spot_img
Monday, March 27, 2023
spot_img

၄ရက်ဆက်တိုက် ရဟတ်ယာဉ်ပျံသန်းတာကြောင့် ဖရူဆို ဒေသခံများစိုးရိမ်ပြီး ကြိုတင်တိမ်းရှောင်

spot_imgspot_imgspot_imgspot_img

CJ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည် ဖရူဆိုမြို့နယ်မှာ ၄ရက်ဆက်တိုက် စစ်ရဟတ်ယာဉ် ပျံသန်းမှုကြောင့် တိုက်ပွဲပိုမိုပြင်းထန်လာမှာကို ဒေသခံတွေစိုးရိမ်တဲ့အတွက် ကြိုတင်တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

မတ်လ ၂ ရက်နေ့မှ မတ်လ ၅ ရက်နေ့အထိ ၄ရက်ဆက်တိုက် စစ်ရဟတ်ယာဉ်တစ်စီးက တစ်ရက်ကို ၄ကြိမ်အထက် ဖရူဆို၊ ဘောလခဲ စတဲ့ စစ်ကော်စီတပ်စခန်းရှိတဲ့ဘက်ကို ဦးတည် ပျံသန်းနေခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီဟာ သူတို့ရဲ့ တပ်စခန်းတွေကို စားနပ်ရိက္ခာနဲ့ လူအင်အား ဖြည့်တင်းမှု လုပ်ဆောင်တာ ဖြစ်နိုင်တဲ့အတွက် တိုက်ပွဲပိုမိုပြင်းထန်လာမှာကို ဒေသခံတွေက စိုးရိမ်လျက်ရှိကြပါတယ်။

“မနေ့ကလည်း ရဟတ်ယာဥ်သွားနေတာပဲ၊ လေးရက်ဆက်တိုက်လောက်ဖြစ်နေပြီ။ စစ်အင်အား ဖြည့်တင်းတယ်လို့ ပြောကြတယ်။ ဟုတ်မဟုတ်တော့ မသိဘူး။” လို့ ဖရူဆိုမြို့နယ် ဒေသခံတစ်ဦးကပြောပါတယ်။

၂၀၂၃ခုနှစ် နှစ်စပိုင်းကစ ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်မှာ မကြာခဏတိုက်ပွဲ ဖြစ်ပွားလျက်ရှိပြီး
မိုဆိုအုပ်စုအတွင်းရှိ ကျေးရွာ ၅ ရွာမှ ဒေသခံတွေဟာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထပ်ဆင့် ပြောင်းရွေ့နေရတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလအတွင်း ဖရူဆိုမြို့နယ်ရှိ အမှတ် (၁၄)တန်းမြှင့် စစ်လေ့ကျင့်ရေးကျောင်းမှ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကရင်နီတပ်မတော်(KA)၊ KNDF ပူးပေါင်းတပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့သလို စစ်ကောင်စီတပ်ရဲ့ ကင်းပုန်းစခန်းတွေကို ချောင်းမြောင်းပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာရှိတယ်လို့ KNDF ထုတ်ပြန်ချက်အရ သိရပါတယ်။

Related Stories