ငြိမ်းချမ်းရေးခရီး ရှေ့ဆက်ပါ

ကနာ္တရဝတီတိုင်း(မ်)

ပြည်သူလူထုအမျုားစု ယုံကြည်စောင့်မျှော်နေတဲ့ အစိုးရသစ်ရဲ့ငြိ်မ်းချမ်းရေးဖြစ်စဉ်ဟာ ဘယ်လောက်အတိုင်းအတာအထိ စိတ်အေးရပြီလဲလို့မေးရင် ငြိမ်းချမ်းရေးကို ထဲထဲဝင်ဝင်လုပ်ရှားနေတဲ့ အစိုးရကော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကိုယ်တိုင် ဝေဝါးနေဆဲပါ။

ဦးဆောင်လုပ်ရှားနေတဲ့သူတွေကိုယ်တိုင်က ရှုပ်ထွေးနေတဲ့အခြေအနေတွေမှာ ရပ်နေတာကိုတွေ့ရပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီးမှာ နေရပ်စွန့်ခွာနေထိုင်နေရတဲ့ ပြည်သူတွေ၊ စစ်ဘေးရှောင်ဒုက္ခသည်တွေက ရွေးကောက်ပွဲအနိုင်ရသွားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဦးဆောင်တဲ့အစိုုးရ အပေါ် ငြိမ်းချမ်းရေးနဲ့နီးဖို့ အများကြီးမျှော်လင့်ထားကြပါတယ်။

ဒါပေမဲ့ လက်ရှိအခြေအနေမှာဆိုရင် အစိုးရသွားနေတဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းကြောင်းနဲ့ လက်မှတ်မထိုးရသေးတဲ့တိုင်းရင်းသားလက်နက်အဖွဲ့တွေရဲ့ တောင်းဆိုမှုတွေကြားမှာ ငြိမ်းချမ်းရေးဟာ ရှေ့မတိုးနောက်မဆုတ်သာ အခြေအနေမှာပဲ ရှိနေတာပါ။ ပြည်သူတွေက ငြိမ်းချမ်းရေးအပေါ်မှာ မေ့သွားလောက်တဲ့အထိ ငြိမ်သက်နေတာကို တွေ့ရပါတယ်။

မျက်မှောက်ခေတ်ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်လိုု့ ပါဝင်ဆောင်ရွက်နေတဲ့ ခေါင်းဆောင်တွေအကြားမှာ ခက်ခဲပြီး ရှုပ်ထွေးမှုတွေကဘာလဲ၊ နှစ်ဖက်ကြား ဒါမှမဟုုတ် နှစ်ဖက်ထက်ပိုုတဲ့ အဖွဲ့တွေကြား ကစားကွက်တွေကြောင့်လား၊ မာန်မာနတွေကြောင့်လားဆိုတာကို ပြည်သူတွေက နားမလည်နိုင်တော့ပါဘူး။

တကယ်တော့ NCA မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်အဖွဲ့တွေက လက်မှတ်မရေးထိုုးခင် သူတို့ရဲ့လိုလားချက်တွေကို စုပေါင်းပြီး တင်ပြတောင်းဆိုကြတာပါ။ သူတို့တောင်းဆိုထားတဲ့ အချက်တွေကို လက်ခံပေးနိုင်ရင် ရှင်းပါတယ်။ လက်မှတ်ထိုးပြီးသွားရင်တော့ ငြိမ်းချမ်းရေးခရီးဆက်ဖိုု့ အဆင်ပိုုပြေနိုုင်တယ်လိုု့ အင်န်အယ်လ်ဒီအစိုုးရက ယုုံကြည်နေပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တိုုးတက်အောင်ကြိုးပမ်းတဲ့အခါမှာ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ လှုပ်ရှားနေတဲ့အစိုးရအဖွဲ့ဝင်တွေနဲ့ မြန်မာအစိုးရတပ်မတော်အကြား သဘောထားကွဲလွဲမှုတွေရှိနေနိုင်ပါသေးတယ်။ သူတို့ကြားတောင် သဘောထားကွဲလွဲမှုတွေရှိနေသေးတယ်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဘယ်လိုဆက်ပြီး ပူးပေါင်းညှိနှိုင်းမလဲဆိုုတာ မေးခွန်းထုုတ်စရာရှိပါတယ်။

တိုင်းရင်းသားပြည်သူတွေရဲ့ အခြေအနေ၊ လိုအပ်ချက်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကသာ အသိဆုံးဖြစ်ပါတယ်။ ဒါကြောင့် သူတို့တောင်းဆိုတဲ့ လိုအပ်ချက်တွေဟာ တိုင်းရင်းသားပြည်သူထုတွေအားလုံးကို ကိုယ်စားပြုပြီးသားဖြစ်တယ်။ ဒါကြောင့် သူတို့ရဲ့တောင်းဆိုမှုတွေသာ မပြေလည်ခဲ့ဘူးဆိုရင် ပြည်သူလူထုရဲ့ဆန္ဒကို မဖြည့်ဆည်းပေးနိုင်တာနဲ့ အတူတူပါပဲ။

ကယား(ကရင်နီ)ပြည်နယ်အနေနဲ့ ကြည့်ရင် ပြည်နယ်အဆင့်မှာရော ပြည်ထောင်စုုအဆင့်မှာရော အပစ်ရပ်လက်မှတ်ရေးထိုးထားလို့ ငြိမ်းချမ်းသင့်သလောက်ငြိမ်းချမ်းနေပြီး သွားလာလို့အဆင်ပြေနေပြီဆိုပေမယ့် ဒေသဖွံ့ဖြိုးရေးကိုဆောင်ရွက်တဲ့အခါမှာ သူ့နယ်မြေကိုယ့်နယ်မြေပိုင်းခြားထားမှုတွေနဲ့ ဖွံ့ဖြိုးရေးကို ကြားဝင်ဆောင်ရွက်နေတဲ့ ပြည်သူ့ဝန်ထမ်းတချို့၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေတချို့က ဝင်ခွင့်မရတာကိုတွေ့ရပါတယ်။

ဒီလိုကိစ္စတွေကို အစိုးရဘက်က ဝင်ဖြေရှင်းပေးတာ မတွေ့ရပါဘူး။ အဲ့ဒီတော့ ဒေသဖွံဖြိုးရေးအတွက် လုပ်ငန်းဆောင်ရွက်မှုတွေမှာ အချိန်ကြန့်ကြာသွားနိုင်ပါတယ်။

ဒါကြောင့် ဒီလိုဆက်ပြီး အမြင်သဘောထားကွဲလွဲမှုတွေ ရှိနေဦးမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ဟာ လိုရင်းကိုရောက်နိုင်မှာမဟုတ်ပါဘူး။

ဒါကြောင့် ငြိ်မ်းချမ်းရေးခရီးလမ်းကို မြန်မြန်ရောက်ချင်ရင် NCA မှာ လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေကို မြန်မြန်ဆန်ဆန် ပါဝင်လက်မှတ်ရေးထိုးစေချင်ရင် အားလုံးက စိတ်ကျေကျေနပ်နပ်နဲ့ စိတ်အေးလက်အေး၊ သက်တောင့်သက်သာ လုံခြုံမှုရှိရှိ၊ တန်းတူရည်တူ တွေ့ဆုံဆွေးနွေးနိုင်တဲ့ အခင်းအကျင်းနဲ့ပတ်ဝန်းကျင်ကို အစိုးရက ဖန်တီးပေးဖို့ လိုအပ်ပါတယ်။

အခုုနောက်ဆုုံး ငြိမ်းချမ်းရေးဖြစ်စဉ်ကတော့ လာမယ့် မေလမှာ ၂၁ ရာစုု ပင်လုုံ ပြည်ထောင်စုုငြိမ်းချမ်းရေးညီလာခံ ဒုုတိယအစည်းအဝေး ကျင်းပဖိုု့ဖြစ်ပါတယ်၊ အဲဒီမတိုုင်ခင် နောက်ဆုုံးတိုုးတက်မှုကတော့ မတ်လ ၄ ရက်က အစိုုးရနဲ့ ညီညွတ်သောတိုုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC ကိုုယ်စားပြု နိုုင်ငံရေးဆိုုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုုယ်စားလှယ်အဖွဲ့ DPN တိုု့ကြားမှာ NCA ထိုုးနိုုင်ရေးအတွက် UNFC ရဲ့ အဆိုုပြုမူ ၉ ချက်ကိုု မူအားဖြင့် နှစ်ဘက်သဘောတူထားတာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးတရက်စောရရင် တုိုင်းရင်းသားပြည်သူအားလုုံးအတွက် တရက်စော အကျိုးရှိစေမှာ ဖြစ်ပါတယ်၊ ဒါကြောင့် အစုိုးရနဲ့ UNFC ကြား နှစ်ဖက်မူအားဖြင့် သဘောတူထားတာနဲ့တင် ရပ်မနေဘဲ အာမခံချက်ရှိတဲ့ ငြိမ်းချမ်းရေးရဖိုု့ နှစ်ဘက်စလုုံးက တိုုင်းရင်းသားပြည်သူလူထုုမျက်နှာကြည့်ပြီး ရှေ့ဆက်ကြဖိုု့ ကန္တာရဝတီတိုင်း(မ်)က တိုက်တွန်းလိုက်ပါတယ်။

Comments

comments

Next Post

ဖက်ဒရယ်ဝါဒ ၊ ဒေသအစိုးရများနှင့် ဖွံ့ဖြိုးတိုးတက်ရေး

Mon Apr 10 , 2017
ကျော်စိုးသူ (Economic Development) မြန်မာနိုင်ငံအနေဖြင့် နှစ်ပေါင်းများစွာ ကျင့်သုံးအုပ်ချုပ်ထားသည့်စနစ်မှာ တစ်ပြည်ထောင်စနစ်ဖြစ်ပြီး ဗဟိုချုပ်ကိုင်မှုကို အားပေးခဲ့သော စနစ်တခုဖြင့်သာ အုပ်ချုပ်ခဲ့ပါသည်။ ငြိမ်းချမ်းရေးမရရှိခြင်းကြောင့်လည်း ဗဟိုချုပ်ကိုင်မှုစနစ် အားကောင်းခဲ့ခြင်းပေလိမ့်မည်။ သို့ရာတွင်ဗဟိုချုပ်ကိုင်မူ၏ ဆိုးကျိူးများကိုသာ ခံစားနေသည်ကို တွေ့ရပေသည်။ ထို့ကြောင့်လည်း မြန်မာနိုင်ငံ၏ နောက်ခံအခြေအနေနှင့် ကိုက်ညီမည် ဖယ်ဒရယ်စနစ် ဖြစ်ထွန်းပေါ်ပေါက်ေအာင်မြင်ရေးသည်သာ ပန်းတိုင်ဖြစ်ပါသည်။ ဖယ်ဒရယ်ဆိုသည်ကို ခွဲထွက်ရေးဟု အမြင်မှားနေကြသည်။ ဖယ်ဒရယ်စနစ်ဟူသည်မှာ နို်င်ငံကို အုပ်ချူပ်သောစနစ်တစ်ခုမျှသာဖြစ်ပြီး ဗဟိုချုပ်ကိုင်မှုကို လျော့ချသော အစိုးရအုပ်ချုပ်မှုစနစ်တစ်ခုသာြဖစ်ပါသည်။ ဗဟိုအစိုးရက ဒေသအစိုးရများကို လုပ်ပိုင်ခွင့်ပိုပေးထားသော အုပ်ချုပ်မှုစနစ်တစ်ခုဖြစ်ပေသည်။ သို့ရာတွင် စနစ်တိုင်းတွင်အားနည်းချက် အားသာချက်ရှိသည်ကိုတော့ မမေ့အပ်သင့်ပါလေ။ မြန်မာနိုင်ငံအနေဖြင့် ဖယ်ဒရယ်စနစ်ကို စတင်ကျင့်သုံးခဲ့သည်မှာ  ၂၀၁ဝ ခုနှစ်ပင်ဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအရ ကျင့်သုံးခဲ့ခြင်းြဖစ်ပါသည်။ […]