Sunday, January 24, 2021

၂၂ နှစ်အတွင်းမိုးဗြဲ ဆည်ရေ အနည်းဆုံးရေ အမှတ်သို့ရောက်ရှိ၊ နွေစပါးအတွက် လျာထားဧကရဲ့ ၄ပုံ ၁ပုံသာ ပေးနိုင်မည်

Must read

ဇန်နဝါရီလ စတ္တုထအပတ် ကယန်းဘာသာ ရေဒီယို

https://soundcloud.com/kantarawaddy-times/tzpws4pfhlt9 ကယန်းရေဒီယိုအစီအစဥ်အပတ်စဥ်တင်ဆက်နေကျတိုင်းရင်းသားဘာသာရေဒီယိုအစီအစဥ် (ကယန်း)(စနေနေ့ည ၇ နာရီတိုင်း)ယခုတစ်ပတ်မှာတော့ 'ကိုဗစ်ကာလ စာသင်ကျောင်းတွေကိုဖွင့်လှစ်နိုင်ဖို့အတွက် ကြိုတင်စစ်ဆေးမှုပြုလုပ်နေ' ဆိုတဲ့သတင်းနဲ့ 'တတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီ ၉ ရက်တွင်ကျင်းပမည်' သတင်းနဲ့အတူ 'မပြီးဆုံးသေးတဲ့...

“ပြည်နယ်ငြိမ်းချမ်းရေးဖြစ်စဉ်ကို လွတ်လွတ်လပ်လပ်စောင့်ကြည့်ခွင့်မရသေးဘူး” လို့ ဆိုတဲ့ ဆရာမာတီးယာ နဲ့ တွေ့ဆုံမေးမြန်းခြင်း

အန်ထော်နီ ဆရာမာတီးယာဟာ ကယားပြည်နယ် ငြိမ်းချမ်းရေးဖြစ်စဉ်ကို စောင့်ကြည့်လေ့လာနေသူဖြစ်ပါတယ်။ လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ပါတ်သက်ပြီး ဘယ်လိုစောင့်ကြည့်နေရသလဲ၊ ဘာကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကိုစောင့်ကြည့်ဖို့ လိုသလဲ၊ ဆိုတာတွေကို ကန္တာရဝတီတိုင်း(မ်)က ဆရာမာတီးယာနဲ့ တွေ့ဆုံမေးမြန်းခဲ့တာတွေထဲက...

ဆောင်းတွင်းမှာ သူတို့လေးတွေ နွေးကြပါစေ

https://youtu.be/43r1Jf9zaag ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အစွန်အဖျားဒေသ ရီနွဲ့ကျေးရွာအုပ်စုရှိ ကံထန်းကျေးရွာအကြောင်းကို တင်ဆက်ထားတာဖြစ်ပါတယ်။

ဇန်နဝါရီလ စတ္တုထအပတ် ကယားဘာသာ ရေဒီယို

https://soundcloud.com/kantarawaddy-times/jakhalrvwwro ကယားရေဒီယို အစီအစဉ်အပတ်စဉ် တင်ဆက်နေကျတိုင်းရင်းသားဘာသာ ရေဒီယို အစီအစဉ် (ကယား)(သောကြာနေ့ ည ၇ နာရီတိုင်း)ယခုတစ်ပတ်မှာတော့ ‘ကိုဗစ်ကာလ စာသင်ကျောင်းတွေကို ဖွင့်လှစ်နိုင်ဖို့အတွက် ကြိုတင်စစ်ဆေးမှုပြုလုပ်နေ’ ဆိုတဲ့သတင်းနဲ့ ‘သီရိမင်္ဂလာဈေး အဆင့်မြင့်တင်မယ့်အစီအစဉ်ကို...

နော်ဒွေးအယ်ခူ

ကယားပြည်နယ် အတွင်းက ဘီလူးချောင်းရေအားလျှပ်စစ်စက်ရုံ လည်ပတ်ဖို့ နဲ့ ဆည်ရေသောက်လယ်တွေ အားထားနေရတဲ့ မိုးဗြဲဆည်ရေလှောင်တမံ ဟာ ၂၂ နှစ်အတွင်း အနည်းဆုံးရေသိုလှောင်ထားနိုင်တဲ့ ရေအမှတ်ကိုရောက်ရှိနေပါတယ်။

ဒါကြောင့် လာမယ့် မတ်လထိ လျှပ်စစ်စက်ရုံပုံမှန်လည်ပတ်နိုင်ဖို့ ရေကိုဦးစားပေးထားရတာကြောင့် ဒီနှစ်မှာ စိုက်ပျိုးနိုင်တဲ့ နွေစပါး စိုက်ပျိုးနိုင်တဲ့ လယ်ဧကတွေကို လျော့ချလျာထားတယ်လို့ ကယားပြည်နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဝေလွင်ကပြောပါတယ်။

“ လာမယ့် မိုးဗြဲအနေနဲ့ ရှိတဲ့ရေသည် ၂၂နှစ်အတွင်းမှာက ရေအနည်းဆုံးအခြေအနေရှိတယ် ကန်ရေမပြည့်ဘူး နှစ်တိုင်းနှစ်တိုင်း အခုလိုနွေစပါးစပေးမယ့် အခြေအနေမျိုးမှာ ကန်တွေရေပြည့်နေတာများပါတယ်။ မိုးရာသီမှာရေသိုလှောင်ထားပြီးတော့ ကန်တွေရေပြည့်တယ် အဲဒီရေပြည့်တဲ့ပမာဏနဲ့ ကျတော်တို့ နွေစပါးတွေ လုံလုံလောက်လောက်လျာထားဧကပြည့်မှီအောင် စိုက်နိုင်တယ် လျှပ်စစ်အတွက်ကိုလည်း ပြည့်ပြည့်ဝဝရေပေးနိုင်တယ်။ လက်ရှိအခြေနေမှာတော့ ၂၂နှစ်အတွင်းမှာ အနည်းဆုံးအခြေအနေရှိတဲ့အတွက လာမယ့်ဆောင်းရာသီ နွေရာသီ မေလအထိတောင် လျှပ်စစ်ရေပေးဝေမယ့် ပမာဏနဲ့ စိုက်ပျိုးရေနွေစပါး ပေးဝေမယ့် ပမာဏနှစ်ခုပေါင်းပြီးတော့ ကန်ထဲရှိတဲ့ရေတွေကို ချိန်ဆပြီးတော့ လျာထားဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ ဒါကတော့ မိုးဗြဲပါ” လို့ ဦးဝေလွင်က ပြောပါတယ်။

နှစ်စဉ် မိုးဗြဲဆည်ကနေ နွေစပါးစိုက်ဧက ၃၀၀၀ နီးပါးအတွက် ရေပေးဝေနိုင်ပေမဲ့ ဒီနှစ်မှာတော့ ဧက ၈၀၀ လောက်ကိုပဲ လျာထားတာဖြစ်ပါတယ်။

၂၀၂၀-၂၀၂၁ခုနှစ်အတွက် နွေစပါးလျာထားချက်အရ မိုးဗြဲရေလှောင်တမံမှ ဖယ်ခုံမြို့နယ် ရှမ်းပိုင်းက ကျေးရွာပေါင်း (၁၁)ရွာ၊ကွင်း (၈)ကွင်းအတွက် ဧက ၄၀၀ နဲ့ ၊ လွိုင်ကော်မြို့နယ် ကျေးရွာ (၅)ရွာ စိုက်ကွင်း (၄)ကွင်းအတွက် ဧက၄၀၀လျာထားတာပါ။

ဒါ့အပြင် ပြည်နယ်တွင်းက အကြီးဆုံးရေလှောင်တမံ ဖြစ်တဲ့ ငွေတောင်ဆည်ဟာလည်း နှစ်စဉ် နွေစပါး ဧက ၁၆၀၀ ကို ရေပေးနိုင်ပေမဲ့ အခုနှစ်မှာ ဧက ၃၀၀ ကိုပဲ ရေပေးဝေဖို့ လျာထားတယ်လို့ သိရပါတယ်။
မိုးဗြဲရေလှောင်တမံမှ နောက်နှစ် မေလအထိ လျှပ်စစ်သုံးရေကို ချိန်ဆပြီး ရေပေးဝေမှုအတွက် စိုက်ပျိုးမယ့်ဧကကို သက်ဆိုင်ရာဌာကိုတင်ပြထားသလို နွေစပါးစိုက်ပျိုးဖို့အတွက် လာမယ့်ဇန်နဝါရီလအတွင်း ရေပေးဝေမှုဆောင်ရွက်တော့မှာဖြစ်တယ်လို့ ဦးဝေလွင်ကဆက်ပြောပါတယ်။

“စိုက်မယ့်ကွင်းတွေ စိုက်မယ့်ကျေးရွာတွေ စိုက်မယ့် တောင်သူတွေကစ ကြေညာလိုက်တဲ့အတွက် ကျန်တဲ့တောင်သူတွေ ငါတို့အခြားသီးနှံစိုက်မှရတော့မယ်ဆိုတာ သူတို့ သိသွားကြတယ်။ မဟုတ်ရင် ငါတို့ကွင်းမှာစိုက်ရမှာလား ဘယ်ထိရေပေးမှာတုန်း ဘယ်လယ်တွေရေပေးမလဲ ဘယ်တောင်သူတွေစိုက်ရမှာတုန်းဆိုတဲ့ဟာမျိုး မဖြစ်အောင်လို့ အဲဒါတွေကို ကြိုတင်ဆောင်ရွက်ရပါတယ် စီစဉ်ဆောင်ရွက်ပြီးပါပြီ။ စိုက်ရမယ့်တောင်သူတွေ စိုက်ရမယ့်ကွင်းတွေ ရေပေးတဲ့မြောင်းဆိုလို့ရှိရင်လည်း ဘယ်ထိရေပေးမလဲဆိုတဲ့ ဆိုင်းဘုတ်တွေအကုန်လုံးစိုက်ထူပြီးပါပြီ။ ကျတော်တို့အဆင်သင့်ဖြစ်နေပါပြီ” လို့ ဦးဝေလွင်က ပြောပါတယ်။

ကယားပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဌာနမှ ထိန်းသိမ်းထားတဲ့ ဆည်မြောင်းရေလှောင်တမံ (၃၂)ခုရှိကာ ရေပေးဝေတဲ့ဧကပေါင်း ၅သိန်းနီးပါးရှိတယ်လို့ သိရပါတယ်။

Comments

comments

- Advertisement -
- Advertisement -

Latest article

ဇန်နဝါရီလ စတ္တုထအပတ် ကယန်းဘာသာ ရေဒီယို

https://soundcloud.com/kantarawaddy-times/tzpws4pfhlt9 ကယန်းရေဒီယိုအစီအစဥ်အပတ်စဥ်တင်ဆက်နေကျတိုင်းရင်းသားဘာသာရေဒီယိုအစီအစဥ် (ကယန်း)(စနေနေ့ည ၇ နာရီတိုင်း)ယခုတစ်ပတ်မှာတော့ 'ကိုဗစ်ကာလ စာသင်ကျောင်းတွေကိုဖွင့်လှစ်နိုင်ဖို့အတွက် ကြိုတင်စစ်ဆေးမှုပြုလုပ်နေ' ဆိုတဲ့သတင်းနဲ့ 'တတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီ ၉ ရက်တွင်ကျင်းပမည်' သတင်းနဲ့အတူ 'မပြီးဆုံးသေးတဲ့...

“ပြည်နယ်ငြိမ်းချမ်းရေးဖြစ်စဉ်ကို လွတ်လွတ်လပ်လပ်စောင့်ကြည့်ခွင့်မရသေးဘူး” လို့ ဆိုတဲ့ ဆရာမာတီးယာ နဲ့ တွေ့ဆုံမေးမြန်းခြင်း

အန်ထော်နီ ဆရာမာတီးယာဟာ ကယားပြည်နယ် ငြိမ်းချမ်းရေးဖြစ်စဉ်ကို စောင့်ကြည့်လေ့လာနေသူဖြစ်ပါတယ်။ လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ပါတ်သက်ပြီး ဘယ်လိုစောင့်ကြည့်နေရသလဲ၊ ဘာကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကိုစောင့်ကြည့်ဖို့ လိုသလဲ၊ ဆိုတာတွေကို ကန္တာရဝတီတိုင်း(မ်)က ဆရာမာတီးယာနဲ့ တွေ့ဆုံမေးမြန်းခဲ့တာတွေထဲက...

ဆောင်းတွင်းမှာ သူတို့လေးတွေ နွေးကြပါစေ

https://youtu.be/43r1Jf9zaag ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အစွန်အဖျားဒေသ ရီနွဲ့ကျေးရွာအုပ်စုရှိ ကံထန်းကျေးရွာအကြောင်းကို တင်ဆက်ထားတာဖြစ်ပါတယ်။

ဇန်နဝါရီလ စတ္တုထအပတ် ကယားဘာသာ ရေဒီယို

https://soundcloud.com/kantarawaddy-times/jakhalrvwwro ကယားရေဒီယို အစီအစဉ်အပတ်စဉ် တင်ဆက်နေကျတိုင်းရင်းသားဘာသာ ရေဒီယို အစီအစဉ် (ကယား)(သောကြာနေ့ ည ၇ နာရီတိုင်း)ယခုတစ်ပတ်မှာတော့ ‘ကိုဗစ်ကာလ စာသင်ကျောင်းတွေကို ဖွင့်လှစ်နိုင်ဖို့အတွက် ကြိုတင်စစ်ဆေးမှုပြုလုပ်နေ’ ဆိုတဲ့သတင်းနဲ့ ‘သီရိမင်္ဂလာဈေး အဆင့်မြင့်တင်မယ့်အစီအစဉ်ကို...

ကိုဗစ်ကာလ စာသင်ကျောင်းတွေကို ဖွင့်လှစ်နိုင်ဖို့အတွက် ကြိုတင်စစ်ဆေးမှုပြုလုပ်နေ

https://youtu.be/Q8vfTL9c1BE ဦးမြာ ကိုဗစ်ရောဂါဖြစ်ပွားနေတဲ့ အတောအတွင်း စာသင်ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်သွားနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနကနေ စာသင်ကျောင်းတွေကို လိုက်လံစစ်ဆေးမှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။ စာသင်ကျောင်းတွေအတွက် ထုတ်ပြန်ထားတဲ့...

Comments

comments