ်စရာကိစ္စဖြစ်သည့်အတွက် လွှတ်တော်တွင်မေးခွန်းမေးမြန်းရာ သက်ဆိုင်သည့် ဝန်ကြီးဌာနမှ ပြန်လည်ဖြေကြားရာတွင် အားရကျေနပ်မှုမရှိကြောင်း ဦးသဲရယ်က ပြောသည်။

ဦးသဲရယ်က “မြေလွတ်မြေလပ်မြေရိုင်းနဲ့ ပတ်သက်ပြီး လုပ်ကိုင်ခွင့် ရရှိဖို့အတွက် လာလျှောက်တဲ့ ပုဂ္ဂိုလ်များ ထပ်ပြီး ပေါ်လာအုံးမယ်ဆိုရင်တော့ ပြည်နယ်အစိုးရအနေနဲ့ ဒါကို သတိထားစေချင်တယ်။ ကျတော်အနေနဲ့ အဲလိုပုံစံမျိုးနဲ့ မေးခွန်းမေးတာပါ။ ဒါပေမယ့် ဖြေသွားတဲ့အပေါ်မှာ ကျတော်တစ်ယောက်အနေနဲ့ဆိုရင် အားရကျေနပ်လောက်တဲ့ အဖြေမျိုးမဟုတ်ဘူးပေါ့။ ကျတော်မေးတာနဲ့ ဖြေသွားတာ တော်တော်လွှဲနေတယ်” ဟု ဆိုသည်။

လွှတ်တော်ကိုယ်စားလှယ်မေးမြန်းသွားသည့် မေးခွန်းအပေါ် စိုက်ပျိုးရေး၊မွေးမြူုရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကိုမှ မြေလွတ်မြေလပ်နှင့်မြေရိုင်း လျှောက်ရမည့် ပုံစံကိုသာ ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

မြေလွတ်မြေလပ်နှင့်မြေရိုင်း လျှောက်ထားမှုနှင့်ပတ်သက်ပြီး လျှောက်ထားမှုအပေါ် ခွင့်ပြုသင့်/မသင့်သည် ပြည်နယ်အစိုးရအပေါ်တွင် မူတည်နေသည့်အတွက် လာသမျှလျှောက်ထားမှုကို လက်ခံမည်ဆိုပါက ဒေသခံအတွက် အများကြီး နစ်နာသလို ဘိုးဘွားပိုင်အဖြစ် လုပ်ကိုင်လာခဲ့သော နေရာအများစုလည်း အမည်စာရင်းမပေါက်လျှင် မြေလွတ်မြေလပ်နှင့်မြေရိုင်းဟု ဥပဒေက သတ်မှတ်ထားသည့်အတွက် ဒေသခံအတွက် နစ်နာမှု ဖြစ်စေကြောင်း ဦးသဲရယ်က ဖြည့်စွက်ပြောခဲ့သည်။

ကန္တာရဝတီတိုင်း(မ်)မှ သိရှိထားသည့် မြေလွတ်မြေလပ်မြေရိုင်းလုပ်ပိုင်ခွင့် လျှောက်ထားသူ ၄ ဦးရှိကြောင်း ၎င်းတို့မှာ ဖရူဆိုမြို့နယ်၊ ရာဧပရားကျေးရွာအုပ်စု၊ ခိုးဘာကျေးရွာအနီးတွင် ဦးမြင့်မောင်မောင်က ဧက ၂၀၀၊ ဦးမျိုးသန့်နိုင်က ဧက ၅၆.၅၆ဧက ၊ မိုဆိုကျေးရွာအုပ်စု၊ မိုသီဒိုကျေးရွာအနီးတွင် ဗိုလ်မှူးကြီးမိုးဟိန်းက ဧက ၅၁.၂၆ဧကနှင့် မြို့မကျေးရွာအုပ်စု လောဂျာကျေးရွာအနီးတွင် ဒေါ်ခင်မိုးနှင်းက ဧက ၈.၅ဝဧက တို့ဖြစ်ကြသည်ဟုသိရသည်။

spot_img
spot_img

Recent posts