spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

(၁၁.၁၁) စစ်ဆင်ရေးအတွင်း ဖရူဆိုပြည်သူ့ကာကွယ်ရေးတပ်မှ ၂ဦး ကျဆုံး၊ ၇ ဦး ထိခိုက်ဒဏ်ရာရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာ နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်လိုက်တဲ့ ( ၁၁.၁၁) စစ်ဆင်ရေးတိုက်ပွဲအတွင်း ဖရူဆိုပြည်သူ့ကာကွယ်ရေးတပ်မှ ၂ဦး ကျဆုံးပြီး ၇ ဦးထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဖရူဆို PDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဆိုပါ ကျဆုံးတဲ့တပ်ဖွဲ့ဝင်တွေဟာ (၁၁.၁၁) စစ်ဆင်ရေး ဘုရားဖြူတိုက်ပွဲမှာ ကျဆုံးသွားတဲ့ တပ်သား ဂျိုဝါးနီ (ခ) သော်ကဲအီ နဲ့ လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်အတွင်း တိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ တပ်ခွဲမှူး ဂျိုလီယို တို့ဖြစ်ပါတယ်။

“ ၁၁. ၁၁ စစ်ဆင်ရေးမှာ ဖရူဆို PDFအနေနဲ့ ၁၁ရက် ၁၁လ က စတင်တဲ့နေ့မှာ ဘုရားဖြူမှာ တစ်ယောက်ကျပြီး ၄ယောက်ဒဏ်ရာရခဲ့ပါတယ်။ ပြီးတော့ ဒီဇင်ဘာလ ၁၆ရက်နေ့မှာ တစ်ယောက်ထပ်ကျပါတယ် ၃ယောက်ဒဏ်ရာရထားပါတယ်” သူက ပြောပါတယ်။

ဖရူဆို ပြည်သူ့ကာကွယ်ရေးတပ်အနေနဲ့ စစ်ဆင်ရေး စတင်တဲ့နေ့ကစပြီး လက်ရှိအချိန်ထိ လွိုင်ကော်မြို့ပေါ်မှာ တခြား တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ တိုက်ပွဲဝင်နေဆဲ ဖြစ်သလို စစ်အာဏာရှင်မှန်သမျှ ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်သစ် ပေါ်ထွန်းလာတဲ့အထိ ဆက်လက် တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

spot_img
spot_img

Recent posts