spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ငြိမ်းချမ်းရေးလမ်းကြောင်းကို ၂၀၀၈ ခြေ/ဥက အဟန့်အတားဖြစ်စေဟုဆို

Author

Date

Category

ခူးစိုးရယ်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည်  စစ်တပ်ကို အကာအကွယ်ပြုထားသည့် ဖွဲ့စည်းပုံဖြစ်ပြီး   မဏ္ဍိုင်ကြီး သုံးရပ်စလုံးတွင်  ပါဝင်ပတ်သက်နေခြင်းက ငြိမ်းချမ်းရေးဖေါ်ဆောင်မှုလမ်းကြောင်း အဓိက အဟန့်အတားဖြစ်စေကြောင်း ကယန်းအမျိုးသားပါတီ၏ ဗဟိုအလုပ်အမှုဆောင်  အဖွဲ့ဝင် ဒေါ်အန်ဂျလာသောင်းက ပြောသည်။

“တဖက်က စာပွဲပေါ်မှာတွေ့ပြီး ဆွေးနွေးနေသလို တဖက်က ထိုးစစ်လိုက်ဆင်နေတာလေး အဲ့တော့ ဘယ်လိုလို့ ငြိမ်းချမ်းရေးရနိုင်မလဲ။”ဟု ဒေါ်အန်ဂျလာသောင်းက ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်အားလုံး NCA လက်မှတ်ထိုးပြီးပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ပေးမည်ဟုဆိုသော တပ်မတော်၏ သဘောထားကို “အကုန်လုံး လက်မှတ်ထိုးပြီးမှ ပြင်မယ်ဆိုရင်  ဘယ်ချိန်မှ ပြင်တော့မှာလဲ။”ဟု ၎င်းက မေးခွန်းထုတ်သည်။

နိုင်ငံရေးပြဿနာ၊ ငြိမ်းချမ်းရေးပြဿနာနှင့် တိုင်းပြည်၏ အထွေထွေပြဿနာများကို ဖြေရှင်းရန်  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ရန် သို့မဟုတ် ဖျက်သိမ်းရန်လိုအပ်နေပြီဖြစ်ကြောင်း ဝေဖန်သူများက ဆိုနေကြသည်။

“ငြိမ်းချမ်းရေးကို အဓိက ဖြေလျော့ပေးနိုင်တဲ့သူကလည်း တပ်မတော်ပဲဖြစ်ပြီး အဓိက အဟန့်အတားဖြစ်တာလည်း တပ်မတော်ပဲ။”ဟု LAIN (Technical Support Group)၏ ဘုတ်အဖွဲ့ဝင် ခွန်းအသန်းက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံသည့် NCA လမ်းကြောင်းသည် ငြိမ်းချမ်းရေးတည်ဆောက်ရာတွင်  ပြည့်စုံလုံလောက်မှုမရှိဟု ငြိမ်းချမ်းရေးလူထုနှီးနှောဖလှယ်ပွဲတွင် အများစုက ဆိုကြသည်။

ကယား(ကရင်နီ)ပြည်ရှိ လူထုဆန္ဒကို အခြေခံသည့် ငြိမ်းချမ်းရေးကို တည်ဆောက်ရန်၊ ညီညွတ်ခြင်းဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ရန်၊ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးတည်ဆောက်ရန် ရည်ရွယ်ကာ ငြိမ်းချမ်းရေးလူထုနှီးနှောဖလှယ်ပွဲ ကျင်းပခဲ့သည်။

၂၀၁၈ ခုနှစ် မေလ ၂၆ နေ့မှ ၂၈ ရက်နေ့ အထိ လွိုင်ကော်မြို့၊ ချိကယ်ကျေးရွာရှိ ကေ့ထျိုးဘိုးခန်းမတွင် ကျင်းပခဲ့သည့် အဆိုပါ နှီးနှောဖလှယ်ပွဲကို ကယားပြည်နယ်အတွင်းရှိ မြို့နယ် ရ မြို့၊ မိုးဗြဲနှင့် ဖယ်ခုံဒေသခံများ ပါဝင်တက်ရောက်ခဲ့သည်။

 

spot_img
spot_img

Recent posts