spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း ၃ ဦး

Author

Date

Category

ထျိုးမြာ

ကယားပြည်နယ်၊ ဖရူမြို့နယ်၊ ပြည်နယ်လွတ်တော်မဲဆန္ဒနယ်အမှတ်(၁)၊ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းသုံးဦး၏ ကိုယ်ရေးအချက်အများကို ဖော်ပြပေးလိုက်ပါသည်။

 

 

ဦးရီးချက်
ဦးရီးချက်သည် အသက် (၅၂)နှစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်နယ်ကော်မတီဝင် တစ်ဦးဖြစ်သည်။ ဖရူဆိုမြို့နယ် ၊ ညောင်ဇင်ရပ်ကွက်တွင် နေထိုင်ပြီး လက်ရှိတွင် အရောင်းအဝယ်လုပ်ကိုင်သူတစ်ဦးဖြစ်သည်။ အဘအမည် ဦးစောလုလူ (ကွယ်လွန်) နှင့် အမိအမည်မှာ ဒေါ်ဒေးမိုး (ကွယ်လွန်) ဖြစ်သည်။ ခရစ်ယာန်ဘာသာကိုးကွယ်သော ကယားလူမျိုးတစ်ဦးဖြစ်ပြီး ပညာအရည်အချင်းမှာ ဆယ်တန်းဖြစ်သည်။ ဒေါ်နာတားလျာ နှင့် အိမ်ထောင်ကျခဲ့ပြီး သားနှစ်ယောက်ရှိသည်။

 

ဦးဆူရယ်
ဦးဆူရယ်သည် အသက် (၃၁) နှစ် အမျိုးသားတိုးတက်ရေးပါတီ ၊ လွိုင်ကော်မြို့နယ် ပါတီဥက္ကဌ တစ်ဦးဖြစ်သည်။ ဝမ်ကွန်ကျေးရွာ ၊ မထောခူကျေးရွာအုပ်စု၊ လွိုင်ကော်မြို့နယ်တွင် နေထိုင်ပြီး လက်ရှိတွင် တောင်သူကို လုပ်ကိုင်သူတစ်ဦးဖြစ်သည်။ ဗုဒ္ဓဘာသာကိုးကွယ်သော ကယားလူမျိုးဖြစ်သည်။
အဘအမည် ဦးစဲရယ် နှင့် အမိအမည် မှာ ဒေါ်နန်းခမ်း တို့ဖြစ်ကြသည်။
သူ၏ ပညာအရည်အချင်းမှာ ဆယ်တန်း ဖြစ်ပြီး လွိုင်ကော်မြို့နယ် ၊ မထောခူကျေးရွာအုပ်စု၊ ဝမ်ကွန်ကျေးရွာတွင် ၂၀၁၂ ခုနှစ် ဧပြီလမှ ၂၀၁၆ ခုနှစ် မတ်လအထိ အုပ်ချုပ်ရေးမှူးအဖြစ် ရွှေးချယ်တာဝန်ယူလုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်သည်။

 

 

 

ဦးသဲရယ်
ဦးသဲရယ်သည် အသက် (၃၉)နှစ် လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ( ကယားပြည်နယ် ) ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သည်။ လောဂျာရွာမြို့မအုပ်စု ၊ ဖရူဆိုမြို့နယ်၊ ကယားပြည်နယ်တွင် နေထိုင်သူဖြစ်ပြီး ခရစ်ယာန်ဘာသာကိုကိုးကွယ်သော ကယားလူမျိုးဖြစ်သည်။ အဘအမည် -ဦးလိရယ် (ကွယ်လွန်) နှင့် အမိအမည်မှာ ဒေါ်တူမာ တို့ဖြစ်ကြသည်။ တောင်သူအလုပ်ကို လုပ်ကိုင်ပါသည်။
ပညာအရည်အချင်းမှာ ဆယ်တန်း ဖြစ်ပြီး ကယားလူငယ်၊ ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ၊ ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်ရေးကွန်ယက်၊ ၂၀၁ဝ ခုနှစ် ဖရူဆိုမြို့နယ်တွင် ရွှေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖြစ် တာဝန်ယူထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပါသည်။ ဒေါ်ပရမိုးနှင့် အိမ်ထောင်ကျပြီး သမီးလေး၁ ယောက်ရှိသည်ဟုသိရသည်။

spot_img
spot_img

Recent posts