Next Post

မော်ချီးဒေသရှိအန္တရာယ်ဇုံတွင် မနေရန်သတိပေးထားသော်လည်း စားဝတ်နေရေးအရ ဆက်လက်လုပ်ကိုင်သူများရှိနေ

Wed Sep 4 , 2019
နော်ဒွေးအယ်ခူ ကယား(ကရင်နီ)ပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးဒေသ သတ္တုမိုင်းဧရိယာအတွင်း အန္တရာယ်ဇုံအဖြစ်သတ်မှတ်ထားသည့်နေရာများတွင် နေထိုင်ကြသည့်သူများကို ရွှေ့ပြောင်းနေထိုင်ရန် သတိပေးထားသော်လည်း စားဝတ်နေရေးအရ ဆက်လက်လုပ်ကိုင်နေကြသူတချို့ကို မြင်တွေ့ခဲ့ရသည်။ ခဲကျင်းတူးဖော်မှု ပိတ်ထားသည်ဟုဆိုသော်လည်း စားဝတ်နေရေးအခက်အခဲများကြောင့်နှင့် တခြားနေရာတွင် လုပ်ကိုင်စားသောက်ရန် နေရာမရှိသည့်အတွက် ကျင်းများ၊ တောင်စောင်းများတချို့တွင် ဆက်လက်တူးဖော်၊ နေထိုင်လုပ်ကိုင်နေကြသူများနှင့် ဈေးဆိုင်များလည်းရှိနေသည်ဟု ကန္တာရဝတီတိုင်း(မ်) သတင်းထောက်များ သွားရောက်လေ့လာခဲ့စဉ် မြင်တွေ့ခဲ့ရခြင်းသည်။ ” တာဝန်ရှိသူတွေက သူတို့ကိုမနေခိုင်းဘူးပြောတယ်။ အန္တရာယ်ကာကွယ်ရေးစာတန်းတွေလည်း တွေ့ရတယ်။ ဒါပေမယ့် သူတို့ရဲ့ စားဝတ်နေရေးလည်းရှိနေသေးတော့ ဈေးဆိုင်တွေဆို နေ့ဘက်မှာလာရောင်းတယ်။ ညဘက်ဆို တခြားပြန်အိပ်ကြတယ်လို့ပြောကြတယ်။” ဟု မော်ချီးဒေသသို့ သွားရောက်လေ့လာခဲ့သည့် သတင်းထောက် ကရင်နီသူ က ပြောပါသည်။ ပြီးခဲ့သည့် ဇွန်လအတွင်းတွင် တာဝန်ရှိသူများက KB1 […]