spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

၃ရက်အတွင်း ဖယ်ခုံက စစ်ကောင်စီတပ်စခန်းနှစ်ခုကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်သိမ်းပိုက်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဖယ်ခုံမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းနှစ်ခုဖြစ်တဲ့ ရွှေပြည်အေး နဲ့ လွယ်ပတာ စခန်းကုန်းတွေကို ၃ရက်အတွင်း တော်လှန်ရေးအင်အားစုတွေကနေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်နီ တော်လှန်ရေးအင်အားစုတွေက ဒီကနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၃၊ ၂၄၊ ၂၅ ရက်နေ့အတွင်း တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တာပါ။ ဖယ်ခုံမြို့ အဝင်၊ အထွက် တွေကို တော်လှန်ရေးအင်အားစုတွေကနေ ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။

လက်ရှိ စစ်ရေးအခြေအနေအရ ပြည်သူလူထုတွေအနေနဲ့ ဖယ်ခုံမြို့နယ်အတွင်း ဝင်ထွက်သွားလာခြင်းမပြုလုပ်ကြဖို့လည်း မေတ္တာရပ်ခံ ထားပါတယ်။

စစ်ကောင်စီကနေ မိုးဗြဲ၊ ဖယ်ခုံမြို့နယ်အတွင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နေ့စဉ်ရက်ဆက် လက်နက်ကြီးပစ်ခတ်မှုရှိနေတာကြောင့် မိမိတို့နေအိမ်ကို ပြန်လည်နေထိုင်ခြင်းမပြုလုပ်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တောင်းဆိုထားပါတယ်။

“ဟုတ်တယ် လုံးဝမရှိတော့ဘူး။ ဘာလို့ဆို ဒီရဲဘော် တော်လှန်ရေးတပ်ဖွဲ့လည်း ပြန်နေခွင့်မပေးသေးဘူးပေါ့နော်။ လောလောဆယ် နေလို့ အဆင်မပြေသေးတဲ့အတွက် ပစ္စည်းပြန်ယူတဲ့သူတွေတော့ ရှိတာပေါ့။ သိုလှောင်ထားတဲ့ပစ္စည်း၊ ဆန်စပါး တစ်ချို့ ပြန်ယူတာရယ် အနွေးထည် အဝတ်ထည် တွေပေါ့။ ဒီချိန် အေးတဲ့ ရာသီကော” လို့ မိုးဗြဲဒေသခံတစ်ဦးက ဆိုပါတယ်။

နိုဝင်ဘာလ ၁၁ ရက်နေ့မှာ စတင်ခဲ့တဲ့ တစ်လေးလုံးစစ်ဆင်ရေးကို မိုးဗြဲ၊ ဖယ်ခုံမြို့နယ်မှာလည်း ဆင်နွဲနေတာဖြစ်ပါတယ်။ မိုးဗြဲ-ဖယ်ခုံဒေသအတွင်း စစ်ကောင်စီတပ်စခန်း၊ ကင်းစခန်း၊ ထောက်ပို့စခန်းတွေကို မိုးဗြဲ-ဖယ်ခုံ စစ်ဆင်ရေးမဟာမိတ်အင်အားစုတွေကနေ တိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိအချိန်ထိ စစ်ဆင်ရေးတွေရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။ တစ်လေးလုံးစစ်ဆင်ရေးစတင်ခဲ့တဲ့ တစ်လကျော်အတွင်း မိုးဗြဲ၊ ဖယ်ခုံမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းအများအပြားကို တော်လှန်ရေးအင်အားစုတွေကနေ သိမ်းပိုက်ရရှိထားပါတယ်။

spot_img
spot_img

Recent posts