spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

၂၀၂၃ခုနှစ်မှာ အုပ်ချုပ်ရေးနဲ့ လူထုဝန်ဆောင်မှုလုပ်ငန်းတွေ ပိုမိုတိုးချဲ့ဆောင်ရွက်သွားမယ်လို့ NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဒု-ဝန်ကြီးပြော

ကန္တာရဝတီတိုင်း(မ်)

၂၀၂၃ခုနှစ်မှာ လူထုတွေနဲ့ပူးပေါင်းပြီး အုပ်ချုပ်ရေးလုပ်ငန်းနဲ့ လူထုဝန်ဆောင်မှုလုပ်ငန်းတွေကို ပိုမိုတိုးချဲ့ဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG ) ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ခူးထဲဘူးက ပြောပါတယ်။

၂၀၂၂ခုနှစ်အတွင်းမှာ နယ်မြေစိုးမိုးမှုနဲ့အတူ တစ်စစီဖြစ်နေတဲ့ အုပ်ချုပ်ရေးယန္တာရားကို စနစ်တကျဖြစ်အောင်ပြုလုပ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

အဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီး NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဒု-ဝန်ကြီး ခူးထဲဘူးကို ကန္တာရဝတီတိုင်းက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ။ အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG ) အနေနဲ့ ၂၀၂၂ခုနှစ်မှာ ဘာတွေလုပ်ဆောင်ခဲ့သလဲ။

ဖြေ။ ။ အဓိကတော့ ခုကျနော်တို့ဒီ တော်လှန်ရေးလုပ်နေရတဲ့ချိန်မှာ စပြီးတော့ ကျနော်တို့ဒီပထမတစ်နှစ်မှာတော့ သက်တမ်းလည်းနုတယ်။ နောက်ပြီးတော့ ဘက်ပေါင်းစုံကနေ အခြေအနေအမျိုးမျိုးကနေပြီးတော့မှ ကျနော်တို့စုစည်းပြီးတော့မှ ဒီတော်လှန်ရေးဆင်နွဲကြတယ်။ ပူးပေါင်းပြီးတော့မှ ဒီအစိုးရကို ဖွဲ့စည်းကြတဲ့ချိန်မှာ အခက်ခဲအများကြီးရှိပါတယ်။ ဘယ်လိုပြောရမလဲ။ ကျနော်တို့ငွေရေးကြေးရေးလည်း မရှိဘူး ဝလုံးကနေပြန်ပြီးတော့စရတဲ့ အစိုးရလိုမျိုးဖြစ်နေတော့ အဖက်ဖက်က ပြည်သူလူထုရဲ့ အားနဲ့ပဲ ကျနော်တို့ဒီတော်လှန်ရေးကို စကြရတာပေါ့နော။

အစိုးရအဖွဲ့စည်း ပြည်သူလူထုပံ့ပိုးကူညီမှုနဲ့ပဲ ဖွဲ့စည်းတွေကြောင့်ပြည်သူကလည်း သူရုန်းကန်နေရတယ်။ အဲဒီမှာ ကျနော်တို့အခက်ခဲအများကြီးရှိပါတယ်။ သို့သော် ဝိုင်းဝန်းပြီးတော့မှ ညီညီညာညာနဲ့ ကျနော်တို့အများကြီးဆောင်ရွက်နိုင်တယ်လို့ ကျနော် ပြောချင်ပါတယ်။ သူ့ကဏ္ဍအလိုက်ပေါ့လေ ဥပမာ ကျနော်တို့ကတော့ ပြည်ထဲရေးမှာဆိုရင်တော့ ပြည်သူလူထုနဲ့ပူးပေါင်းဆောင်ရွက်ပြီးတော့ ပြည်သူ့အုပ်ချုပ်ရေးကိုကျနော်တို့ ချမှတ်ဆောင်ရွက်တယ်။ အဓိကတော့ စစ်ကိုင်းတိုင်းတို့ မကွေးတိုင်းတို့ အဲ့လိုမျိုးတွေမှာပေါ့နော။ နောက်တဖြည်းဖြည်းချဲ့ပြီးတော့မှ ကျနော်တို့အများကြီးထပ်မံဆောင်ရွက်နိုင်ဖို့ကိုလည်း ကျနော်တို့ဆောင်ရွက်နေတာပေါ့နော။ ပြည်သူလူထုရဲ့ အုပ်ချုပ်ရေးဖက် နောက်တစ်ခုက အဓိက အခုလောလောဆယ်မှာလေ အစိုးရတစ်ခုလုံးကို ဘယ်လိုပြောရမလည်း ဟိုဟာပေါ့။

အပြည်ပြည်ဆိုင်ရာနဲ့နိုင်ငံတကာအသိအမှတ်ပြုနိုင်ရေးကို လုံးပန်း နေကြတာလေ။ အဲ့လိုမျိုးဖြစ်တဲ့အချိန်မှာက ကျွန်တော်တို့ဆိုင်ရာဆိုင်ရာတွေက သိတဲ့အတိုင်းပဲ သတင်းထဲမှာ ကြားတဲ့အတိုင်းပဲ အများကြီးတိုးတက်လာတယ်။ နိုင်ငံတကာလည်း တော်တော်သိလာတယ်။ အသိမှတ်ပြုလာတယ် အဲ့လိုမျိုးတွေရှိတာပေါ့။ နောက်အကူညီပံ့ပိုးတွေ အများကြီးလည်း လူထုအတွက်အများကြီး အကျိုးသက်ရောက်မှုတွေရှိပါတယ်။ အဲ့ဒါတော့ ကျနော်တို့ နိုင်ငံတကာနဲ့ အသိမှတ်ပြုနိုင်ဖို့ ဒီတော်လှန်ရေးကြီးကလည်း အဓိကတော့တစ်ခုထပ်ပြောချင်တာက ဒီတိုက်ပွဲဝင်နေတဲ့ကျနော်တို့ ရဲဘော်ရဲဖက်များ ပြည်သူလူထုများပေါ့နော ဦးဆောင်နေကြတဲ့ အတွက်ကြောင့်လည်း နေရာတကာမှာ ကျနော်တို့ဒီနယ်မြေစိုးမိုးမှုကို အများကြီးကို ကျနော်တို့လုပ်ဆောင်လာတယ်။ အားလုံးလည်း အဲ့ဒါနယ်မြေစိုးမိုးမှုကို လုပ်ဆောင်လာတဲ့အတွက် နောက်ကျနော်တို့ ဒီတစ်ချိန်ထဲမှာပဲ နယ်မြေစိုးမိုးမှုနိုင်တာလည်း ထိန်းထားနိုင်အောင်လည်း ကျနော်တို့ ဒီအုပ်ချုပ်ရေးယန္တာရားကို ဖွဲ့စည်းနိုင်တာပေါ့လေ။ အဲဒါလည်း အဓိကလုပ်ငန်းတွေပေါ့နော အဲလိုလည်း ပြောချင်ပါတယ်။

နောက်ဒုက္ခဆင်းရဲရောက်နေတဲ့ကျနော်တို့ခံစားနေရတဲ့ဒီနှိပ်စက်ခြင်းခံ၊သတ်ဖြတ်ခံနေရတဲ့ ကျွန်တော်တို့လူထုစစ်ဘေးရှောင်ပြည်သူလူထုတွေအများကြီးရှိတော့ အဲ့ဒီကဏ္ဍအနေနဲ့ ကျန်းမာရေးဂရုစိုက်မှုတွေ၊ ကုသမှုတွေ၊ ပညာရေးကဏ္ဍတွေ နောက်ပြီးတော့ကလေးတွေရဲ့ ပညာရေးတွေ မပျက်ပြယ် မဆုံးရှုံးသွားစေရအောင်လည်း ဒါတတ်နိုင်တဲ့ဘက်ကနေ ပညာအခန်းကဏ္ဍကနေ လုပ်နေကြရတယ်ပေါ့နော။နောက်တစ်ခုက ကျွန်တော်တို့ပြည်သူလူထုကို အကာကွယ်ပြုနေတဲ့ PDF ကိုအချိတ်အဆက်ရှိရှိနဲ့ ဒီတိုက်ပွဲဝင်နိုင်အောင်အကာကွယ်ပြုနိုင်အောင် စီမံဆောင်ရွက်တာပေါ့လေ။ အဲ့လိုမျိုးတွေ အများကြီးရှိပါတယ်။နောက်တစ်ခုက ဒီဒုက္ခရောက်နေတဲ့လူထုတွေကို အချိန်မရွေးပေါ့နော မငတ်မပြတ်ရအောင် အစာရေစာ ငတ်မွတ်ခေါင်းပါးခြင်းကနေ ကင်းဝေးအောင်ပေါ့လေဒါကလည်း ဆောင်ရွက်နေကြတာပေါ့။ ရှင်းရှင်းပြောရရင်တော့ ကူညီပံ့ပိုးတာကို အများနဲ့ဝိုင်းဝန်းပြီးလုပ်ကြတာပေါ့။ ဒါတတ်နိုင်တဲ့ဖက်က ပြည်သူလူထုတစ်ဦးချင်းသော်လည်းကောင်း၊ NUGကသော်လည်းကောင်း၊ အဝေးရောက်နေတဲ့ မြန်မာနိုင်ငံသားများကနေသော်လည်းကောင်း၊ အစုအဖွဲ့လိုက်သော်လည်းကောင်း လုပ်ဆောင်ပေးနေကြတာ မြင်ရတော့ ဒါကျွန်တော်တို့ရဲ့ အောင်မြင်မှုပဲလို့ပဲမှတ်ယူပါတယ်။

မေး။ ။ ကရင်နီပြည်မှာဆိုရင်ကော နယ်မြေစိုးမိုးမှုတွေ ဘယ်လောက်အထိ ပြုလုပ်နိုင်ပြီလို့ ပြောလို့ရနိုင်လဲ။

ဖြေ။ ။ ကရင်နီကတော့ ဒီစစ်ကောင်စီတွေကလည်း မြို့ပေါ်မှာပဲ စီမံခန့်ခွဲလို့ ရှိနိုင်တော့တယ်ပေါ့နော။ ကျန်တဲ့ဒီကျေးလက်ဒေသ သူတို့လက်လှမ်းမမီနိုင်တဲ့ ဒေသတွေမှာ အများကြီးတော့ သူတို့ဘာမှမလုပ်ဘူး မထိန်းနိုင်တော့ပါဘူး။ အဓိကတော့ ဒီစစ်တပ်ကတော့ သူတို့ရဲ့ မြို့ပေါ်မှာ သူတို့ရဲ့တပ်စခန်းနဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ ရွာသားတွေလောက်ကိုပဲ မြို့သူမြို့သားတွေလောက်ပဲ သူထိန်းထားနိုင်ပါတယ်။ ကျန်တဲ့ အပြင်မှာတော့ သူတို့တော်တော်လေး လူထုကပဲသူ့ဟာသူ စီမံကွပ်ကဲနေတယ်လို့ ပြောလို့ရတယ်ပေါ့လေ။ အဲ့လိုမျိုးလေ သူတို့ကတော့ တကယ့်မြို့ပေါ် ဥပမာ လွိုင်ကော်- ကျနော်တို့မြို့နယ်တောင် သူ့ရဲ့ဖွဲ့စည်းပုံအရ ၇ မြို့နယ်ပဲရှိတယ်။ ၇ မြို့နယ်ပဲရှိတော့ ဥပမာ လွိုင်ကော်တစ်မြို့နယ်၊ ဘယ်လိုပြောရမလည်း ပြည်နယ်ရဲ့ မြို့နယ်ပေါ့နော။ လွှတ်တော်က အခုသူတို့ အဲပတ်ဝန်းကျင်ပဲရှိတယ်။ နောက်ဒီးမော့ဆိုတို့ ဖရူဆိုမြို့နယ်တို့ဆိုပျက်ပြီ အဲလိုမျိုးလူထုလည်း မနေတော့ပါဘူး။ နောက်တစ်ခုက တခြားမြို့ဖြစ်တဲ့ ဒီရှားတော- ရှားတောကွက်ကွက်ကလေးပဲ သူတို့ထိန်းထားနိုင်တယ်။ နောက်ဖားဆောင်းတို့ ဘောလခဲတို့စသဖြင့်ပေါ့လေ။ အဲလိုမျိုးတွေပဲသူတို့ ထိန်းထားနိုင်တယ်။ နောက်ပြီးတော့ မယ်စဲ့တို့ပေါ့။ ကျန်တဲ့ဟာဆို ဒီပတ်ဝန်းကျင် ဒီမြို့နဲ့တော်တော်လှမ်းဝေးတဲ့နေရာ သူတို့တော့မလုပ်ထားနိုင်တော့ပါဘူး။ ပြောလို့ရတာပေါ့လေ။ အဲ့ဒါပါပဲ။

မေး။ ။ နယ်မြေစိုးမိုးမှုတွေနဲ့အတူ အုပ်ချုပ်ရေးယန္တာရားတွေကိုလည်း ဘယ်လောက်အထိ ပြုလုပ်နိုင်ပြီလို့ ပြောလို့ရနိုင်လဲ။

ဖြေ။ ။ အုပ်ချုပ်ရေးကတော့ ဒီလိုရှိတယ်။ ကျနော်တို့ဒီက အထူးသဖြင့်ကတော့ အခုလိုကျနော်တို့ ဒီ ကရင်နီပြည်နယ်အနေနဲ့ တွက်ရင်တော့ နှစ်ပေါင်းများစွာ တော်လှန်ရေးလှုပ်ရှားလုပ်နေခဲ့တဲ့ ကျနော်တို့ ဒီဒေသခံတော်လှန်ရေးအဖွဲ့စည်းတွေရှိတယ်။ ဆိုတော့ သူ့နယ်မြေနဲ့သူ နှစ်ပေါင်းများစွာကတည်းကိုက ဒီလူထုနဲ့အတူပူးပေါင်းပြီးတော့မှ ဒီအုပ်ချုပ်ရေးယန္တာရားလိုအကောင်ထည်ဖော်နေတာကြာပြီ။ အဲလိုဖြစ်ပါတယ်။ ဆိုတော့ အဲဒါလည်း သူ့အလိုလျောက်နဲ့က လူထုနဲ့ စုပေါင်းပြီးတော့မှ စီမံကွပ်ကဲနေတာပေါ့နော။ အဲ့ဒါ ဒါတော့အထူးသဖြင့် ကျေးလက်ဒေသ မြို့ပေါ်မှာတော့ သူတို့မထိန်းချုပ်နိုင်သလို ပြောလိုမျိုး သူတို့မထိန်းနိုင်ဘူးပေါ့။ မကွပ်ကဲနိုင်ပါဘူး။ ဆိုတော့ အဲ့လိုပဲ ပြောလို့ရပါတယ်။

ဒါပေမယ့် ကျနော်တို့ဒီ တိုင်းဒေသကြီးမှာကကြတော့ ကျနော်တို့ဒီဟိုဟာပေါ့ ပြည်သူလူထုနဲ့အတူ ပြည်သူ့အုပ်ချုပ်ရေး၊ မြို့နယ်အဆင့် ပြည်သူ့အုပ်ချုပ်ရေးကိုလည်း အကောင်အထည်ဖော်နေတာ ဟိုးအစကတည်းကပေါ့လေ။ ဘာဖြစ်လည်း ရဲဘော်ရဲဖက်တွေကနေ ဒီတော်လှန်ရေး ရဲဘော်ရဲဖက်တွေကနေပြီးတော့ ဒီနယ်မြေကို သူတို့ထိန်းထားနိုင်တယ်။ သိမ်းနိုင်ပြီးတော့ ကျနော်တို့ စိုးမိုးနိုင်တဲ့အချိန်မှာ ကျနော်တို့ တစ်ခါတည်းပဲ တစ်ဆက်တည်းမှာပဲပေါ့ အခြေနေကကောင်းပြီ ခိုင်ခိုင်မာမာရှိပြီ လုံလုံခြုံခြုံရှိပြီဆိုရင်တော့ အုပ်ချုပ်ရေးယန္တာရားကိုတော့ ဒီမြို့နယ်အဆင့်ထိပေါ့။ အများကြီး အထူးသဖြင့် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာပေါ့နော။ အဲလိုမျိုးတည်ထောင်လာနိုင်ခဲ့တာ ကြာပါပြီ။ နောက်တစ်ခါတော်တော်လေး တစ်ဆင့်တက်ပြီးတော့ အခုဆိုရင် တချို့ခရိုင်တွေမှာ ခရိုင်အုပ်ချုပ်ရေး ယန္တာရားကိုတောင်မှ တည်ဆောက်ထားနိုင်ပြီပေါ့လေ အဲလိုပြောချင်ပါတယ်။

မေး။ ။ ၂၀၂၂ခုနှစ်ဟာ အရင် ၂၀၂၁ခုနှစ်ထက် တော်လှန်ရေးလုပ်ငန်းအပိုင်းမှာ ဘာတွေကွာခြားသွားတယ်လို့ ပြောလို့ရနိုင်လဲ။

ဖြေ။ ။ ၂၀၂၁ မှာ ကျနော်နှစ်ဦးအစဆိုတော့လေ အများကြီးရုန်းကန်ရတာပေါ့။ သို့သော်ဘယ်လိုဖြစ်ဖြစ် ရုန်းကန်ပြီးတော့ အောင်မြင်မှုရပါတယ်။ အောင်မြင်မှုဆိုတာ လူထုနဲ့ဖက်ပေါင်းစုံကနေပြီးတော့မှ နားလည်မှုအသိရှိကြတယ်။ ဝိုင်းဝန်းစုပေါင်းပြီးတော့မှ လုပ်ကြတယ်ဆိုရင်တော့ ဘာမှဘယ်လိုပြောရမလဲ မရှိပေမယ့်လည်း ရှိတာလေးနဲ့ တော်လှန်တိုက်ခိုက်ကြတယ်။ ရှင်းရှင်းပြောရရင် ဥပမာပြောရရင်တော့ ဒီကာကွယ်ရေးဌာနကိုတောင်မှ သူတို့တူမီးနဲ့ လက်လုပ်သေနတ်တွေနဲ့ တော်လှန်ရေးစခဲ့တာပဲ။ အခုလည်းဒီလိုပဲ တဖြည်းဖြည်း နည်းနည်းတော့ အများကြီးတိုးတက်လာတယ်။ တဖြည်းဖြည်းပေါ့နော အုပ်ချုပ်ရေးလည်း ကျနော်တို့ဘာမှ မချမှတ်နိုင်သည့်တိုင်အောင်လည်း ကျနော်တို့ NUG ကနေ ဒီအုပ်ချုပ်ရေးယန္တာရားမချမှတ်နိုင်ခင်မှာ ဒီလူထုကိုယ်တိုင်၌က သူ့ဟာသူ ကြိုးစားပြီးတော့မှ သူတို့နည်းသူတို့ဟာပေါ့နော စနစ်တကျလေး မဖြစ်တာနောက်မှ ပရမ်းပတာမဖြစ်ဖို့တော့သူတို့ ကြိုးစားပြီးတော့သူစီမံကွပ်ကဲနေတယ်။ နောက်ပိုင်းမှ ကျနော်တို့ NUG ကနေပြီးတော့မှ ထပ်ပြီးတော့ဖြည့်ဆည်းလိုက်တော့ သူတို့အများကြီး တော်တော်လေး စနစ်တကျဖြစ်လာတယ်လို့ ပြောလို့ရတယ်ပေါ့လေ။

အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG ) ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ခူးထဲဘူး

မေး။ ။ ကရင်နီပြည် အတိုင်ပင်ခံ ( KSCC ) နဲ့ကော လက်ရှိမှာ ဘယ်လိုချိတ်ဆက်ပြီး ဆောင်ရွက်နေတာရှိလဲ။

ဖြေ။ ။ အဓိကတော့ KSCC တစ်ခုတည်းရယ်လို့တော့ မဟုတ်ပါဘူး။ ကျနော်ဒီမှာရှိတဲ့ ကချင်ကိုယ်စားပြုပေါ့နော။ အဲဒီမှာ ပြည်နယ်ဒေသတိုင်းမှာရှိတဲ့ ဥပမာ ကချင်ဆိုလည်း ကချင်ပေါ့။ ချင်းဆိုလည်းချင်း မွန်ဆိုလည်းမွန် ကရင်ဆိုလည်းကရင်ပေါ့။ ဥပမာ ကျနော်တို့ကရင်နီဆို KSCC ပေါ့လေ။ အဲဒါ အဓိကကတော့ လူထုခဏကျနော်တို့ပြောတဲ့ လူထုရဲ့ ဒီဝန်ဆောင်မှုလုပ်ငန်းတွေကို ပြည်နယ်တွေမှာကနေပြီးတော့မှ ကျနော်တို့ NUG နဲ့ဆက်စပ်ဆောင်ရွက်ကြတာပေါ့နော။ ခဏ ပညာရေးတို့ ကျန်းမာရေးတို့ လူသားချင်းစာနာထောက်ထားမှုကူညီပံ့ပိုးရေးတို့ အဲဒီကိစ္စတွေနောက်တရားရေး နောက်ဟိုဟာနည်းပညာတွေနောက်ဘယ်လိုပြောရမလဲ။ နောက်ဟိုဟာပူးပေါင်းဆောင်ရွက်တာပေါ့နော။ ပညာပေးလုပ်ငန်းတွေ အဲလိုမျိုးလည်း ပူးပေါင်းဆောင်ရွက်ကြပါတယ်။ ဒါတော့ ပူးပေါင်းကြတာတော့ ကာကွယ်ရေးလည်း ပူးပေါင်းကြတာပဲ ဘာဖြစ်လည်းဆိုရင် ဟိုဒီ KNDF ကလည်းကရင်နီကို ကိုယ်စားပြုသော ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တယ်။ သို့သော် ကျနော်တို့ NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ PDF တပ်ဖွဲ့တွေရှိတယ်။ အဲ့ဒါလည်း KNDF နဲ့ပူးပေါင်းပြီးတော့မှ သူတို့အပြန်အလှန်ချိတ်ဆက်ဆောင်ရွက်မှုတွေ အများကြီးရှိပါတယ်။

မေး။ ။ KSCC နဲ့ ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ ဘယ်လောက်အတိုင်းအတာအထိ ပူးပေါင်းဆောင်ရွက်တယ်လို့ ပြောလို့ ရနိုင်လဲ။

ဖြေ။ ။ အုပ်ချုပ်ရေးယန္တာရားကိုတော့ ကျနောတို့ NUG ကနေပြီးတော့ ဒီပြည်နယ်တိုင်းရင်းသားဒေသတွေမှာ သူဝင်ရောက်စွတ်ဖက်ပြီးတော့ အစီအမံတော့ မပြုဘူး။ အဓိကတော့ လူထုတွေရဲ့ ဒီဝန်ဆောင်မှုလုပ်ငန်းတွေပေါ့နော ကျန်းမာရေးတို့ ကျန်းမာရေးကိစ္စ နောက်ကျောင်းတည်ဆောက်တာတို့ နောက် ကျောင်း ဆရာ၊ဆရာမတွေ ပံ့ပိုးကူညီတာတို့ ပညာတွေ CDM ဆိုနေရာတိုင်းမှာရှိတယ်လေ။ ဆိုတော့ CDM လုပ်နေတဲ့ကျနော်တို့ ကျောင်းဆရာ၊ ဆရာမတွေ ပညာရေးဝန်ထမ်းတွေ ပံ့ပိုးကူညီတာတို့ နောက်ကျောင်းတွေတည်ဆောက်တဲ့အချိန်မှာ အထောက်ကူစ္စည်းတွေ သင်ကြားမှုအထောက်ကူစ္စည်းတွေ နောက်ပြီးတော့ ဆေးဝါးတွေ ဒါလည်း NUGကနေတတ်နိုင်သလောက် ပံ့ပိုးတယ်။ ဥပမာ ကျနော်တို့ ထဲထဲဝင်ဝင်ပြောရရင်တော့ ကျနော်တို့ကရင်နီပြည်မှာဆိုလည်း Nursing ကောလိပ်ဖွင့်တာပေါ့နော။ NUG ကနေ အတတ်နိုင်ဆုံးပါဝင်ပြီးတော့မှ ပံ့ပိုးကူညီပြီး လိုတဲ့ပညာရပ်တွေလည်း သူတို့ရှာပေးပါတယ် လူအရင်းအမြစ်တွေကအစပေါ့နော။

မေး။ ။ ဒီလိုမျိုးကရင်နီပြည်ကို NUG အနေနဲ့ အကူအညီအထောက်အပံ့တွေပေးတဲ့နေရာမှာ NUG ကနေ တိုက်ရိုက်ပေးတာမျိုးလား။ ဒါမှမဟုတ် ကရင်နီပြည်အတိုင်ပင်ခံကောင်စီ ( KSCC ) နဲ့ ချိတ်ဆက်ပြီး ကူညီထောက်ပံ့တာလား။

ဖြေ။ ။ အဲ့တာကတော့ အချိတ်အဆက် ပထမကတော့ KSCCကလည်းသိပ်ပြီးတော့မှ စနစ်တကျလည်းမရှိသေးဘူးပေါ့နော။ဘာဖြစ်လို့လဲဆို ကျွန်တော်တို့အားလုံးစုစည်းပြီးတော့မှ နောက်တိုက်ပွဲလည်း ဝင်နေကြရတယ်ဆိုတော့ စုစည်းဖို့ကလည်းခက်တာပေါ့နော။ ဆိုတော့အဲ့ဒါနဲ့ ပထမကတော့ ခုနကကျတော်တို့ပြောသလိုပဲ နေရာတိုင်းမှာက ဒီCDMရော ပြည်သူလူထုက သူ့ဟာနဲ့သူ ကော်မတီဖွဲ့စည်းထားပြီးသား။ ကျန်းမာရေးဆိုလည်း ကျန်းမာရေး၊ ဒီပညာရေးဘုတ်အဖွဲ့တွေ၊ ပညာရေးအဖွဲ့တွေ၊ ကျန်းမာရေးကော်မတီတွေ အဲ့ဒါကျွန်တော်တို့ အသင်းအဖွဲ့တွေအားလုံးက သူ့ကိုသွားချိတ်ဆက်လိုက်ရုံပဲရှိတယ်။ နောက်အဲ့ဒီမှာတောင်မှအဲ့ဒီ KSCC မပေါ်ပေါက်ခင်ကတည်းကိုက ဒေသအလိုက်က သူ့ကော်မတီနဲ့သူရှိထားပြီးသား။ ဆိုတော့ အဲ့ဒီကတည်းကိုက ကျွန်တော်တို့ NUG
နဲ့သွားအချိတ်အဆက် လုပ်ထားပြီးသား။ ဆိုတော့သူတို့ ပူးပေါင်းဆောင်ရွက်ကြတာပေါ့နော။ နောက်တဖြည်းဖြည်း KSCC ပေါ်ပေါက်လာတော့ KSCCရဲ့ မူအရက ဒီဖယ်ဒရယ်စနစ်နဲ့ သွားမယ်ဆိုရင်တော့ အားလုံးပူးပေါင်းဆောင်ရွက်ကြဖို့ လိုတယ်ဆိုတော့၊ အခုဆိုရင် ဥပမာ KSCC မှာလည်း သူ့ကျန်းမာရေးကော်မတီရှိတယ်၊ ပညာရေးကော်မတီတွေ ရှိတယ်ဆိုတော့ ဌာန၊ ဌာနအလိုက်တော့ ဆက်စပ်ဆောင်ရွက်ဖို့တော့ သဘောတူညီမှုတွေရှိထားကြတယ်ပေါ့နော။

မေး။ ။ ဒီလာမယ့် ၂၀၂၃မှာကော NUG အနေနဲ့ ဘယ်လိုဆက်ပြီး ဆောင်ရွက်သွားဖို့ရှိလဲ။

ဖြေ။ ။ ကျွန်တော်တို့ချမှတ်ထားတဲ့ ရည်မှန်းချက်ပန်းတိုင်အတိုင်းပေါ့လေ။ တဖြည်းဖြည်းတော့ တတ်နိုင်သလောက်ဆောင်ရွက်သွားပါမယ်။ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့ရည်မှန်းချက်ပန်းတိုင်က တကယ့်စစ်ကောင်စီ အပြီးသတ်ချေမှုန်းပြီးရင်တော့ သူတို့စစ်ကောင်စီ ကျဆုံးရေးပေါ့နော။ အဲ့တာပြီးလို့ရှိရင် တကယ့်ပြည်သူလူထု အစိုးရပေါ်ပေါက်ရေးပေါ့လေ။ နောက် အနာဂတ် ဖယ်ဒရယ်ပြည်ထောင်ရေး အဲ့လိုဖြစ်တယ်။ ဆိုတော့ အဲတာကလည်း ကျွန်တော်တို့ ဒေသခံပြည်သူလူထုတွေနဲ့ ပူးပေါင်းဆောင်ရွက် ရမှာဖြစ်တယ်။ အဲတော့ အဓိကတော့ ကျနော်တို့ခဏကျနောတို့ပြောတဲ့ နယ်မြေစိုးမိုးရေးကို ကျနော်တို့ ဒါစစ်ရေးအရလည်း လုပ်သွားမှာဖြစ်တယ်။ နောက်အုပ်ချုပ်ရေးကိုလည်း တိုးချဲ့ပြီးတော့မှ လူထုနဲ့အတူ စုပေါင်းဖွဲ့စည်းရမှာဖြစ်တယ်။ နောက်ခဏ လူထုရဲ့လိုအပ်မှုဖြစ်တဲ့ လူထုရဲ့ ဒီဘယ်လိုပြောရမှာလည်း လိုအပ်ချက်တွေပေါ့နော၊ ဥပမာ- အစာရေစာပဲဖြစ်ဖြစ်၊ ဝန်ဆောင်မှုလုပ်ငန်း လူထုဝန်ဆောင်မှုလုပ်ငန်း အားလုံးလည်းကျနော်တို့ တိုးချဲ့ပြီး ထပ်လုပ်ရမှာဖြစ်တာပေါ့နော။ အဓိကအဲ့တာပေါ့နော။ နောက်အပြည်ပြည်ဆိုင်ရာမှာလည်း ကျနော်တို့လည်း လူထုရဲ့ခံစားနေရတဲ့ အခြေနေတွေ နောက်ပြီးတော့ ဒီနောက်ထပ် ကျနော်တို့လူထုရဲ့ အသံတွေက အပြည်ပြည်ဆိုင်ရာမှာလည်း သိအောင်လည်း ဒါနိုင်ငံတကာကိုလည်း ပြောကြားဖို့လိုတယ်။ ဒါတော့ ဌာနဆိုင်ရာအလိုက်က သူ့ဟာသူ အပြည်ပြည်ဆိုင်ပူးပေါင်းဆောင်ရွက်ကော်မတီ ဝန်ကြီးဌာနလည်းရှိတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနလည်းရှိတယ်။ ကျနော်တို့လုပ်ငန်းစဉ်တွေကလည်း လူထုအပေါ်မှာ ဘယ်လောက်အခြေခံလည်း လူထုတွေကိုယ်စားပြုလည်း သိသွားရအောင်လည်း လူထုရဲ့အသံကကျနော်တို့ဒီအပြည်ပြည်ဆိုင်ရာသိအောင်လည်း ကျနော်တို့လုပ်ရမှာပေါ့နော။ ဒါမှသာလျှင် ကျနော်တို့ အပြည်ပြည်ဆိုင်ရာက ကျနောတို့ရဲ့ခံစားမှုကို သိပြီးတော့ သနားကြင်နာပြီးတော့ လူသားချင်းစာနာပြီးတော့ ကျနော်တို့ကိုလည်း ကူညီနိုင်မှာလို့ ကျနော်ယုံကြည်ပါတယ်။

မေး။ ။ ရည်မှန်းထားတဲ့ ပန်းတိုင်ရှိနေပြီဆိုတော့ အဲဒီပန်းတိုင်က ဘယ်လောက်အထိရောက်နေပြီလို့ ပြောလို့ရနိုင်လဲ။

ဖြေ။ ။ ကျနော်တို့သတ်မှတ်ထားတယ်ဆိုတာက ဟိုဟာပေါ့လေ ခဏကျနော်ပြောသလိုမျိုးပဲ စစ်ကောင်စီကျဖို့ ဆောင်ရွက်ရမယ်ပေါ့နော။ နောက်ပြီးတော့ ကျနော်တို့လူထုရဲ့အစိုးရပေါ်ပေါက်ရမယ်။ အဲ့ဒီမှာတော့ အဝေးကြီးလိုပါသေးတယ်။ အဲဒါဖြစ်ဖို့က ကျနော်တို့ ဒီတဆင့်ပြီးတဆင့်ပြောင်းလဲမှုတွေလုပ်ရမှာပေါ့။ ဘာလို့လဲဆိုတော့ ဘယ်လောက်ရောက်နေပြီလည်းလို့ ကျနော်တို့ဒီအတိုင်းတော့ မပြောနိုင်ဘူး။ ဒါပေမယ့် သွား ရှေ့ကိုသွားနေတာတော့ သွားနေတာပဲအဲလိုမျိုးတော့ ယုံကြည်ပါတယ်။

spot_img
spot_img