spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

၆ လအတွင်း ကယားပြည်နယ်မှ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံသို့ တိုင်ကြားမှု ၃ ခုသာ ရှိ

Author

Date

Category

ခူးစိုးရယ်ဦး

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ထံသို့  ယခုနှစ် ပထမ ၆ လအတွင်း ကယားပြည်နယ်မှ ပေးပို့လာသော တိုင်ကြားစာ ၃ စောင်သာ လက်ခံရရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ထုတ်ပြန်သည်။

နိုင်ငံတဝန်းမှ တိုင်ကြားသူများက လိပ်မူပေးပို့ထားသည့် တိုင်ကြားစာ အစောင်ရေ ၃ ထောင်ကျော်ကို ကော်မရှင်က လက်ခံရရှိခဲ့ရာ ကယားပြည်နယ်သည် တိုင်ကြားစာ ၃ စောင်ဖြင့် အနည်းဆုံးဖြစ်သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးသို့ ရောက်ရှိလာသော ၎င်းတိုင်စာများအပေါ် အရေးယူမှုများ ပြုလုပ်နေပြီး ကယားပြည်နယ်မှ ပေးပို့ထားသော  တိုင်ကြားစာများအနက် မြေယာပြဿနာနှင့် ပတ်သက်၍  တိုင်ကြားမှု အများဆုံးပါဝင်သည်။

မြေယာပြဿနာကဲ့သို့ အမှုရင်ဆိုင်နေသည့် ပြဿနာနှင့် တချို့အမှုများကိုမူ စုံစမ်းစစ်ဆေးနေဆဲဟု (ACC)အဖွဲ့ဝင် ပြန်ကြားရေးတာဝန်ခံ ဦးဟန်ညွန့်က ပြောသည်။

တိုင်ကြားရာတွင် ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁ရ ရက်နေ့၏ နောက်ပိုင်းကာလများတွင် ဖြစ်ပွားသော အဂတိလိုက်စားမှု ဖြစ်ရမည်ဖြစ်၍ ပတ်ဝန်းကျင်တွင် အများပြောနေသည့် သတင်းကြားတို့ဖြင့် တိုင်ကြားခြင်းမပြုဘဲ အရေးကြီးသည့် သက်သေခံချက် ပါရှိရမည်ဖြစ်သည်။

တိုင်းကြားမှုလမ်းကြောင်းများ သိရှိသူနည်းနေသေးခြင်းကြောင့်လည်း   အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ ကယားပြည်နယ်၏ တိုင်ကြားမှု နည်းပါးနေခြင်းလည်း ဖြစ်နိုင်ကြောင်း ဆိုသည်။

ကျွန်တော်တို့ ပြည်သူတွေ မတိုင်ရကောင်းမှန်း မသိ တိုင်ရကောင်းမှန်း မသိ ၊ တကယ်လို့ တိုင်မယ်ဆိုလည်း အထက်ကို ကြောက်ကြတယ်၊ ဥပဒေလမ်းကြောင်းကို မသိ၍ မတိုင်ရဲတာမျိုးတွေ ရှိတယ်။ဟု တောင်သူ ဦးဆော်ရယ်က ပြောပါသည်။

ထို့အပြင် အမှုတစ်ခုကို တိုင်ကြားစာနှင့်အညီ အကျုံဝင်အောင် သတင်းရေးသားတင်ပြလာပါက အရေးယူမှုများ ဆောင်ရွက်ပေးမည်ဟု  ဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ကြေညာထားသည်။

ဘယ်မြို့နယ်၊ ဘယ်ရုံး၊ ဘယ်တရားသူကြီးက အဂတိလိုက်စားကြောင်း ပြောကြားသိရှိချက်အရ ရေးသားရုံဖြင့် အရေးယူလို့ မရနိုင်ပါဘူးဟု ဦးဟန်ညွန့်က ပြောသည်။

သတင်းအရင်းအမြစ်အရ တရားသူကြီးများ၏ အဂတိလိုက်စားမှုနှင့် ပတ်သက်၍  ဝန်ထမ်းဆိုင်ရာအရေးယူနိုင်ရန် တရားသူကြီးချုပ်ကို ကော်မရှင်က အကြောင်းကြားပေးမည်ဟု ဆိုသည်။

တရားသူကြီးချုပ်မှ အရေးယူဆောင်ရွက်မှုမရှိပါက အခြားနည်းလမ်းဖြင့်  ကော်မရှင်က  အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (..)နှင့် ပူးပေါင်းစုံစမ်းစစ်ဆေးဖေါ်ထုတ်သွားမည်ဟု ၎င်းက ဆက်ပြောသည်။

အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်ဖြင့် အတည်ပြုခဲ့သော အဆိုပါ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပါရှိသော အချက် ၂၄ ချက်ကို အမျိုးသားလွှတ်တော်၏ အတည်ပြုချက်အတိုင်း ပြည်သူ့လွွှတ်တော် ဥပဒေကြမ်းကော်မတီနှင့် ဆွေးနွေးရန် အမည်စာရင်းတင်သွင်းကာ ပြည်သူ့လွှတ်တော်က အတည်ပြုပြဋ္ဌာန်းခဲ့သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ပေးပို့ခဲ့ခြင်းဖြစ်ပြီး မေလ ၃ ရက်တွင် အမျိုးသားလွှတ်တော်တွင် စတင်တင်သွင်းပြီး မေလ ၂၃ ရက်တွင် ပြင်ဆင်ချက်များဖြင့် အမျိုးသားလွှတ်တော်တွင် အတည်ပြုကာ ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။

သူတို့ကို ထိန်းကျောင်းပေးမယ့် ဥပဒေတော့ ပြဋ္ဌာန်းမထားဘူး ၊ သူတို့ ဘက်က လုပ်စရာရှိတာမလုပ်လို့ လုပ်သင့်လုပ်ထိုက်တာကို မလုပ်ဘူးဆိုရင်တော့ ရာဇသတ်ကြီး ဥပဒေထဲမှာ မမှန်ကန်တွေလုပ်မယ်၊ သူတို့ကိုယ်တိုင်က လာဘ်စားလာရင်တော့ သူတို့ပြဌာန်းထားတဲ့ ဥပဒေနဲ့ဘဲ အရေးယူရမှာဘဲဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကြည်ဝင်းက ပြောသည်။

ဥပဒေတွင် မူလဥပဒေပြဌာန်းချက်ပါ ပုဒ်မ ၅၅ တွင် နိုင်ငံရေးရာထူး လက်ရှိဖြစ်သူမည်သူမဆို အဂတိလိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်းရှားစီရင်ခြင်းခံရလျှင် ထိုသူကို ၁၅ နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

နိုင်ငံတကာ ညွန်းကိန်းများအရ ကမာ္ဘပေါ်တွင် အဂတိလိုက်စားမှုအများဆုံးနိုင်ငံများအနက် မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၁၇၆ တွင် အဆင့် ၁၃၆ ရပ်တည်နေသည်။

spot_img
spot_img

Recent posts