spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

(၁၁.၁၁) စစ်ဆင်ရေး မိုးဗြဲတိုက်ပွဲမှာ အရပ်သား ၄ ဦးသေဆုံး ၊ ၁၀ဦးဒဏ်ရာရ

ကန္တာရဝတီတိုင်း(မ်)

နို၀င်ဘာလ ၁၁ ရက်နေ့က ကရင်နီပြည် တော်လှန်ရေးတပ်ပေါင်းစုတွေဖော်ဆောင်ခဲ့တဲ့ (၁၁.၁၁) စစ်ဆင်ရေးမှာ ရှမ်း-ကရင်နီနယ်စပ်မိုးဗြဲမြို့ပေါ်မှာလည်း တိုက်ပွဲပြင်းထန်ခဲ့ပြီး အရပ်သား ၄ ဦးသေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးပြုလုပ်နေသူကပြောပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ၇နှစ်သား ကလေးတစ်ဦးအပါ၀င်ဖြစ်တဲ့ အမျိုးသား ၂ဦး၊ အမျိုးသမီး ၂ ဦး စုစုပေါင်း ၄ဦး သေဆုံးခဲ့ပြီး ၁၀ ဦးဒဏ်ရာရရှိတယ်လို့ ဆိုပါတယ်။

” မနေ့က (နို၀င်ဘာ ၁၁ရက်နေ့)မိုးဗြဲတိုက်ပွဲပေါ့နော။ တိုက်ပွဲဖြစ်တာ မနက်ပိုင်းကနေစပေါ့။ ညမိုးချုပ်ထိပါပဲ အဲ့တာမနက်ပိုင်းပိုင်းမှာ ၂ ဦး လက်နက်ကြီးထိပြီးမှဆုံးတယ်ပေါ့။ အမျိုးသား၂ဦး။ ညနေပိုင်းမှထပ်ထိတာ အမျိုးသမီး ၂ဦးထပ်ထိတယ်။ အဲတာ ပွဲချင်းပြီးဆုံးတာပေါ့ ” လို့ကူညီကယ်ဆယ်ရေး ပြုလုပ်နေသူတစ်ဦးက ပြောပါတယ်။

လက်နက်ကြီးကြောင့် အမျိုးသမီး ၅ ဦး အမျိုးသား ၅ဦး ဒဏ်ရာရပြီး စိုးရိမ်ရလူနာတစ်ဦး ရှိတယ်လို့ ဆိုပါတယ်။

မိုးဗြဲတိုက်ပွဲ ပြင်းထန်ခဲ့ပြီး ဒေသခံပြည်သူတွေလည်း ပိတ်မိနေခဲ့တယ်လို့ဆိုပါတယ်။ ဒီကနေ့ နို၀င်ဘာလ ၁၂ရက်နေ့ မနက်ပိုင်းမှာလည်း မိုးဗြဲမြို့ပေါ်ကို လက်နက်ကြီးပစ်ခတ်နေဆဲဖြစ်ပြီး ဒေသခံတွေပိတ်မိနေသလိုအရေးပေါ်အခြေနေဖြစ်နေဆဲလို့ ဆိုပါတယ်။

” မြို့ထဲပိတ်မိနေတဲ့ လေဖြန်းတဲ့ သက်ကြီးရွယ်အို လေဖြတ်တဲ့ဟာတွေပေါ့။ ကျန်းမာရေးမကောင်းတဲ့ဟာတော့ ထုတ်တော့ထုတ်ထားလိုက်တယ်။ မနေ့ညကပေါ့။ ဒါပေမဲ့ ပိတ်မိနေသူလည်းအများကြီးရှိသေးတာပေါ့။ ဒီရက်တိုက်ပွဲအကြီးကျယ်ထပ်ဖြစ်ရင်တော့ တော်တော်ဒုက္ခရောက်နိုင်မဲ့ အနေထားတွေ့ရတယ်ပေါ့” လို့ ကူညီကယ်ဆယ်ရေး လုပ်ပေးနေသူ တစ်ဦးကပြောပါတယ်။

ဒီကနေ့မနက်ခင်းမှာတင် စျေး၀ယ်ထွက်နေတဲ့ ပြည်သူတစ်ဦး စစ်ကောင်စီက သေနတ်ဖြင့်ပစ်ခတ်ခဲ့တာကြောင့် ဆေးရုံပို့ခဲ့ရတယ်လို့လည်း ကူညီကယ်ဆယ်နေသူကပြောပါတယ်။

မနေ့က နို၀င်ဘာလ ၁၁ ရက်နေ့မှာ မိုးဗြဲမြို့ပေါ် တိုက်ပွဲပြင်းထန်နေခဲ့ပြီး လေယာဥ်ဖြင့် ၆ကြိမ် တိုင်တိုင် ဗုံးလာကြဲခဲ့တယ်လို့သိရပါတယ်။

spot_img
spot_img