spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေကို ပြန်ရုတ်သိမ်းရန် ကယားပြည်နယ်ရှိ တိုင်းရင်းသားပါတီများတောင်းဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပြည်ထောင်စုအစိုးရအနေဖြင့်လက်ရှိ အတည်ပြုလိုက်သည့် မြေလွှတ်မြေလပ်၊ မြေရိုင်းဥပဒေသည် ကယားပြည်နယ်ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် တိုက်ရိုက်သက်ရောက်နေသည့်အတွက် ပြန်ရုပ်သိမ်းရန် ကယား(ကရင်နီ)ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီများက တောင်းဆိုလိုက်ပါသည်။

“အခြားတိုင်းရင်းသား ဒေသအသီးသီးမှာ ရှိတဲ့နိုင်ငံရေး ဒေသတွေတွက် အခြေခံတဲ့ နိုင်ငံရေး အစုအဖွဲ့တွေ ပြည်ထောင်စုကို မြေသိမ်းဥပဒေ ကို ဆိုင်းငံ့ထားဖို့ သတိပေးပြောကြားပြီးဖြစ်တယ်။ ပြည်ထောင်စုအစိုးရဆက်လက်ညွန်ကြားဆောင်ရွက်နေတာကတော့ ပြည်နယ်တွေမှာ အဓိကတည်ငြိမ်ရေးနှင့် သက်ဆိုင်ရာတိုင်းရင်းသားဒေသမှာရှိတဲ့ ပြည်သူတွေရဲ့ နိုင်ငံရေးအခွင့်အလမ်းကို ချိုးဖောက်နေတယ်လို့ဘဲ ကျတော်မြင်တယ်”ဟု ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီမှ စိုင်းနိုင်နိုင်ထွေးက ပြောပါသည်။

၎င်းဥပဒေသည် လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တိုက်ရိုက်အကျိုးသက်ရောက်သည့်အတွက် ပြည်ထောင်စုအစိုးရကိုယ်၌က ပြန်လည်ရုပ်သိမ်းပေးစေလိုသည်ဟု ဆက်ပြောပါသည်။

အစိုးရအနေဖြင့် လက်ရှိမြန်မာနိုင်ငံက မြေယာဥပဒေကို အလေးပေးစဉ်းစားပေးစေလိုကြောင်းနှင့် စနစ်တကျ ပြန်လည်စဉ်းစားသင့်ကြောင်း ကယန်းအမျိုးသားပါတီ ဥက္ကဌ ခွန်းဘီထူးက ပြောပါသည်။

” ဒီမြေယာမူဝါဒထဲမှာမှ ဌာနေတိုင်းရင်းသားတွေအတွက် အကျိုးတစ်ခုခုကို ကာကွယ်ပေးနိုင်တဲ့ အရာလေးတွေကိုတော့ ထည့်ပြီးစဉ်းစားသင့်တာပေါ့နော။”ဟု ခွန်းဘီထူးက ပြောပါသည်။

အထူးသဖြင့် အစိုးရစစ်တပ်တွင် မြေယာမူဝါဒ ခိုင်ခိုင်မာမာမရှိခြင်းနှင့် တိုင်းရင်းသားများတွက် ထည့်သွင်းစဉ်းစားထားခြင်းမရှိသည့်အတွက် သိမ်းချင်သည့်သူများက ခိုင်ခိုင်မာမာဆက်လက်သိမ်းနေသည်ဟု သုံးသပ်ပြောဆိုသွားပါသည်။

“တစ်ပြည်လုံးရဲ့မြေယာမူဝါဒတွေနဲ့ တပ်သိမ်းတဲ့အစီစဉ်တွေက ကိုင်းကျွန်းမှီကျွန်းကိုင်းမှီ ဖြစ်ပြီးမှ တိုင်းရင်းသားတွေကတော့ အဖိနှိပ်ခံရတဲ့ဘဝပေါ့နော ၊ အဖိနှိပ်ခံရတဲ့အခြေအနေ မျိုးနဲ့ကြုံနေရတာပေါ့နော။” ဟု ခွန်းဘီထူးကဆက်ပြောပါသည်။

Advertisement

လက်ရှိတွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဥပဒေကြောင့် ဖရူဆိုမြို့နယ်၊ ရာဧပရားကျေးရွာအုပ်စု၊ ခိုးဘာကျေးရွာအနီးတွင် ဦးမြင့်မောင်မောင်က ဧက ၂၀၀၊ ဦးမျိုးသန့်နိုင်က ဧက ၅၆.၅၆ဧက ၊ မိုဆိုကျေးရွာအုပ်စု၊ မိုသီဒိုကျေးရွာအနီးတွင် ဗိုလ်မှူးကြီးမိုးဟိန်းက ဧက ၅၁.၂၆ဧကနှင့် မြို့မကျေးရွာအုပ်စု လောဂျာကျေးရွာအနီးတွင် ဒေါ်ခင်မိုးနှင်းက ဧက ၈.၅ဝဧကဖြင့် မြေလွတ်၊ မြေရိုင်းလုပ်ကိုင်ခွင့် အသီးသီး လျှောက်ထားခဲ့ကြရာ ဒေသခံများက ပြန်လည်ကန့်ကွက်မှုတွေ ဖြစ်ပေါ်လာခဲ့ကြပါသည်။

၂၀၁၈ ခုနှစ် ပြန်လည်ပြင်ဆင်လိုက်သည့် မြေယာဥပဒေသည် တိုင်းရင်းသားများ၏ မိရိုးဖလာ မြေယာအသုံးချမှုနှင့် အခွင့်အရေးကို အသိအမှတ်ပြု၊ ကာကွယ်ရန် ပြဌာန်းထားသည့် အမျိုးသားမြေယာ အသုံးချမှုမူဝါဒနှင့် ဆန့်ကျင်နေသည့်အတွက် ဆိုင်းငံ့ထားရန် တိုင်းရင်းသားအင်အားစုများက တောင်းဆိုထားကြသည့်ကြားမှ ၎င်းဥပဒေကို ၂၀၁၈ခုနှစ် စက်တင်ဘာလတွင် အတည်ပြုလိုက်ခြင်းဖြစ်သည်။

spot_img
spot_img

Recent posts