spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ပြည်သူ့ဘဏ္ဍာငွေဖြင့် ဆောက်လုပ်နေသည့် ဖွံ့ဖြိုးရေးစီမံကိန်းတွင် လုပ်ငန်းကြီးကြပ်မှု အားနည်းဟုဆို

Author

Date

Category

ကယားပြည်နယ်အတွင်း ပြည်သူ့ဘဏ္ဍာငွေဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် ဆောက်လုပ်ရေးစီမံကိန်းများတွင် စစ်ဆေးတွေ့ရှိချက်အရ လုပ်ငန်းကြီးကြပ်မှု အားနည်း သည့်အပိုင်းများတွေ့ရှိရသည်ဟု ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေးကော်မတီမှ အဖွဲ့ဝင် ဦးစောကလိုမူး ကပြောသည်။

ဦးစောကလိုမူးက “ အဓိကတွေ့ရတဲ့အချက်က ကန်ထရိုက်တွေ လုပ်တဲ့လုပ်ငန်းတွေမှာ လက်ရာလေးတွေ နည်းနည်းညံ့တယ် အရည်အသွေးကျတော့ ကျနော်တို့က တိတိကျကျစစ်ဆေးဖို့ကျတော့ အရည်အသွေးမှာ နည်းနည်းညံ့တာလေးတွေ ရှိတယ် ဒါက မျက်မြင်အရသော်လည်းကောင်း လုပ်ငန်း အတွေ့အကြုံအရ အဲ့ဒါလေးတွေတော့ ရှိတယ်။” ဟု ပြောသည်။

၎င်းကော်မတီသည် နိုင်ငံတော်၏ ၂၀၁၆-၁ရ ခုနှစ် ဘတ်ဂျက်တွင်ပါရှိသည့် စီမံကိန်းများကို စစ်ဆေးပြီးနောက် တွေ့ရှိချက်များကို ပြည်နယ်လွတ်တော်ဥက္ကဌထံ တင်ပြ ရခြင်းဖြစ်သည်။

ထို့နောက် ကော်မတီ၏ တင်ပြချက်များအပေါ်အခြေခံပြီး လွတ်တော်က အရေးယူသင့်သည်များကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။
ယခုကဲ့သို့ ကော်မတီ၏ လုပ်ဆောင်ချက်များအပေါ်စစ်ဆေးချက်များအရ လိုအပ်ချက်များကို သက်ဆိုင်ရာကုမ္ပဏီများကလည်း ချက်ချင်းပြန်လည်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများလည်း ရှိသည်ဟု ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေးကော်မတီ အဖွဲ့ဝင် ဦးဘန်ဒီက ပြောသည်။

“ဒါကျနော်တို့ တင်ပြချက်ကြောင့်မို့လို့ ဖြစ်တာပါ။” ဟု ဦးဘန်ဒီက ပြောသည်။
စက်မှုဇုန်တွင်ခင်းသည့်လမ်းသည် လမ်းထုမပြည့်သည့်အတွက် လမ်းထုထည်ပြန်ပြင်ပေးခြင်း ၊ ဘီလူးချောင်းဘေး ကွန်ကရစ်လမ်း ညီညာမှုမရှိသည့်အတွက် ပြန်လည်ဆောင်ရွက်ပေးခြင်း များကိုလည်း သက်ဆိုင်ရာကုမ္ပဏီများက ပြန်လည်ပြုလုပ်ပေးခဲ့ကြသည်။

ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေးကော်မတီကို ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့ပြီး ပြည်သူ့ဘဏ္ဍာငွေဖြင့် တည်ဆောက်သည့် ဆောက်လုပ်ရေးများကို အရေအသွေးပြည့်မှီမှုရှိမရှိ စတင်ဆောင်ရွက်လျက်ရှိသည်။

spot_img
spot_img

Recent posts