spot_imgspot_imgspot_imgspot_img
Saturday, July 12, 2025
spot_imgspot_imgspot_imgspot_img

မြောက်ဖက်

Author

Date

Category

မြောက်ဖက်

ကျည်ဆံတွေအရောင်းအဝယ်ဖြစ်ပြီးတဲ့နောက်

ကျုပ်ကတော့ အမြဲတမ်း ကော်ဖီမှာပြီး ထွေးထုတ်ပစ်တာပဲ

ဒီတော့ လူတွေကဒယီးဒယိုင် ထလာကြတော့တယ်

ကာလတရားက တိုက်စားလို့အမွှေးကျွတ်သွားတဲ့ မြို့တော်ဝန်တစ်ယောက်လိုပဲ

ကျုပ်ရှေ့က စားပွဲဟာ သူ့သမိုင်းကို သ လိုက်တယ်

ကျုပ်မိတ်ဆွေက ဘာသာစကားကိုထုတ်ပြီး ကျသင့်ငွေကို ရှင်းနေတယ်

လိပ်ပြာမလှတဲ့ အခိုးအငွေ့တွေကြားမှာ ဆေးလိပ်သောက်ရတာ

ကျုပ် အရွံမုန်းဆုံးပဲ မြို့ထဲက ငါးမှန်သမျှ ဆလားဗီးယား ဖြစ်ရခြင်းကို ဂုဏ်ယူနေတုန်းမို့

စစ်သား တစ်ယောက်ကြွလာတယ်နဲ့ ဘုန်းကြီးတစ်ပါး ချီတက်လာတယ်ကို ကျုပ် အိတ်ကပ်ထဲ ထည့်ထားရလိမ့်မယ်

မကောင်းဆိုးဝါးနဲ့ မျက်မမြင်လမ်းထောင့်မှာ အချက်ပြမီးဟာ

သူ့သွားကိုဖြဲပြလာတာကြောင့် ကျုပ်ကတော့ အမြဲတမ်း

ကော်ဖီမှာပြီး ထွေးထုတ်ပစ်တာပဲ ဒီတော့ လူတွေက ဒယီးဒယိုင်နဲ့ ထလာကြတော့တယ် ။ ။

ဥတ္တရာအောင်

spot_img

Recent posts