spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

၁၂ တန်းပညာရေးစနစ်ရဲ့ တက္ကသိုလ်ဝင်တန်းအောင်ချက် ၅၇ ရာခိုင်နှုန်းရှိတယ်လို့ စစ်ကောင်စီထုတ်ပြန်

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

မြန်မာနိုင်ငံမှာ ၁၂ တန်းပညာရေးစနစ်ရဲ့ တက္ကသိုလ်ဝင်တန်းအောင်စာရင်းကို စစ်ကောင်စီက ဇွန်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပြီး အောင်ချက် ၅၇ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ ဖြေဆိုသူဦးရေ (၁၂၈၈၂၀) ဦးထဲက အောင်မြင်သူဦးရေ (၇၄၅၉၂) ဦးရှိတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကစပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စစ်ကောင်စီက KG + 12 ပညာရေးစနစ်နဲ့ ဖြေဆိုတယ်လို့ ထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်မှာတော့ ၁ လေးလုံး စစ်ဆင်ရေးကြောင့် ၂၀၂၄ ခုနှစ်ရဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျင်းပနိုင်ခြင်းမရှိခဲ့ပါဘူး။ ကရင်နီပြည်က ကျောင်းသား/သူ တချို့ကတော့ ရှမ်းပြည်နယ်မှာ သွားရောက်ဖြေဆိုတာမျိုး ပြုလုပ်တာတွေလည်း ရှိခဲ့ပါတယ်။

အာဏာမသိမ်းခင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ တစ်သောင်းနီးပါးအထိရှိနေခဲ့တဲ့ ကရင်နီပြည်မှာ အာဏာသိမ်းပြီးနောက် ၁ ထောင်နီးပါးတောင် မရှိတော့သလို ပြီးခဲ့တဲ့နှစ်မှာလည်း စာမေးပွဲ မကျင်းပနိုင်ခဲ့တဲ့အခြေအနေအထိ ဖြစ်လာခဲ့တာပါ။

ယခု ပညာသင်နှစ်မှာတော့ ကရင်နီပြည်မှာ စစ်ကောင်စီ၊ ပညာရေးဌာနကနေ ဖွင့်လှစ်တဲ့ စာသင်ကျောင်းအများစုဟာ တိုက်ပွဲတွေကြား မဖွင့်လှစ်နိုင်ပါဘူး။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ၂၀၂၄ -၂၅ ပညာသင်နှစ်အတွက် ကျောင်းလာရောက်အပ်နှံတဲ့ ကျောင်းသား၊ ကျောင်းသူပေါင်း ၆၃သိန်း ၉ သောင်း ရှိနေတယ်လို့ စစ်ကောင်စီက မေလ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

spot_img
spot_img

Recent posts