spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

၂ နှစ်ပြည့် ကယားပြည်နယ်လွှတ်တော်မှာ အဆို၊ မေးခွန်း အများဆုံး တင်သွင်းမေးမြန်းသူ ဦးအောင်နိုင်ဦး

Author

Date

Category

ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဦး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းစစ်ဆေးစဉ် (ဓါတ်ပုံ – ကန္တာရဝတီတိုင်း(မ်))

၂ နှစ်ပြည့် ကယားပြည်နယ်လွှတ်တော်မှာ အဆိုပေါင်း ၅ ခု၊ ကြယ်ပွင့်ပြမေးခွန်း ၃၈ ခု၊ ကြယ်ပွင့်မပြမေးခွန်း ၆ ခု၊ ကတိကဝတ်ကြယ်ပွင့်မပြမေးခွန်း ၁ ခု နဲ့ ကတိကဝတ်ကြယ်ပွင့်ပြမေးခွန်း ၁၆ ခု အားလုံးပေါင်း ၆၆ ခု နဲ့ အဆို၊ မေးခွန်းတွေအများဆုံး တင်သွင်း မေးမြန်းနိုင်ခဲ့သူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးနှင့် တွေ့ဆုံခြင်း။

ထျိုးမြာမေးမြန်းသည်။

မေး။ ။မေးခွန်းတွေကို ဘယ်လိုရွေးချယ်ပြီးတော့ မေးမြန်းခဲ့လဲ။

ဖြေ။ ။ ကျွန်တော်က လွှတ်တော်ဥက္ကဌရဲ့ လမ်းညွန်ချက်ကိုလည်း ခံယူတယ်ပေါ့နော။ ဘာလို့လဲဆို ကျနော်တို့ ကွင်းဆင်းတဲ့အခါကျရင် ပြည်သူတွေရဲ့လိုအပ်ချက်တွေကို ကွင်းဆင်းတဲ့အခါကျရင် အကုန်လုံးကို လေ့လာထားတယ်ပေါ့နော။ ပြည်သူက ရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်ဆိုတော့ ပြည်သူတွေပေးတဲ့ တာဝန်ကိုတော့ ထမ်းဆောင်ပေးရမှာပေါ့။ ပြည်သူတွေ ဘာလိုအပ်လဲဆိုတာကို ကျွန်တော်က မေးပေးတယ်လွှတ်တော်မှာ။

မေး။ ။ ဘယ်လိုမေးခွန်းတွေကို အများဆုံးမေးဖြစ်ခဲ့လဲ။

ဖြေ။ ။ ကျနော်မေးတဲ့ မေးခွန်းတွေက စုံနေတာပဲ။ လမ်းတွေကော တံတားတွေကော၊ ကယားဒေး ၊ သစ်ကိစ္စတွေကော အကုန်မေးတာပေါ့နော။ ကျွန်တော်က ကျနော့်မဲဆန္ဒနယ်အတွက်ကိုပဲ မေးခဲ့တာမဟုတ်ဘူး။ ကယားပြည်နယ်ရဲ့ မြို့နယ်ခုနှစ်မြို့စာအတွက်ကို ကျွန်တော်မေးခဲ့တယ်။ လိုအပ်တဲ့ဟာအားလုံးကို ကျွန်တော် လိုက်မေးတယ်။

မေး။ ။ မေးထားတဲ့မေးခွန်းတွေအားလုံးရဲ့အဖြေတွေကိုရော ကျေနပ်အားရမှုရှိခဲ့လား။

ဖြေ။ ။ တချို့ဟာတွေက ကျေနပ်အားရမှုရှိတယ်။ တချို့ဟာတွေက ကျေနပ်အားရမှု မရှိဘူး။ လုပ်ပေးမယ် ပြုပေးမယ်ဆိုတဲ့ အတိုင်း အတာလောက်မျိုး။ လုပ်တော့လုပ်ပေးတယ်ပေါ့နော။

မေး။ ။ မေးခွန်းတွေမေးထားတဲ့အပေါ်မှာ ဘယ်လောက်ရာခိုင်နှုန်းလောက်က ထိရောက်မှု ရှိခဲ့လဲ။
ဖြေ။ ။ ၄ဝ ရာခိုင်နှုန်းကတော့ ထိရောက်ပါတယ်။ ထိရောက်တယ်ဆိုတာက သူတို့မလုပ်ပေးတာမဟုတ်ဘူး၊ လုပ်တော့လုပ်ပေးတယ်။ ဘတ်ဂျက်ကြောင့် လမ်းတွေ၊ တံတားတွေ အဆောက်အဦးတွေတောက်လျှောက်ရတယ်ပေါ့နော။

မေး။ ။ ထိရောက်မှု မရှိခဲ့တဲ့မေးခွန်းတွေကိုကော ဘယ်လိုဆက်ဖြေရှင်းခဲ့လဲ။

လွှတ်တော်မှ အဆိုတင်သွင်းမှု (ဓါတ်ပုံ – ကနာ္တရဝတီတိုင်း(မ်))

ဖြေ။ ။ ၆ဝ ရာခိုင်နှုန်း မထိရောက်သေးတာကို ဝန်ကြီးတွေကို တိုက်ရိုက်ခေါ်တယ်၊ ပြီးတော့ တိုးတိုးတိတ်တိတ် ပြန်မေးတယ်ပေါ့နော။ တချို့ဖြေတဲ့ဟာတွေက ဝန်ကြီးတွေက မဖြေနိုင်ကြဘူးလေး။ လွှတ်တော်မှာ မဖြေနိုင်တဲ့ဟာဆို သူတို့စာနဲ့ ပြန်အကြောင်းကြားတဲ့ဟာလည်း ရှိတာပေါ့နော။ ဝန်ကြီးတွေ များသောအားဖြင့် မဖြေနိုင်တဲ့ အကြောင်းရင်းက ဘာလဲဆိုတော့ အောက်ခြေကို ကွင်းမဆင်းတဲ့ဟာတွေပေါ့။ ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်တွေက အောက်ခြေကို ကွင်းဆင်းတယ်လေး။ ဝန်ကြီးတွေက အောက်ခြေကို ကွင်းမဆင်းဘူး။ သူတို့ဌာနက လုပ်တဲ့အတိုင်းပဲ သူတို့ဖြေကြတာကိုး။

မေး။ ။ ရှေ့ဆက်ပြီးတော့ကော လွှတ်တော်မှာမေးခွန်း၊အဆိုတွေမေးဖို့ ပြင်ဆင်ထားတာတွေရှိသေးလား။

ဖြေ။ ။ နောက်မေးခွန်းက သုံးလပိုင်းမှဆိုတော့ ကျွန်တော် လျာတော့ လျာထားတယ်လေး။ လွှတ်တော်မရှိတဲ့အချိန်မှာတော့ ကြားဖြတ်မေးခွန်းတွေ မေးတာပေါ့။ ကြယ်ပွင့်ပြ၊ ကြယ်ပွင့်မပြမေးခွန်းတွေကို ကြားဖြတ်မေးထားတာ ရှိတယ်လေး။ ဌာနတွေကို တိုက်ရိုက်ပေါ့နော။ လွှတ်တော်မရှိလဲ ကျွန်တော်တို့မေးခွန်းမေးလို့ ရတယ်လေး။

မေး။ ။ လွှတ်တော်မှာ မေးခွန်းမမေးဖူးသေးတဲ့ ကိုယ်စားလှယ်တွေ ရှိနေတာကို တွေ့ရပါတယ်။ အဲ့ထဲမှာမှ တပ်မတော်သားတွေ အများဆုံးပါနေတာကိုတွေ့ရပါတယ်။ အဲ့တော့ကျန်တဲ့သူတို့တွေက ဘာဖြစ်လို့လွှတ်တော်မှာ မေးခွန်းမမေးကြတာလို့ထင်လဲ။

ဖြေ။ ။ သူတို့ကိုသူတို့ ဘဝင်မြင့်နေကြတယ်လေးအဲ့ဒါက။ အားလုံးက လွှတ်တော်ကိုယ်စားလှယ်တွေပဲ ပြည်သူလူထုကရွေးချယ်ထားတာ။ ပြည်သူလူထုရဲ့ တာဝန်တွေကို ထမ်းဆောင်ရမယ်။ ဝန်ကြီးလဲမေးရမယ်၊ ဝန်ကြီးချုပ်လဲမေးရမှာပဲ၊ မေးသင့်မေးထိုက်တာကို မေးရမှာပဲဆိုတဲ့ အဓိပ္ပာယ်ကိုပြောပြတာပေါ့နော။ သူတို့မှ မမေးတာတော့စဉ်းစားကြည့်လေး။ တာဝန်ယူမှုတာဝန်ခံမှုမှမရှိတာကိုး။

မေး။ ။ လွှတ်တော်မှာ မေးခွန်းမမေးဖူးသေးတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဘယ်လိုတိုက်တွန်းမှုပြောပြချင်ပါသလဲ။

ဖြေ။ ။ ကျွန်တော် ဘယ်လိုမျိုးပြောပြချင်လဲဆိုတော့ အားလုံးက လူတိုင်းဒီလိုမဖြစ်စေနဲ့ပေါ့နော။ သူမေး၊ ငါမေးဆိုရင် ပျော်စရာလည်း ကောင်းတယ်။ တစ်ခါလာလည်း ကျနော်တို့မေး၊ နှစ်ခါလာလည်း ကျနော်တို့မေးဆိုတော့ ထပ်နေတယ်ပေါ့နော။ မောင်ဖြူတော့ပါတယ်၊ မောင်နီမပါလိုမျိုးဖြစ်နေတယ်ပေါ့။
အမှန်တော့ အားလုံးက တစ်စုတစ်ဝေးတည်း ဝန်ကြီးလည်း ကိုယ့်အစိုးရ ကိုယ်လူတွေပဲ သူလည်း မေး၊ ကိုယ်လည်း မေး အားလုံးပျော်ပျော်ပါးပါး ပြည်သူလူထုရဲ့ ခံယူချက်တွေ ပြည်သူလူထုက အားကိုးအားထားရတဲ့ သူဖြစ်စေချင်တာပေါ့။
ကျွန်တော်ကတော့ ဘာပဲပြောပြော လွှတ်တော်ဥက္ကဌက ကျနော့်အကိုလိုဖြစ်တယ် ကျွန်တော် ဆရာလိုဖြစ်တယ် လွှတ်တော်ဥက္ကဌ ဘာခိုင်းခိုင်းဘာလုပ်လုပ် လွှတ်တော်ဥက္ကဌ လမ်းညွန်ချက်ကို ကျွန်တော်ခံယူတာပဲလေ။

spot_img
spot_img

Recent posts