spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ပြည်သူ့ဘဏ္ဍာငွေဖြင့်ထုတ်မည့် အစိုးရဂျာနယ် မထုတ်ဝေသင့်ကြောင်း ကယန်းအမျိုးသားပါတီ ဥက္ကဌပြော

Author

Date

Category

ခူးကိုရယ်

ကယားပြည်နယ်အစိုးရမှ ထုတ်ဝေမည့် ကယားတိုင်း(မ်)ဂျာနယ်သည် ပြည်သူ့ဘဏ္ဍာငွေဖြင့် အသုံးပြုမည်ဖြစ်သည့် အတွက် မထုတ်ဝေသင့်ကြောင်း ကယန်းအမျိုးသားပါတီ ဥက္ကဌ ခွန်းဘီထူးက ပြောသည်။

“ပြည်သူ့ငွေသုံးပြီး ပါတီနိုင်ငံရေး ကဏ္ဍတွေပါလာမယ်။ ပြည်နယ်အစိုးရအနေနဲ့ ဒါမျိုးတွေ စဉ်းတောင် မစဉ်းစားသင့်တာပါ။” ဟု ခွန်းဘီထူးက ပြောသည်။

ထို့အပြင် အတိုက်အခံပါတီများကို နိုပ်ကွတ်လိုခြင်း ၊ တိုင်းရင်းသားပြည်သူများကို စွပ်စွဲလိုခြင်း စသည်များ ရှိလာနိုင်သည့်အတွက် လုံးဝ မထုတ်သင့်ကြောင်း ကန့်ကွက်ကြောင်း ဆက်ပြောသွားပါသည်။

ပြည်သူ့ဘဏ္ဍာငွေဖြင့် ပြုုလုပ်မည့်လုပ်ငန်း မှန်သမျှသည် လွှတ်တော်မှ အတည်ပြုပြီးမှသာလျှင် လုပ်ငန်းဆောင်ရွက်ရမည်ဖြစ်သော်လည်း ဆွေးနွေးမှု မရှိကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ပြောသည်။

“ဒီအတွင်းထဲမှာ ကျနော်ဘာမှမသိရဘူး။ ရှင်းရှင်းပြောရရင် အစိုးရတစ်ရပ်အနေနဲ့ သူ့မီဒီယာကဏ္ဍဆိုလို့ရှိရင် ဥပမာ ပြန်ကြားရေးဌာနနဲ့ ပြည်သူ့ဆက်ဆံရေးမှာလည်းရှိပြီ။” ဟု ဦးသဲရယ်က ပြောပါသည်။

ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးပြီး ထုတ်ဝေမည့် ကယားတိုင်း(မ်)ဂျာနယ်တွင် ဆောင်းပါး ၊ ကာတွန်း ၊ ကဗျာ ၊ သတင်း ရသစုံပါမည်ဖြစ်သည်ဟု ကယားတိုင်း(မ်) အယ်ဒီတာချုပ် ဦးစိုးညွန့်ဝေ ကပြောသည်။

“ပြည်နယ်အစိုးရဘတ်ဂျက်နဲ့ထုတ်ပါတယ်။ပြည်နယ်တွင်းရော ပြည်ပကော ကလောင်ရှင်တွေဖိတ်ခေါ်တယ်။ လောလောဆယ်တော့ ကိုယ့်ပြည်နယ်တွင်းမှာ စပြီးဖြန့်ဖို့ အစီအစဉ်ရှိပါတယ်။” ဟု ဦးစိုးညွန့်ဝေက ပြောသည်။

၎င်းဂျာနယ်တွင် ကယားပြည်နယ်ဝန်ကြီးချုပ် အယ်လ်ဖောင်းရှိုမှ နာယက၊ စည်ပင်နှင့်လူမှုဝန်ကြီး အောင်ကျော်ဌေးမှ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်တို့မှ အဓိက ဦးဆောင်ပြီး စိုးရာဇာဝင်း (စိုးညွန့်ဝေ- လွိုင်ကော်) မှ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူသွားမည် ဖြစ်သည်ဟုသိရသည်။ ထုတ်ဝေသူမှာ ပြည်နယ်အစိုးရရုံး ညွှန်ကြားရေးမှူးဖြစ်ကြောင်း သိရသည်။

spot_img
spot_img

Recent posts