spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ပြည်နယ်တွင် ပေါင်းစည်းလက်စီမံကိန်းလုပ်ဆောင်မှု အားရကျေနပ်ကြောင်း ဝန်ကြီးချုပ်ဆို

Author

Date

Category

ခူးစိုးရယ်ဦး

၂၀၁၈ ဘဏ္ဍာရေးနှစ် ဩဂုတ်လ ၁၆ ရက်နေ့တွင် ပေါင်းစည်းလက်အစီအစဉ်၏ စီမံကိန်းအောင်မြင်ပြီးစီးမှုများအား မျှဝေခြင်းနှင့်  ဒေသဖွံ့ဖြိုးမှုအတွက် ပူးပေါင်းဆောင်ရွက်နိုင်သည့် နည်းလမ်းများ ဆွေးနွေးဖော်ထုတ်ခြင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့သည်။

ပေါင်းစည်းလက်အစီအစဉ်စီမံကိန်းမှ ပြုလုပ်သော ဖွံ့ဖြိုးရေးစီမံကိန်း အခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့၊ အရပ်ဖက်အဖွဲ့အစည်းများ၊ အစိုးရဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ စသည့်အဖွဲ့အစည်းများ လူဦးရေပေါင်း ၁၀ဝနီးပါး တက်ရောက်ခဲ့ကြသည်။

̏ပေါင်းစည်းလက်အနေနဲ့ ပြည်နယ်အတွင်းမှာ ဒီလို ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လာလုပ်ဆောင်ပေးပြီး အောင်မြင်နေတာ အတော်ကို အားရကျေနပ်၊ ဂုဏ်ယူပါတယ် ˝

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ စီမံကိန်းများ ဖော်ဆောင်သည့်နေရာတွင် မာစီကောအဖွဲ့အပြင် နိုင်ငံတကာ အဖွဲ့အစည်းသုံးဖွဲ့ပါရှိခဲ့သည်။ ၎င်းမှာ IRC ၊ TPC ၊ AVSI စသည့် အဖွဲ့အစည်း သုံးဖွဲ့ပါဝင်ပြီး မိမိဒေသအတွင်း လုပ်ဆောင်သည့်အဖွဲ့မှာ ငြိမ်းဖောင်းဒေးရှင်းလွိုင်ကော်နှင့် ဂရုဏာလွိုင်ကော်အဖွဲ့နှစ်ဖွဲ့ ဖြစ်ကြောင်းသိရသည်။

“ကျွန်တော့်အနေနဲ့ ပေါင်းစည်းလက်ရဲ့ စီမံကိန်းတစ်ခုလုံးကို ကြည့်ရင် အစီအစဉ်ကြီးတစ်ခုလုံးရဲ့ မန်နေဂျာတစ်ယောက်အနေနဲ့ ပြောရရင်တော့ ကျွန်တော်အတော်လေး ကျေနပ်အားရမိတယ်၊ ဒီကျွန်တော်တို့ရဲ့ လုပ်ငန်းတွေအပေါ်မှာ˝ဟု ပေါင်းစည်းလက်အစီအစဉ် မန်နေဂျာ ဦးမြတ်သူက ပြောသည်။

၎င်းတို့အစီအစဉ်မှ အဓိက လုပ်ဆောင်သည့် ကဏ္ဍကြီးသုံးခုမှာ ဒေသအတွင်း စီမံအုပ်ချုပ်မှု ၊ လူထုဗဟိုပြုစီမံကိန်း၊ ဒေသအတွင်းတွင် ငြိမ်းချမ်းရေးပံ့ပိုးပေးရန် ဟူသည့်အချက်သုံးချက်ဖြင့် ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

၎င်းဒေသအဖွဲ့နှစ်ဖွဲ့အား မာစီကောအဖွဲ့ဦးဆောင်သည့်အတွက် စီမံကိန်းအကောင်အထည်ဖော်ရာတွင် ဒေသအဖွဲ့ဖြစ်သည့် ငြိမ်းဖောင်ဒေးရှင်းနှင့် ဂရုဏာလွိုင်ကော်အဖွဲ့တို့မှ လိုအပ်သော ဘဏ္ဍာငွေများကို ခွဲဝေပေးကာ စီမံကိန်းများ အကောင်အထည်ဖော်ရခြင်းဖြစ်သည်ဟု သိရသည်။

ကယားပြည်နယ်အတွင်း ၎င်းဒေသအဖွဲ့နှစ်ဖွဲ့လုပ်ဆောင်သည့် ကဏ္ဍများတွင် သဘာဝနှင့် နည်းစနစ်စိုက်ပျိုးရေး အသိပညာပေးခြင်း၊ တောင်သူတွေကို အသိပညာပေးခြင်း၊ ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးစနစ်တွေ သင်တန်းပေးခြင်း၊ မြေယာဥပဒေတွေ တောင်သူတွေ သိလာအောင် သင်တန်းပေးခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့သည်ဟု ဦးမြတ်သူက ဆိုသည်။

ကယားပြည်နယ်အတွက် ဒေသအဖွဲ့နှစ်ဖွဲ့ထဲမှ ဂရုဏာလွိုင်ကော်အဖွဲ့သည် ဖရူမြို့နယ်တွင် ကျေးရွာပေါင်း ၂ဝ ကျော် သင်တန်းအသိပညာပေးခြင်းအစီအစဉ်ကို ပို့ချနိုင်ခဲ့ပြီး တောင်သူပေါင်း ၅၂၂ ဦးထိ ပို့ချပေးနိုင်ခဲ့သည်ဟု ၎င်းက ဆက်ဆိုသည်။

ပြည်နယ်ဝန်ကြီးချုပ် ပြောကြားချက်အရ ကယားပြည်နယ်သည် နိုင်ငံ့အခြေအနေရ ပြည်သူပြည်သားများ  နိုင်ငံရေးအသိအမြင်၊ စီးပွားရေးအသိအမြင် အခြေအနေများအရ အခက်ခဲစိန်ခေါ်မှုများ ရှိနေသောကြောင့် ၎င်း အခက်ခဲများက်ို ရင်ဆိုင်ကျော်လွားနိုင်ရန်အတွက် ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများကို ကြိုးပမ်းဖော်ဆောင်ရမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ဖွံ့ဖြိုးရေးကဏ္ဍမျိုးတွေ မိမ်ိအဖွဲ့အစည်းကနေပြီး ဆက်လက်ဆောင်ရွက်လိုသည့် စီမံကိန်းများရှိလျှင် အစိုးရအဖွဲ့နှင့် လာရောက်ထိတွေ့ပြီး အကောင်အထည်ဖော်ဆောင်နိုင်ရန်အတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုက တိုက်တွန်းနိုးဆော်လျက်ရှိသည်။

“ကျနေ်ာတို့ ဒီတိုင်းပြည်ကြီး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် တစ်ယောက်ဘဲကောင်းဖို့နဲ့ လုံးဝမဖြစ်ဘူး၊ အများပြည်သူတွေရဲ့ အားနဲ့မှ အောင်မြင်မှာဖြစ်သည့်အတွက် စည်းလုံးရမယ်၊ ခုလို အောင်မြင်စွာ ကြိုးပမ်းဖော်ဆောင်တဲ့နေရာမှာ ကျွန်တော့်အနေနဲ့ ဂုဏ်ယူပါတယ်” ဟု ကယားပြည်နယ်ဝန်ကြိီးချုပ်က ပြောပါသည်။

ပေါင်းစည်းလက်အစီအစဉ်၏ စီမံကိန်းသည် ၂၀၁၅ ခုနှစ် မတ်လတွင် စတင်ဆောင်ရွက်ခဲ့ပြီး လက်ရှိကာလထိ ၃ နှစ်ကျော် ရှိသွားပြီဖြစ်၍  အောက်တိုဘာလတွင် စီမံကိန်း ပြီးဆုံးမည်ဖြစ်ပြီး ၎င်းစီမံကိန်းသည် ထက်ဝက်ကျော်အောင်မြင်မှုရှိသည်ဟု ဆိုနိုင်ကြောင်း ဦးမြတ်သူက ဆိုသည်။

ကယားပြည်နယ်တွင် ၎င်းအစီအစဉ်ဖြင့် စီမံကိန်းတစ်ခုလုံးအတွက် အမေရိကန် ဒေါ်လာ ၂ သန်း အသုံးပြုခဲ့ပြီးဖြစ်သည်ဟု သိရသည်။

spot_img
spot_img

Recent posts