spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

၂၉ ရက်နေ့ တရက်အတွင်း လွိုင်ကော်မြို့ပေါ်ကို အကြိမ်ရေ ၆၀ခန့် စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

တော်လှန်ရေးပူးပေါင်းတပ်တွေကနေ ၁ လေးလုံး မြို့ပြစစ်ဆင်ရေး ဆင်နွှဲနေတဲ့ လွိုင်ကော်မြို့ပေါ်မှာ မနေ့က နိုဝင်ဘာ ၂၉ ရက်နေ့ တရက်အတွင်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ အကြိမ်ရေ ၆၀ ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကရင်နီပြည် တပ်မတော် (KA) ထံကနေ သိရှိရပါတယ်။

“၂၉/၁၁/၂၀၂၃ရက်နေ့ တရက်တည်း တိုက် ၆ လုံး၊ နောင်ယားဖက် လေယာဉ်ဗုံးကြဲပေါင်း အကြိမ် ( ၆၀ ) ရှိပါတယ်။” လို့ ကရင်နီပြည် တပ်မတော် KA ရဲ့ စစ်ရေးချုပ် ဗိုလ်မှုးကြီးဘုန်းနိုင်က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

စစ်ကောင်စီကနေ ပေါင် ၅၀၀ တန်ချိန်ရှိတဲ့ ဗုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေရဲ့ နေအိမ်အများအပြားဟာလည်း ထိခိုက်ပျက်စီးတာတွေ ရှိနေပါတယ်။

နိုဝင်ဘာလ ၁၁ ရက်နေ့မှာ စတင်ခဲ့တဲ့ ၁ လေးလုံးစစ်ဆင်ရေးဟာ ဒီကနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ၂၀ ရက်မြောက်နေ့အထိ ရှိလာပြီဖြစ်ပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်။

လွိုင်ကော်မြို့ကို လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသွားတဲ့ မြင်ကွင်းများ။ (ဓါတ်ပုံ – ဒေသခံ)

“တိုက်ပွဲကတော့ ဒေါဥခူတို့ဖက် နောင်ယားတို့ဖက် ဟိုး…မြို့အနောက်ဖက်ပေါ့ အဲ့ဖက်ကို လေယာဉ်နဲ့ တော်တော်လာကြဲတယ်။ ဈေးဖက်ကနေ ကြားရတာတောင် တော်တော်ကျယ်တယ်။ လိုက်မေးကြည့်တာလည်း လွိုင်ကော်မြို့အစွန်ဖက်ကနေတောင် အသံတွေကြားနေရတယ်ပြောတယ်။ တကယ့်ကို ခြောက်ခြားစရာတွေပါပဲ နေ့ရက်တိုင်းကတော့။ ဆက်သွယ်ရေးလိုင်းကတော့ ရလိုက်မရလိုက်ပေါ့။” လို့ လွိုင်ကော်ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ လွိုင်ကော်မြို့ရဲ့ သုံးပုံနှစ်ပုံကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုကနေ တပ်ဖြန့်ထားနိုင်ပြီး စစ်ဆင်ရေး ဆက်လက်လုပ်ဆောင်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတဦးက နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ကန္တာရဝတီတိုင်း(မ်) ကို ဖြေကြားထားပါတယ်။

spot_img
spot_img

Recent posts