spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မြေလွတ်မြေလပ်နှင့် မြေရိုင်းဥပဒေ ဖျက်သိမ်းပေးရန် ပြည်နယ်၆ခု ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်

Author

Date

Category

မူဂျာမီလှိုင်

မြန်မာနိုင်ငံရှိ တိုင်းရင်းသားဒေသများတွင် မြေလွတ်မြေလပ်မြေရိုင်းများ လုံးဝမရှိသည့်အတွက် လက်ရှိမြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ဖျက်သိမ်းပေးရန်နှင့် ၂၀၁၈ခုနှစ် အောက်တိုဘာလ (၃၀) ရက်နေ မြေလွတ်မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ စာအမှတ် ၁၂/မလရ (၃၇၀/၂၀၁၈) အရထုတ်ပြန်သော အသိပေးအေကြာင်းကြားစာသည် တိုင်းရင်းသားဒေသရှိ မြေယာများကို တရားဝင်သိမ်းပိုက်ရန် လုပ်ဆောင်နေခြင်းဖြစ်သည့်အတွက် ပြင်းထန်စွာ ရှုတ်ချပါကြောင်း ဖယ်ဒရယ်တိ်ုင်းရင်းသား တောင်သူလယ်သမားများကွန်ယက်မှ သဘောထားထုတ်ပြန်ခဲ့သည်။

̏ မြေမသိမ်းတဲ့နေရာဆိုတာ သိပ်ပြီးတော့ မရှိဘူးလေ တိုင်းရင်းသားအသီးသီးက လူထုဟောပြောပွဲတွေလုပ်မှာပေါ့။ အစိုးရတွေ ပါတီတွေကိုလည်းဖိအားပေးမယ်ပေါ့နော်၊ တက်ကြွလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေကို ဖမ်းဆီးတယ် အရေးယူတယ်ဆိုတာ ကျွန်မတို့မြန်မာနိုင်ငံထဲမှာ တစ်ခုဘဲရှိတာ˝ ဟု ဒေါ်မိုးသူဇာဦးကပြောသည်။

အစိုးရက ထုတ်ထားတဲ့ဟာကို တိုင်းရင်းတစ်မျိ းတည်း မဟုတ်ဘဲ တိုင်းရင်းသားအကုန်လုံးက  လုံးဝလက်မခံဒါကို အစိုးကိုသိစေချင်သောေကြာင့် ထုတ်ပြန်ရခြင်းဖြစ်သည်။

အစိုးရမှ ထုတ်ပြန်ထားသည်မှာ တိုင်းရင်းသားတစ်မျိုးတည်း မဟုတ်ဘဲ တိုင်းရင်းသားအားလုံးမှ လက်မခံေကြာင်း အစိုးရကို သိစေချင်သည့်အတွက်ေကြာင့် ထုတ်ပြန်ရခြင်းဖြစ်ေကြာင်း ဒေါ်မိုးသူဇာဦးက ဆက်ပြောသည်။

တိုင်းရင်းသားဒေသများတွင် ရိုးရာဓလေ့ထုံးတမ်းနှင့် သွားနေကြသည်မှာ အများစုဖြစ်သည်။ ပုံစံ ()လျှောက်ကြသော်လည်း အားလုံးမရနိုင်ကြသည့်အတွက် အစိုးရအနေနှင့် ဥပဒေအရလုပ်လျှင် ပြည်သူများကသာ ခံစားရမည်ဖြစ်သည့်အတွက် ၎င်းဥပဒေကို ဖျက်သိမ်းရန် တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

̏ ပုံစံ()မရှိတဲ့အတွက်ေကြာင့် အစိုးရအနေနဲ့တော့ ဥပဒေအရတရားဝင်ဖြစ်တဲ့အတွက် သိမ်းဖို့လွယ်တယ်။ အစိုးရကလည်း ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေ ချပေးလို့ရတဲ့ အခြေနေဖြစ်သွားတယ်။ ကိုယ်က စိုက်ပျိုးအသုံးပြု မယ်ဆိုရင် လျှောက်ရတယ် မလျှောက်ဘူးဆိုရင် ကိုယ်က ကျူးကျော်သူဖြစ်တာပေါ့ ထောင်ဒဏ် () နှစ်ထိချလို့ရတဲ့အတွက် တိုင်းရင်းသားတွေအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်တယ်။ ဒါေကြာင့် အဲ့ဥပဒေကို ဖျက်သိမ်းရန်လိုလားတယ်˝ ဟု ကိုစစ်မုန်းဒီးဒီက ပြောသည်။

လက်ရှိတွင် မြေယာအရေး လှုပ်ရှားဆောင်ရွက်နေသူများ၊ တောင်သူလယ်သမားများ၊ တက်ကြွလှုပ်ရှားသူများကို ဥပဒေပုဒ်မအမျိုးမျိုးဖြင့် တရားစွဲဆိ်ု ထောင်ချနေမှုများ၊ ဖိနှိပ်မှုများ၊ ကန့်သတ်ချုပ်ခြယ်မှုများကို ရပ်တန့်ပေးရန်အတွက် ဖယ်ဒရယ် တိုင်းရင်းသားတောင်သူလယ်သမားများ ကွန်ယက်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၁၁(က)တွင် ကျေးလက်ဒေသတောင်သူလယ်သမားများနှင့် မိသားစု တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတွင် စတင်ခွင့်ပြုသည့်နေ့ရက်မှစ၍ နှစ်ပေါင်း ၃ဝ ထက်မပိုစေဘဲ ခွင့်ပြုနိုင်သည် ဟု ပါရှိသည်။ ဆက်လက်ပြီး ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်()နှင့် ပုဒ်မခွဲ ()တို့အရ ခွင့်ပြုထားသော သက်တမ်းကုန်ဆုံးပြီးနောက် ဆက်လက်လုပ်ကိုင်ဆောင်ရွက်လိုသော လုပ်ငန်းအတွက် လုပ်ငန်းအမျိုးအစားပေါ်မူတည်ပြီး ထပ်မံ၍ စုစုပေါင်းနှစ်ပေါင်း ၃ဝထက်မပိုဘဲ အကြိမ်ကြိမ်ခွင့်ပြုနိုင်သည်ဟုပါရှိပါသည်။

ထို့အပြင် ပုဒ်မ၂၂(က)()တွင် ခွင့်ပြုထားသည့်မြေကို ခွင့်ပြုထားသည့်နေ့မှ လေးနှစ်ကျော်လွန်သည်အထိ ဖော်ထုတ်လုပ်ကိုင်ခြင်းမရှိသော မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို နိုင်ငံတော်က ပြန်လည်သိမ်းယူပြီးဖြစ်သည်ဟုမှတ်ယူရမည်ဟုပါရှိထားသည်။

ထို့ကြောင့် ၎င်းတို့ထုတ်ပြန်ထားသည့် ဥပဒေအတိုင်းသာ အကောင်အထည်ဖော်လျှင် တောင်သူများနှင့် ပြည်သူများနှင့် ပြဿနာတက်မည်ဖြစ်ကြောင်းနှင့် ပြဿနာတက်ခဲ့လျှင်လည်း ဖယ်ဒရယ် တိုင်းရင်းသား တောင်သူလယ်သမားများ ကွန်ယက်မှ တောင်သူများနှင့် ရပ်တည်သွားမည်ဖြစ်ေကြာင်း ကိုစစ်မုန်းဒီးဒီက ပြောသည်။

၎င်းထုတ်ပြန်ချက်ကို ကချင်၊ ကယား(ကရင်နီ)၊ ကရင်၊ ချင်း၊ မွန်၊ ရှမ်းပြည်နယ်တို့မှ တောင်သူလယ်သမားအဖွဲ့များ၊ မြေယာလှုပ်ရှားသူများ စုစုပေါင်း(၃၄)ဦးတို့မှ မြေယာအရေးနှင့် ပတ်သက်သည့် ဆွေးေနွးပွဲတစ်ရပ်ကို နိုဝင်ဘာလ (၁၀)ရက်မှ (၁၁)ရက်ထိ ကယား(ကရင်နီ)ပြည်၊ လွိုင်ကော်မြို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

spot_img
spot_img

Recent posts