မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေဖြင့် မြေယာ လုပ်ပိုင်ခွင့်လျှောက်ထားသည့်အပေါ် ဒေသခံများ ကန့်ကွက်

ကိုရယ်

ဖရူဆိုမြို့နယ်၊ မိုဆိုအုပ်စု၊ မော်သီဒို ကျေးရွာနှင့် ခိုးဘာကျေးရွာရှိ ဒေသခံတို့၏ ထုံးတမ်းစဉ်လာအရ စောင့်ရှောက်လာခဲ့တဲ့ မြေနေရာများတွင် ဗိုလ်မှူးကြီးမိုးဟိန်းမှ မက်ကီဒေးမီးယားစိုက်ပျိုးရန် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းလုပ်ပိုင်ခွင့် အသုံးပြုခွင့်လျှောက်ထားသည့်အပေါ်တွင် ဒေသခံတွေက ကန့်ကွက်ကြောင်း ပြောဆိုနေကြပါတယ်။

ဒီလိုလာလျှောက်ထားတဲ့အပေါ်မှာလည်း ဒေသခံတွေနဲ့ ဆွေးနွေးတိုင်ပင်မှုလည်း မရှိ၊ လျှောက်ထားတဲ့အထဲ့မှာ နေရာတိကျဖော်ပြထားခြင်းမရှိသောကြောင့် ဒေသခံများစိုးရိမ်နေရတယ်လို့ မော်သီဒိုကျေးရွာမှ ဒေသခံတစ်ဦးဖြစ်တဲ့ ဒေါ်စူစန်းနာက အခုလိုပြောပါတယ်။

“ အကုန်လုံးကန့်ကွက်မယ်ပေါနော၊ မကန့်ကွက်လို့မရဘူး၊ ဘာဖြစ်လဲဆို ကျွန်မတို့ သားစဉ်မြေးဆက်အတွက် လုပ်စားကိုင်စားဖို့ နေရာလည်းမရှိဘူး သူတို့ ကျွန်မတို့ ပြည်သူလူထုကို ဗိုက်ခွဲသလိုမျိုးဖြစ်သွား မှာပေါ” လို့ ပြောပါတယ်။

မော်သီဒိုကျေးရွာအနီးမှာ မက်ကဒေးမီးယားပင်စိုက်ဖို့အတွက် ဗိုလ်မှူးကြီးမိုးဟိန်းက ဧက ၅၁.၂၆ ဧက လျှောက်ထားတယ်လို့သိရပါတယ်။ ထို့အပြင် တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကယောနီစီးပွားရေးတာဝန်ခံ ဦးမြင့်မော်မော်၊ ဦးသန်းနိုင်၊  တို့ကလည်း မော်သီဒိုကျေးရွာအနီးမှာ မြေလွတ်မြေလပ်မြေရိုင်းလုပ်ပိုင်ခွင့် လျှောက်ထားတယ်လို့လည်း သိရပါတယ်။

မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ထုတ်ပြန်တဲ့ ကန့်ကွက်နိုင်ကြောင့် စာထုတ်ထားခြင်းကိစ္စနဲ့ ပတ်သက်တော့လည်း ထင်သာတဲ့နေရာမှာ ကပ်ထားခြင်းမရှိသည့်အပြင် ဇွန်လ ၃ ရက်နေ့ကတစ်ယောက်၊ ဇွန်လ ၁၄ ရက်နေ့က တစ်ယောက် နောက်ဆုံးထား၍ ကန့်ကွက်မှု မရှိလျင် ပိုင်ဆိုင်တောမည့် အနေအထားမှာ ရှိနေတာကြောင့် ဒေသခံတွေက စိုးရိမ်နေကြတာလို့ ဆိုပါတယ်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး လွတ်တော်ကိုယ်စားလှယ်တွေကို ဆွေးနွေးပေးစေချင်တယ်၊ လွတ်တော်ကိုယ်စားလှယ်ကလည်း ဘယ်သူဘယ်ဝါမှန်းမသိဘူး လိပ်စာလည်းမသိ၊ လာလည်းမလာဘူး၊ တွေ့ဖို့အချိန်က လက်လှမ်းမမီဘူး။” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

မြေလွှတ်၊ မြေလပ်၊ မြေရိုင်းဥပဒေထွက်လာပြီးနောက် ဒီလိုပြဿနာတွေထွက်လာမယ်ဆိုတာ ကြိုသိနှင့်နေပြီးသားဖြစ်တဲ့အတွက် လက်ရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက ဒီဥပဒေကို တာဝန်ယူမှုတာဝန်ခံမှု ရှိဖို့လိုကြောင်း၊ ပွင့်လင်းမြင်သာမှုရှိဖို့လိုကြောင်း၊ ပြည်သူတွေကိုလည်း မြေလွတ်မြေလပ်က ဘယ်ဟာတွေလည်းဆိုတာတွေ ချပြပေးသင့်ကြောင်း ဖရူဆိုမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ပြောပါတယ်။

“မြေလွတ်မြေလပ်က ဘယ်မှာပါတွေရှိလဲဆိုတာ စီးပွားရေးလုပ်ငန်းရှင်တွေ၊ခရိုနီတွေကိုကျတော့ သိခွင့်ရှိပြီးတော့ မတရာဘူး။ လက်ရှိဖြစ်နေတဲ့အခြေအနေမှာ လျှောက်ထားတဲ့သူက ဒေသခံတွေနဲ့ တိုင်ပင်ညှိနှိုင်းဖို့လိုမယ်။ ပြီးမှ ဒါတွေထပ်လုပ်ဖို့သင့်တယ်ဆိုတာ ဆက်လုပ်ဖို့သင့်တယ်။ ပြည်သူလူထုအပေါ် မလိမ့်တစ်ပတ်လုပ်သွားတဲ့အပေါ် လုံးဝလက်မခံနိုင်ဘူး။”လို့ ဦးသဲရယ်က ပြောပါတယ်။ 

ဖရူဆိုမြို့နယ်၊ မြို့မ အုပ်စု လောဂျာကျေးရွာအနီးမှာလည်း ဒေါ်ခင်မိုးနှင်က ၈.၉၀ ဧကကိုလည်း ဥယျာဉ်ခြံစိုက်ပျိုးခွင့် လျှောက်ထားတယ်လို့သိရပါတယ်။

ပြင်ပလူမှ မြေလွတ်၊မြေလပ်၊ မြေရိုင်းလုပ်ပိုင်ခွင့် လျှောက်ထားတာဟာ ဒေသခံတွေကို အနိုင်ကျင့်ရယူချင်တဲ့ သဘောမျိုးဖြစ်တယ်လို့ ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ တစ်ဦးဖြစ်တဲ့ ဦးဘွယ်မှူးက ယခုလို သုံးသပ်ပြောဆိုသွားပါတယ်။

Advertisement

“ ကျွန်တော်တို့ ဒေသမှာ မြေလွတ်၊ မြေလပ်ဆိုတာ မရှိဘူး၊ ရိုးရာဓလေံအရ ထိန်းသိမ်းလာတဲ့မြေဘဲရှိတယ်၊ေ့မြဆီသြဇာမကောင်းလို့ ချန်ထားတယ်၊ (၂) နှစ် (၃) နှစ်၊ ပြန်လုပ်မယ်ဆိုတဲ့ ဟာ မြေတွေဘဲ ရှိတယ်၊ ဆိုတော ဒီထွက်လာတဲ့ မြေလွတ်၊မြေလပ် ဥပဒေနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်နေတယ်ပေါ၊ ခုဖြစ်နေတဲ့ မြေလွတ်၊မြေလပ် ပြသာနာက ဒီဗိုလ်မှူးကြီးကနေ လာပြီး လျှောက်တဲ့မြေတွေဟာဆိုရင် အဲဒါဒေသခံ ကိုနိုက်င မဟုတ်ဘူး၊ ဘယ်ကဧည့်သည်လာပြီးမှ လိုချင်တယ်၊ မြေလွတ်၊မြေလပ်မရှိဘူး ပြောတာတောင်မှ လာပြီးမှ ဒီဟာကမြေလွတ်၊မြေလပ်ဥပဒေအရ လာပီးမှ ဇွတ်လုပ်ပြီးမှ ကျွန်တော်မြေကို အနိုင်ကျင့်ပြီး ရယူချင်တဲ့သဘော မျိုးရှိတယ်။” လို့ ပြောပါတယ်။

မော်သီဒိုကျေးရွာဟာဆိုရင် ဘိုးဘွားခေတ်ကတည်းက လုပ်စားနေထိုင်လာတာ နှစ် (၁၀၀) ရှိပြီး ခုဆိုရင် အိမ်ခြေ (၃၅) ရှိပြီဖြစ်ပါတယ်။ မြေလွတ်၊ မြေလပ်မရှိသလို ဒေသခံတွေ ကိုယ်တိုင်ထိန်းသိမ်းလာတဲ့မြေ ဓလေ့ထုံးတမ်းစဉ်လာမြေယာတွေပဲ ရှိတယ်လို့ သိရပါတယ်။

Comments

comments