၂၀၂ဝ ၏ခေါင်းလောင်းထိုးသံ

ဘိုထီး (ငွေတောင်ပြည်) ရေးသားသည်။

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အဲဒီနိုင်ငံကို လူတစ်စုကသာ အုပ်ချုပ်လို့မရပါဘူး။ နိုင်ငံတစ်နိုင်ငံကို လူတစ်စုကသာ အုပ်ချုပ်မယ်ဆိုရင် နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ထက် အာဏာတည်မြဲရေးကိုပဲ အမြဲဦးစားပေးလုပ်ဆောင်ကြပါတယ်။

တနည်းအားဖြင့် လူတစ်စုကသာအုပ်ချုပ်တဲ့ အုပ်ချုပ်ရေးစနစ်ဟာ “ခဏလေးပါကိုကိုရယ်” မျိုးမဟုတ်ပဲ အာဏာသည်မြဲသည်ထက်တည်မြဲအောင် လုပ်ဆောင်လာတတ်ကြပါတယ်။ မြန်မာနို်င်ငံမှာနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးများဟာ ရေကြည်ရာ ၊ မြက်နုရာရှာ ဖွေစားသောက်ရင်းအတူတကွ ရောက်ရှိလာတဲ့ လူမျိုးတွေဖြစ်ကြပါတယ်။

သမိုင်းပေးအခြေအနေအရ အတူတကွစုရုံးရောက်ရှိလာတဲ့ မြန်မာနိုင်ငံကို လူတစ်စုကသာအုပ်ချုပ်ဖို့ လုပ်ဆောင်တာဟာ ကျဉ်းမြောင်းတဲ့ အယူအဆတွေသာ ဖြစ်ပါတယ်။

မြန်မာနို်င်ငံရဲ့အုပ်ချုပ်ရေးစနစ်သာ လူတစုကသာ အုပ်ချုပ်တဲ့စနစ်ဖြစ်တယ်။ အဲဒီအုပ်ချုပ်ရေးစနစ်က ၁၉၆၂ ခုနှစ်မှာစတင်ခဲ့တာဖြစ်ပါတယ်။

 မြန်မာနို်င်ငံမှာ ငါးနှစ်တစ်ကြိမ်ကျင်းပပြုလုပ်ကြတဲ့ အထွေထွေရွေးကောက်ပွဲဟာ အင်အားကြီးအုပ်စုအချင်းချင်း အာဏာပြိုင်ကြတဲ့ အထွေထွေရွေးကောက်ပွဲပဲဖြစ်ပါတယ်။

တိုင်းရင်းသားဒေသတစ်ခုလုံးဟာ လူတစ်စုရဲ့အုပ်ချုပ်မှုအောက်သာ မရောက်ရှိခဲ့ဘူးဆိုရင် တိုင်းရင်းသားဒေသမှာလည်း ဘာပြသာနာမှရှိမှာမဟုတ်ဘူး။

ဘာကြောင့်လဲဆိုရင် ပြသာနာအားလုံးဟာ လူတစ်စုကသာ ဖန်တီးခဲ့တာကြောင့်ပဲဖြစ်ပါတယ်။

 တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနှင့် အစိုးရအကြားဖြစ်နေတဲ့ ခွဲမထွက်ရ ပြသာနာဟာတို်င်းရင်းသားအားလုံးကို လူတစ်စုက ဆက်လက်အုပ်ချုပ်နိုင်ဖို့ရည်ရွယ်တဲ့ ပြသာနာပဲဖြစ်ပါတယ်။

အင်အားကြီးအုပ်စုအချင်းချင်းအာဏာပြိုင်တဲ့ပြသာနာဟာ ၈၈ အရေးအခင်းနောက်ပိုင်းမှာ တို်င်းရင်းသား ဒေသထိပြန့်နှံ့သွားပါတယ်။ တဆက်တည်းမှာပဲ အင်အားကြီးအုပ်စုက တိုင်းရင်းသားဒေသတစ်ခုလုံးကို စိုးမိုးလာတာဖြစ်ပါတယ်။ တို်င်းရင်းသားဒေသမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ထိုးစစ်ဆင်မှုပြသာနာသံယံဇာတဆုံးရှုံးမှုပြသာနာစတဲ့ ပြသာနာအားလုံးဟာ အင်အားကြီးအုပ်စုက တို်င်းရင်းသားဒေသကို လွမ်းမိုးလာတာနှင့်အတူ ပါလာတဲ့ ပြသာနာဖြစ်ပါတယ်။ အစိုးရက တိုင်းရင်းသားလက်နက်ကို်င်အဖွဲ့အစည်းကို ထိန်းချုပ်ဖို့ ရည်ရွယ်တဲ့ စာချုပ်ဖို့ပဲ ဖြစ်ပါတယ်။

 တစ်နို်င်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ဟာ ငြိမ်းချမ်းရေးရရှိဖို့နှင့် မဆိုင်ပါဘူး။ တိုင်းရင်းသားအဖွဲ့အစည်းများအားလုံး အစိုးရရဲ့ ထိန်းချုပ်မှုအောက်က လွတ်မြောက်နိုင်မှသာ တိုင်းရင်းသားဒေသတစ်ခုလုံးငြိမ်းချမ်းသွားမှာ ဖြစ်ပါတယ်။

 ‘’ဝ’’ တို်င်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဟာ ဒီနေ့ထိတစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူလက်မှတ် မရေးထိုးခဲ့ပေမဲ့ သူတို့အခြေစိုက်တဲ့ ကိုးကန့်ဒေသတစ်ခုလုံး ငြိမ်းချမ်းသွားပြီဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကိုးကန့်ဒေသဟာ အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ ဒေသတစ်ခုမဟုတ်လို့ပဲ ဖြစ်ပါတယ်။

နှစ်စဉ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့ ရောက်တိုင်းပြည်ထောင်စုနေ့အခမ်းအနားကို နေပြည်တော်မှာ ကျင်းပပြုလုပ်တာဟာ လူတစ်စုရဲ့ အုပ်ချုပ်မှုအာဏာတိုင်းရင်းသားဒေသအပေါ် အမြဲသက်ရောက်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

 မြန်မာတစ်နိုင်ငံလုံး အင်္ဂလိပ်အစိုးရလက်ထက်အောက်မှာ ကျရောက်ခဲ့ချိန်တုန်းက တိုင်းရင်းသားရဲ့ဘဝဟာ လူစေ့တန်းစေ့နေနိုင်တဲ့ ဘဝဖြစ်ပါတယ်။

ဒီနေ့ဒီချိန်ထိတိုင်းရင်းသားအချို့ဒေသမှာ ကိုယ်ပိုင်ဓလေ့များ၊ စာပေယဉ်ကျေးမှုတွေ အသုံးပြုတာဟာ အင်္ဂလိပ်အစိုးရရဲ့ အားပေးကူညီမှုကြောင့် ဒီနေ့ဒီချိန်ထိအသုံးပြုနိုင်ခဲ့တာဖြစ်ပါတယ်။ 

ဒါပေမဲ့တိုင်းရင်းသားကို အုပ်ချုပ်ချင်တဲ့ရည်ရွယ်ချက်တစ်ခုတည်းကြောင့် လူတစ်စုက အင်္ဂလိပ်အစိုးရကို တို်က်ထုတ်ပြီးလွတ်လပ်ရေးကို ရယူခဲ့တာပါ။

၁၉၄၈ ခုနှစ်က ရခဲ့တဲ့လွတ်လပ်ရေးဟာ လူတစ်စုရဲ့ လွတ်လပ်ရေးပဲဖြစ်ပါတယ်။ တိုင်းရင်းသားအားလုံးရဲ့ လွတ်လပ်ရေးမဟုတ်ပါဘူး။

လာမည့် ၂၀၂ဝ အထွေထွေရွေးကောက်ပွဲဟာ တိုင်းရင်းသားများနှစ်ပေါင်း ၇ဝ ဆုံးရှုံးခဲ့သမျှ ပြန်လည်ရရှိအောင် မလုပ်ဆောင်နိုင်ရင်တောင်မှ ဒီလိုဆုံးရှုံ့းမှုမျိုးနောက်ထပ်မဆုံးရှုံးအောင် လုပ်ဆောင်ပေးနိုင်မည့် ရွေးကောက်ပွဲတစ်ခုဖြစ်ပါတယ်။

အခွင့်အရေးရရှိဖို့ တိုင်းရင်းသားအနေနဲ့ ဦးဆုံးလုပ်ဆောင်ရမှာက ကိုယ့်ဒေသခံအစိုးရကို ကိုယ်တိုင်ရွေးချယ်နိုင်တဲ့ အခွင့်အရေးပဲဖြစ်ပါတယ်။

 ကိုယ့်ဒေသခံအစိုးရကိုု ကိုယ်တိုင်ရွေးချယ်နို်င်တဲ့ အခွင့်အရေးရရှိဖို့အတွက် တိုင်းရင်းသားအချင်းချင်း ထောက်ခံအားပေးမှုက မဖြစ်မနေလိုအပ်ပါတယ်။

တိုင်းရင်းသားအချင်းချင်းထောက်ခံအားပေးမှုမရှိပဲ အင်အားကြီးအုပ်စုနှင့်သာ ဆက်ပြီးပူးပေါင်းမယ်ဆိုရင် ကိုယ့်ဒေသအစိုးရကို ကိုယ်ကိုယ်ဘယ်တော့မှ ရွေးချယ်ခွင့်ရမှာမဟုတ်ဘူး။

 တစ်ဦးနှင့်တစ်ဦးဝိုင်းဝန်းကူညီအားပေးခြင်းကသာ စစ်မှန်တဲ့အခွင့်အရေးကို ရရှိအောင်လုပ်ဆောင်နိုင်မှာဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

Comments

comments

Next Post

ထိရောက်သည့် ဥပဒေများ၊ လုပ်ဆောင်ချက်များဖြင့် တိုင်းရင်းသားအရေးကို မြှင့်တင်ပေးပါ။

Tue Aug 6 , 2019
မြန်မာ့ပညာရေးစနစ်တွင် ဗမာဘာသာကို ဦးစားပေးထားခြင်းသည် တိုင်းရင်းသား ဘာသာစကားများ တဖြည်းဖြည်း ပျောက်ကွယ်ခြင်းဆီသို့ ဦးတည်သွားမည့်အပေါ် တိုင်းရင်းသားလူနည်းစု ခေါင်းဆောင်များက စိုးရိမ်ပူပန်လျက်ရှိကြသည်။  မကြာသေးမှီက ကရင်နီအမျိုးသားနေ့တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ ဗိုလ်မှူးချုပ်အောင်မြတ်က မိခင်ဘာသာစကားနှင့် ပတ်သက်သောအရေးကိစ္စအား ထည့်သွင်းပြောကြားသည့်တွေ့ဆုံမေးမြန်းခန်းကို KnIC မှ တင်ပြထားခဲ့ပါသည်။   “ပညာတတ်ကျွမ်းတဲ့ သူတွေလည်း အများအားဖြင့် အင်္ဂလိပ်၊ ဗမာပဲ တတ်ကြတယ်။ ကိုယ့်မိခင်စာပေကို မတတ်ကျွမ်းကြဘူး။ ကိုယ့်မိခင်ဘာသာစကားကို မသုံးကြပဲ တခြားဘာသာစကားကိုပဲ သုံးကြတယ်။” ဟု ဗိုလ်မှူးချုပ်အောင်မြတ်က ယခုခေတ်ပညာတတ်လူငယ်အများစုကို ရည်ညွန်းပြောဆိုသွားပါသည်။  ထို့အပြင် နိုင်ငံခြားသို့ ရောက်သွားသည့် ကရင်နီလူမျိုးဖြစ်စေ၊ ပြည်တွင်းထဲ ကျန်နေသည့် ကရင်နီလူမျိုးများဖြစ်စေ၊ လူကြီးလူငယ်မိဘများကအစ မိမိတို့၏ မိခင်တိုင်းရင်းသား ဘာသာစကားကို မသိတော့သူ အများကြီးရှိလာသည့်အတွက် […]