spot_imgspot_imgspot_imgspot_img
Sunday, July 13, 2025
spot_imgspot_imgspot_imgspot_img

(၁၃)နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့မှာ KNDF က ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ (ဧပြီလ ၁၀ရက်) မှာ ကျရောက်တဲ့ (၁၃)နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့မှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ကနေပြီး ရက္ခိုင့်တပ်တော်(AA) ကို ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

ရခိုင်အမျိုးသားလွှတ်မြောက်ရေးအတွက် ရက္ခိတလမ်းစဉ်နဲ့ တော်လှန်ရေးခရီးကို တစိုက်မတ်မတ် လျှောက်လှမ်းနေတဲ့ ရက္ခိုင့်တပ်တော်(AA)ဟာ တော်လှန်ရေးအင်အားစုတွေအတွက် လေးစားဖွယ် စံနမူနာ ကောင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

KNDFအနေနဲ့လည်း နှောင်အနာဂတ်မှာ (AA)နဲ့အတူ စစ်ရေး၊ နိုင်ငံရေး ကဏ္ဍတွေ လက်တွဲလုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်း ဆိုထားပါတယ်။

ဒါ့အပြင် KNDFဟာဆိုရင် ရက္ခိုင့်တပ်တော်(AA)မှ ဖော်ဆောင်နေတဲ့ နိုင်ငံရေးနဲ့ စစ်ရေးလမ်းစဉ်တွေအတိုင်း ရပ်တည်ထောက်ခံကြောင်း၊ ရခိုင်အမျိုးသားတွေ မျှော်မှန်းနေတဲ့ နိုင်ငံရေးရည်မှန်းချက်ကို အမြန်ဆုံးရောက်ရှိ အကောင်အထည်ဖော်နိုင်ပါစေကြောင်း သဝဏ်လွှာမှာ ဖော်ပြပါရှိပါတယ်။

spot_img