spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

၁၂နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး မိုင်းနင်းမိပြီး ဆေးကုသနေရ

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်မှာ ၁၂နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ပြောင်းဖူးတောင်ယာသွားရင်း မိုင်းနင်းမိခဲ့လို့ ခြေတစ်ဖက်ဖြတ်ခံရပြီး ဆေးကုသမှုခံယူနေရတယ်လို့ ၎င်းရဲ့အဖေက ပြောပါတယ်။

ဒီဇင်ဘာလ ၂၉ရက်နေ့ နက် ၆နာရီဝန်းကျင်လောက်မှာ မိခင်ဖြစ်သူနဲ့ ပြောင်းဖူး တောင်ယာသွားနေစဉ် နင်းမိခဲ့တာဖြစ်တယ်လို့ ဖခင်ဖြစ်သူက ပြောပါတယ်။

” သမီးနဲ့ သူ့အမေနဲ့သွားတော့ မနက် ၆နာရီခွဲ ၇နာရီအချိန်လောက်မှာ‌ ပေါ့နော အသံကြားတယ်ပေါ့နော။ အသံကြားတော့ နည်းနည်းတော့ စိတ်ပူမိတယ်ပေါ့။ ခဏနေတော့ နာရီဝက်လောက်နေတော့ ၁၅မိနစ် မိနစ် ၂၀လောက်နေတဲ့အခါကျတော့ ဦးလေးရဲ့သမီးကို သူ့အမေက ကျောပိုးပြီး ပြန်လာတယ်ပေါ့နော။ ကျောပိုးပြီး ပြန်လာတဲ့အခါကျတော့ ကလေးက စောစောကပြောတဲ့ ခဏက ကြားလိုက်တဲ့အသံက ကလေးကြောင့်ဖြစ်သွားတာရယ် နောက်ဆုံး ကလေးနင်းမိသွားတာပေါ့နော။ ကလေးနင်းမိသွားတဲ့ မိုင်းနဲ့ထကွဲသွားတဲ့ အခါကျတော့ ကလေး ခြေတောက် တစ်ဖက်က တော်တော်စိုးရိမ်ရတဲ့ အနေအထားပေါ့နော။ ဖြစ်တာက နှစ်ဖက်ဖြစ်တာ ဒါပေမယ့် နင်းမိတဲ့ တစ်ဖက်က ပိုများတာပေါ့နော။ နင်းမိတဲ့ဖက်က ဖြတ်လိုက်ရတယ်။ မနင်းမိတဲ့ဖက်က ယမ်းစင်တာလောက်ပဲဆိုတော့ အပေါ်ယံအရေးပြားဆိုတော့ ဆေးလောက်တော့ နိုင်တယ်ပေါ့နော။ ဟိုဟာကတော့ ဖြတ်တောက်ပေးလိုက်ရတယ်။ “

လက်ရှိမှာတော့ လွိုင်ကော်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

ဖယ်ခုံမြို့နယ်က နှစ်ဦးနဲ့ ဒီးမော့ဆိုမြို့နယ်က ၄ဦး မိုင်းနင်းမိခဲ့တာဖြစ်ပြီး အခုလို မိုင်းတွေကို နေရာတိုင်းမှာ ထောင်တာက လူ့အခွင့်အရေးချိုးဖောက်နေတာဖြစ်တယ်လို့ ကရင်နီလူ့အခွင့်အရေး ဒါရိုက်တာ ဗညားက ပြောပါတယ်။

” ဘယ်လိုဘဲပြောပြော ရပ်ကွက်တွေထဲမှာ ကျောင်းတွေထဲမှာ ဘာသာရေး အဆောက်အုံထဲမှာ ဒီမိုင်းတွေကို ခင်းခြင်းဟာ ဒါက အရမ်းကို ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်။ နောက်ပြီး ဒီဟာကလည်း နိုင်ငံတကာ ဂျီနီဗာကောင်မန်းရှင်းအရ ကျူးလွန်တယ်လို့ ပြောလို့ရတယ်။ ဂျီနီဗာ ကွန်မန်းရှင်းကို စစ်အစိုးရက ကျနော်တို့ ကျူးလွန်နေတယ်လို့ ကျနော်တို့ ပြောလို့ရပါတယ်ဗျ။ “

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ကယား(ကရင်နီ) ပြည်နယ်နဲ့ ရှမ်းတောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားလျက်ရှိတာကြောင့် တိုင်ပွဲအတွင်း ကျန်ရှိခဲ့တဲ့
မြေမြုပ်မိုင်းတွေကြောင့် ဒေသခံ ပြည်သူ ၅ဦး ထိခိုက်ဒဏ်ရာရပြီး သေဆုံးသူ တစ်ီဦးရှိသွားပြီလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ကောက်ယူထားတဲ့ စာရင်းအရသိရပါတယ်။

ကရင်နီပြည်နယ်မှာ စစ်ကောင်စီတပ်စွဲထားပြီး မြေမြုပ်မိုင်းထောင်ခဲ့တာတွေရှိနေပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ကနေပြီး လိုက်လံရှင်းလင်းမှုတွေ ပြုလုပ်နေတာလည်း ရှိပါတယ်။

spot_img
spot_img