ငြိမ်းချမ်းရေးဖြစ်စဉ်သည် နိုင်ငံရေးပုံရိပ်အတွက် ကစားဖို့ မဟုတ်

ခူးကြူးဖဲကေး(ကရင်နီအမျိုးသား)ရေးသားသည်။

ကမ႓ာ့နိုင်ငံတွေဟာ အမျိုးသားရေးတန်းတူရေးကို ဖြေရှင်းပြီးမှသာ တိုးတက်ရေးကို တက်လှမ်းနိုင်ခဲ့တာပဲဖြစ်တယ်။ အမျိုးသားရေးတန်းတူမှု မရှိခြင်းကပဲ အမျိုးသားရေးဆိုင်ရာတော်လှန်ရေးကို ဖြစ်ပေါ်စေခဲ့တာပဲဖြစ်တယ်။

ရူပဗေဒသဘောအရတောင် ဖိနှိပ်တဲ့ထုထည်များရင် ကြွတက်လာတဲ့ သတ္တိရှိကြသေးတာပဲ မဟုတ်လား။

သို့ပေမဲ့ အချို့သော ငြိမ်းချမ်းရေးပွဲစားကြီးများနဲ့ နိုင်ငံရေးသမားများဟာ လူထုကို ချနင်းပြီး နာမည်ရရှိရေးကို တမျိုးတဖုံ ပြုလုပ်လျက်ရှိတယ်။

သဘာဝတရားရဲ့ ဖြစ်စဉ်ကို ဆန့်ကျင်ပြီး နိုင်ငံရေးအင်အားစုတွေက အနိ်ုင်ရပါတီမှာ နာမည်ရရေးနဲ့ အာဏာရရှိရေးကို စဉ်းစားလာပြီး ၊ လူထုရဲ့ နိုင်ငံရေးဆိုင်ရာ အာမခံချက်တွေကို ဆန့်ကျင်ပြီး၊ လူထုကို ချနင်းပြီး ကစားချင်းကြတာမို့ မိမိအနေနဲ့ ယခုဆောင်းပါးကို ရေးလိုက်ရခြင်းဖြစ်တယ်။

ငြိ်မ်းချမ်းရေးဟာ အမျိုးသားတန်းတူရေးကို ဖြေရှင်းနိုင်မှုအပေါ် အခြေခံပြီး တည်ဆောက်ရတဲ့အကြာင်းကို ဖိလစ်ပိုင်နိုင်ငံရဲ့ Case Study ၊ အသေးစိတ်၊ မိမိအနေဖြင့် တင်ပြပါမယ်။

(နောက်ခံသမိုင်းကြောင်း)

ဖိလစ်ပိုင်နိုင်ငံသည် ကုန်တွင်းပိတ်နိုင်ငံမျိုးမဟုုတ်ဘဲ ကျွန်းစုနိုင်ငံများကို စုစည်းပြီးဖြစ်ပေါ် လာတဲ့ နိုင်ငံ အမျိုးအစား။ အဲ့ဒီမှာ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ကွဲပြားမှုတွေက ဒုနဲ့ဒေးများလွန်လှတာမို့ စည်းလုံးညီညွတ်ရေးအတွက် အင်မတန်မှ ရုန်ကန်ရတဲ့ နိုင်ငံတစ်ခု။

ဘာသာရေးဆိုင်ရာအားဖြင့် ပေါ်တူဂီတို့ MMM သုံးလုံးဖြစ်တဲ့ ကုန်သွယ်ရေး၊ ဘာသာရေး နဲ့ စစ်ရေးအရ ကိုလိုနီပြုခဲ့တာမို့ အများစုက ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်ကြတယ်။

ဖိလစ်ပိုင်နိုင်ငံရဲ့ ကျွန်စုတွေထဲမှာမှ မိုးရိုလူမျိုးစုဖြစ်တဲ့ မွတ်စလင်အများစု နေထိုင်သော မင်ဒါနာအို ကျွန်းစုတွေမှာကျတော့ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြပါတယ်။

အဲ့ဒီကျွန်းစုမှာ မိုးရို အမျိုးသားလွတ်မြောက်ရေးတပ်မတော် (Moro National Liberation Front –MNLF)က ခွဲထွက်ရေးအတွက် တိုက်ပွဲဝင်ရာမှစတင်ပြီး ၁၉၆၉ မှာ ဖိလစ်ပိုင်နိုင်ငံရဲ့ ပြည်တွင်းစစ်မီးကြီးက စတင်ခဲ့ပါတယ်။

ပြည်တွင်းစစ်မီးကြီးကို ၂၀၁၄ ခုနှစ်၊ မတ်လ ၂ရ ရက်နေ့ ဘန်ဆာမိုးရို သဘောတူညီချက်အားဖြင့် ချုပ်ငြိမ်းနိုင်ခဲ့ပါတယ်။

(ငြိမ်းချမ်းရေးဖြစ်စဉ်များ)

မိုးရိုအမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLF) နဲ့ ဖိလစ်ပိုင် အစိုးရတို့ဟာ ၁၉၉၆ ခုနှစ်မှာ ငြိမ်းချမ်းရေးသဘောတူညီချက်များအားဖြင့် အစ္စလာမ်အများစုနေထိုင်တဲ့ ဒေသတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုအနေနဲ့ သတ်မှတ်ဖို့ သဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်။ လက်မှတ်ထိုးပြီးတဲ့နောက် MNLF အနေနဲ့ တပ်ဖျက်သိမ်းခဲ့ရပါတယ်။

သို့ပေမဲ့ ကိုယ်ပိုင်အုပ်ချုပ်ရစီရင်စုဒေသဆိုတာ အမျိုးသားတန်းတူရေးကို မဖြေရှင်းနိုင်တာမို့ မိုးရိုအမျိုးသားတွေရဲ့ အမျိုးရေးတိုက်ပွဲဟာ အသွင်းတစ်မျိုးကို ပြောင်းလဲခဲ့ပါတယ်။

အသွင်တစ်မျိုးနဲ့ မိုးရို အစ္စလမ်မစ်လွတ်မြောက်ရေးတပ်ဦး (Moro Islamic Liberation Front – MILF)ကို စတင်ဖွဲ့စည်းခဲ့ပြီး မပြီးမြောက်သေးတဲ့ အမျိုးသားတန်းတူရေးတိုက်ပွဲကို စတင်ဆောင်ရွက်ခဲ့ပါတယ်။

MILF အနေနဲ့ ၁၉၉ရ ခုနှစ်မှာ အစိုးရ နဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းမှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ၁၉၉ရ ခုနှစ်မှာပဲ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးပြီး ၁၉၉၈ ခုနှစ်မှာ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ စတင်ခဲ့ပါတယ်။

အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ Third Party ဖြစ်တဲ့ ပြင်ပငြိမ်းချမ်းရေး ဖြန်ဖြေသူတွေမပါဝင်ဘဲ MILF နဲ့ အစိုးရတို့ကသာ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ငြိမ်ချမ်းရေးက ယေဘုယျပြောရရင် ၁၉၉ရ မှစတင်ပြီး ၂၀၁၄ ခုနှစ်ထိ ၁ရ နှစ်ကြာ တည်တံ့ခဲ့ပါတယ်။ အဲဒါကလည်း နိုင်ငံတကာရဲ့ ဖြန့်ဖြေပေးမှုကြောင်းပဲလို့ ပြောရပါမယ်။

ပြင်ပ ဖြန်ဖြေသူတွေ မပါဝင်တဲ့အချိန်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ (၃) ကြိမ်တိုင်တိုင် တဝက်တပျက်ဖြစ်ခဲ့ရပြီး မြေပြင်မှာလဲ တပ်ပိုင်ဆိုင်ရာများ ထိတွေ့မှုတွေဖြစ်ပွားခဲ့ပါတယ်။

၎င်းနောက် MILF နဲ့ အစိုးရတို့မှ ညှိနှိုင်းရေး နှင့် လေ့လာစောင့်ကြည့်ရေးယန္တရားတစ်ခုကို အားကောင်းစွာဖော်ဆောင်သွားရေးကို သဘောတူညီခဲ့ရပါတယ်။

(နိုင်ငံတကာ၏ ဇာတ်ကောင်/International Role)

– ၂၀၀၁ ခုနှစ်မှာ မလေးရှားအစိုးရမှ ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးရာတွင် အဆင်ပြေရေးအတွက် အိမ်ရှင်အဖြစ် လက်ခံဆောင်ရွက်ပေးခဲ့ပါတယ်။

– ၂၀၀၄ ခုနှစ်မှာ MILF နဲ့အစိုးရတို့မှ အပစ်အခတ်ရပ်စဲကြောင်း မှန်ကန်မှုကို ပြသရန် အလိုငှာ နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (International Monitoring Team –IMT) ကို ဖွဲ့စည်းခဲ့ပါတယ်။ အဆိုပါ IMT အဖွဲ့ကို လက်နက်မကိုင်ဆောင်တဲ့အဖွဲ့အစည်းတွေအတွက် နေရာ ၅ဝ သတ်မှတ်ပြီး၊ နိုင်ငံများအနေဖြင့် မလေးရှား၊ လစ်ဘရား နဲ့ ဘရူနိုင်းနိုင်ငံတို့ကို သတ်မှတ်ပါဝင်စေခဲ့ပါတယ်။

– ၂၀၀၉ ခုနှစ်မှာ IMT အင်အားကောင်းလာစေရေးအတွက် တိုးချဲ့ဖွဲ့စည်းခဲ့ပြီး နော်ဝေစစ်တပ်မှ စစ်ပိုင်ဆိုင်ရာ လုံခြုံရေးအထောက်အကူပြုနိုင်ရန် ပညာရှင် (၂) ဦးထောက်ပံပေးခဲ့ပါတယ်။ ဥရာပ သမဂ္ဂဖြစ်တဲ့ (European Union –EU) အနေနဲ့ လူသားချင်းစာနာထားမှုဆိုင်ရာ နဲ့ လူအခွင့်အရေး ဆိုင်ရာ ရှုထာင့်မှာ ပါဝင်နိုင်ရေးအတွက် ပညာရှင် (၂) ဦးကို စတင်ထောက်ပံပေးခဲ့ပါတယ်။ တချိန်တည်းမှာပဲ နိုင်ငံတကာက ဆွေးနွေးရေးအတွက် အထောက်အပံပေးနိုင်ဖို့ (၁) ဦး နဲ့ ဒေသအဆင့် NGO မှ (၃) ဦးကို ထပ်မံဖြည့်ဆည်းခဲ့ပါတယ်။

– ၂၀၀၉ ခုနှစ်မှာ MILF နဲ့ အစိုးရ တို့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးမှာ လေ့လာနိုင်ရန် နှင့် နှစ်ဖက်ခေါင်းဆောင်များကို အကြံပေးနိုင်ရန်အတွက် နိုင်ငံတကာဆက်သွယ်ရေးအဖွဲ့ (International Contact Group – ICG) ကိုဖွဲ့စည်းခဲ့ပါတယ်။ အဆိုပါ ICG အဖွဲ့ကို အစိုးရမဟုတ်သော နိုင်ငံတကာ INGO (၄) ဖွဲ့နှင့် ယူကေ၊ ဂျပန် ၊ တူရကီ တို့အပါအဝင် ဆော်ဒီအာရေဗျ နိုင်ငံတို့ဖြင့် ဖွဲ့စည်းခဲ့ပါတယ်။

– ၂၀၀၉ ခုနှစ်မှာပဲ နိုင်ငံတကကာလေ့လာစောင့်ကြည့်ရေးအဖွဲ့ (IMT) တွင် ပြည်သူများရဲ့ အရေး ဆွေးနွေးအဖြေရှာမှု အားနည်းနေသေးတာကြောင့် အရပ်သားကာကွယ်စောင့်ရှောက်ရေး အစိတ်အပိုင်းဖြစ်တဲ့ (Civilian Protection Component – CPC) ကို IMT ရဲ့ လုပ်ပိုင်ခွင့်အာဏာထဲ ထည့်သွင်းခဲ့ပါတယ်။

အဆိုပါ CPC ကို နိုင်ငံတကာ INGO မှ (၁) ဦး၊ ဒေသအဆင့် NGO မှ (၄) ဦး တို့ဖြင့် ဖွဲ့စည်းခဲ့ပြီး အရပ်သားဦးဆောင်မှုအောက်မှာပဲ ထားရှိတာကြောင့် စစ်ပိုင်ဆိုင်ရာ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေထက် ပိုပြီး အလုပ်ဖြစ်ခဲ့တာကို တွေ့ရမှာပဲဖြစ်တယ်။

(အသွင်းကူးပြောင်းရေးဆိုင်ရာအဖွဲ့အစည်းများ/Transitional Institutions)

၂၀၁၂ ခုနှစ်မှာ MILF နဲ့ အစိုးရတို့ဟာ အသွင်းကူးပြောင်းရေးဆိုင်ရာ အခြေခံမူဘောင်များကို သဘော တူညီခဲ့ကြပါတယ်။

အဆိုပါ သဘောတူညီချက်ကပဲ အသွင်းကူးပြောင်းရေးဆိ်ုင်ရာ လမ်းပြမြေပုံ (Transitional Road Map) ကိုဖြစ်ပေါ်စေခဲ့တာဖြစ်ပါတယ်။

အသွင်ကူးပြောင်းရေးဆိုင်ရာ လမ်းပြမြေပုံအားဖြင့်သာ ကဏ္ဍငယ်များ၏ သဘောတူညီချက်များ ဖြစ်သော အခွန်ဘဏ္ဍခွဲဝေရေး၊ အာဏာခွဲဝေရေးနဲ့ အခြေအနေများ တည်ငြိမ်ရေးကိစ္စများဟာ ၂၀၁၄ခုနှစ်၊ မတ်လရဲ့ အောင်မြင်တဲ့ ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးမထိုးချိန်အထိ တည်ငြိမ်စွာ ဖြစ်ပေါ်စေခဲ့ပါတယ်။

အသွင်းကူးပြောင်းရေးကာလရဲ့ သက်တမ်းကို ၂၀၁၆ ခုနှစ်၊ မေလ ၊ အမျိုးသားအဆင့် ရွေးကောက်ပွဲ ကျင်းပပေးပြီးတဲ့အထိ သတ်မှတ်ခဲ့တာပဲဖြစ်တယ်။ အဓိကကျတဲ့ အသွင်ကူးပြောင်းရေးဆိုင်ရာအဖွဲ့အစည်းတွေကတော့ –

– အသွင်ကူးပြောင်းရေးကော်မရှင် (Transition Commission) သည် MILF ၏ ဦးဆောင်မှုဖြင့် ဘန်ဆာမိုးရို ကျွန်းစု အုပ်ချုပ်ရေးဥပဒေကို မူကြမ်းကို ရေးဆွဲခဲ့ပြီး လွှတ်တော်သို့ တင်သွင်းအတည်ပြုခြင်းကိုပြုလုပ်ခဲ့တယ်။ ဒါက ဥပဒေပြုရေးအပိုင်း။

– အသွင်ကူးပြောင်းရေးဆိုင်ရာ လူမှုရေး၊ စီးပွားရေး နဲ့ နိုင်ငံရေးဆိုင်ရာ ဒေသအဆင့်ကိုယ်စားပြုနိုင်တဲ့ (ဥပမာ – အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ) စတာတွေကို MILF က ရွေးကောက်ပွဲမတိုင်းခင် ပြုလုပ်နိုင်တဲ့ အခွင့်အာဏာရှိတယ်။

– တတိယအင်အားစု လေ့လာစောင့်ကြည့်ရေးအသင်း (Third Party Monitoring Team – TMPT) ကို ပြည်တွင်းမှ အစိုးရမဟုတ်သော ဒေသအအဆင့် NGO မှ ကိုယ့်စားလှယ် (၂) ဦး၊ နိုင်ငံတကာ INGO မှ ကိုယ်စားလှယ် (၂) ဦး နဲ့ ညှိနှိုင်းရေးအပိုင်းမှာ တာဝန်ယူဖို့အတွက် ဖိလစ်ပိုင် သံအမတ်ဟောင်းတို့က တာဝန်ယူဖွဲ့စည်းတာပဲဖြစ်တယ်။

TMPT က အစိုးရ နဲ့ MILF တို့ကြား သဘောတူညီချက်တွေကို လေးစားလိုက်နာမှုရှိ၊ မရှိဆိုတာကို လေ့လာစောင့်ကြည့်တာပဲဖြစ်ပါတယ်။ TMPT ရဲ့ အဓိက လုပ်ငန်းစဉ်က အစိုးရနဲ့ MILF ကြား ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေရဲ့ အစီရင်ခံစာကို သတင်းမီဒီယာနဲ့ ပြည်သူလူထုတွေကို ချပြပြီး ယုံကြည်မှု တည်ဆောက်ရာမှတဆင့် DDR လုပ်ငန်းစဉ်ဖြစ်တဲ့ လက်နက်ဖြုတ်သိမ်းခြင်း၊ တပ်ဖြုတ်သိမ်းခြင်း၊ သာမန်ပြည်သူဘဝ ပြန်လည်ပေါင်းစည်းရေးကို လုပ်တာပဲဖြစ်တယ်။

– အဆိုပါ အသွင်ကူးပြောင်းရေးကာလမှာ MILF နဲ့ အစိုးရဆိုတဲ့ နှစ်ဖက်အင်အားစုတွေရဲ့ လိုအပ်တဲ့ အထောက်အပံ့တွေကို နိုင်ငံတကာဆက်သွယ်ရေးအဖွဲ့ (ICG) နဲ့ မလေးရှားအစိုးရတို့က ထောက်ပံပေးတာပဲဖြစ်တယ်။

(အကောင်အထည်ဖော်မှုပိ်ုင်း စိန်ခေါ်မှု/Implementation Challenges)

၂၀၁၄ ခုနှစ်မှာစတင်ပြီး (ငြိမ်းချမ်းရေးလက်မှတ် ဘန်ဆာမိုးရိုစာချုပ်လက်မှတ်ရေးထိုးပြီးနောက်) ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်တွေက အင်မတန်မှ နှေးကွေးသွားခဲ့တာ တွေ့ရပါတယ်။

အဓိကကျတဲ့ လုပ်ငန်းစဉ် (၄) ရပ်ကတော့

– ပဋိပက္ခဒေတွေဖြစ်ပေါ်ခဲ့တဲ့ ဒေသအတွင်းရှိ လူထုရဲ့ လူမှုစီးပွားတိုးတက်ရေး ဆိုင်ရာလုပ်ငန်းစဉ်များ။

– အစိုးရ နဲ့ MILF တပ်အင်အားစုတို့အကြား ယုံကြည်မှု တည်ဆောက်ခြင်းဆိုင်ရာ တိုင်းတာခြင်းများ။

– အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုင်ရာလုပ်ငန်းစဉ်များ။

– လုံခြုံရေးဆိုင်ရာ လုပ်ငန်းစဉ်နဲ့ တပ်ဖြုတ်သိမ်းရေးဆိုင်ရာလုပ်ငန်းစဉ်တွေဖြစ်တဲ့ SSR နဲ့ DDR လုပ်ငန်းစဉ် အကောင်းအထည်ဖော်မှုပိုင်ဆိုင်ရာအောင်မြင်မှုကို တိုင်းတာခြင်းလုပ်ငန်းများ။

MILF ၏ တပ်ပိ်ုင်းဆိုင်ရာ DDR လုပ်ငန်းစဉ်က တဆင့်ပြီးတဆင့်၊ အမျိုးမျိုးသော အမျိုးသားရေးဆိုင်ရာ တန်းတူညီမျှရေးအပေါ်မှာ အခြေခံတယ်။

အဲဒါတွေကို အကောင်အထည်ဖော်မှုကလည်း သိပ်အရေးကြီးတယ်။ အဲဒီထဲမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းက MILF တပ်အင်အားတွေ ဥပဒေကို အကာအကွယ်ပေးတဲ့ အင်အားစု(ရဲ)ဖန်တီးပေးမှုနဲ့ ဘန်ဆာမိုးရို အုပ်ချုပ်ရေးဥပဒေသစ်ကို လွှတ်တော်တွင်း အတည်ပြုနိုင်ရေးတို့လည်း ပါဝင်တယ်။

ဖိလစ်ပိုင်နိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်က လက်တွေ့အကောင်အထည်ဖော်တဲ့နေရာမှာ အင်မတန်မှ စိန်ခေါ်မှုများတဲ့ လုပ်ငန်းစဉ်ဖြစ်ခဲ့ပါတယ်။

သဘောတူညီချက်တွေကို အကောင်အထည်ဖော်တဲ့နေရာမှာ အချိန်အကန့်အသတ်ရှိခြင်း၊ ကျွမ်းကျင်ပညာရှင်လုံလောက်မှု အားနည်းခြင်းနဲ့ အစိုးရမဟုတ်တဲ့ စစ်ဗျူရိုကရက်သမားတွေရဲ့ အစိတ်အပိ်ုင်းတွေကနေ ငြိမ်းချမ်းရေးသဘောတူညီချက် မရတာတွေက အဓိကကျတဲ့ ပြဿနာတွေဖြစ်ခဲ့တယ်။

အဲဒီမှာ ဘာသာရေးဆိုင်ရာ ဆန့်ကျင်မှုနဲ့ ယဉ်ကျေးမှုပိုင်ဆိုင်ရာ ဆန့်ကျင်တဲ့ ကိစ္စရပ်တွေက နိ်ုင်ငံရေးကို အသွင်ကူးပြောင်းခဲ့တာကို တွေ့ရမှာပဲဖြစ်တယ်။

အဓိကလေ့လာရမှာက ဖိလစ်ပို်ုင်မှာ အမျိုးသားတန်းတူရေးကို မဖြေရှင်းနိုင်တဲ့အခါမှာ လက်နက်ကိုင်အဖွဲ့အစည်းအများအပြားကို မွေးဖွားပေးခဲ့တာပဲဖြစ်တယ်။

အမျိုးသားတန်းတူရေးကို မဖြေရှင်းခြင်း ကိစ္စရပ်တွေက လက်နက်ကိုင်တော်လှန်ရေးကို ဆက်လက်မွေးဖွားပေးအုန်းမှာပဲဖြစ်တယ်။ (ဥပမာ – AA လို ကိစ္စမျိုးဖြစ်တယ်)။

(နိုင်ငံတကာ ဇာတ်ကောင်များရဲ့ သင်ခန်းစာများ/Lessons on the International Role)

– နိုင်ငံတကာအသိုင်းအဝိုင်းက ငြိမ်းချမ်းရေးဖြစ်စဉ်ကို အထောက်အကူပေးနိုင်ရန်အတွက် ဆုံးဖြတ်ရေးမှာ အထောက်အကူပေးနိုင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာပဲဖြစ်တယ်။

ဒါပေမဲ့ နိုင်ငံတကာ အသိ်ုင်းအဝိုင်းက အဓိကကျတဲ့ ဇာတ်ကောင်တော့ မဟုတ်ခဲ့ဘူး။ နှစ်ဘက်အင်အားစုမှ အမျိုးသားခေါင်းဆောင်တွေကို ညှိနှိုင်းဆွေးနွေးရေး အစီအစဉ်နဲ့ နိုင်ငံတကာရဲ့ ထောက်ပံမှုဆိုင်ရာ လုပ်ငန်းလမ်းညွန်း (TORs) ကို ရေးဆွဲခဲ့တာကြောင့်ဖြစ်ပါတယ်။

– ငြိမ်းချမ်းရေးဆိုင်ရာ စောင့်ကြည့်လေ့လာရေးတွေ အောင်မြင်တဲ့ အဓိကအကြောင်းအရင်းက ပြည်တွင်းနဲ့ နိုင်ငံတကာ၊ အရပ်ဘက်နဲ့ စစ်ဘက် နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းလုပ် ဆောင်ခြင်းတွေကို ဦးစားပေး ခွင့်ပြုခဲ့တာကြောင့်ဖြစ်တယ်။

– နောက်တစ်ခုက နိုင်ငံတကာလေ့လာစောင့်ကြည့်ရေးအသင်း (IMT) ထိရောက်သော လုပ်ငန်းစဉ်များအောင်မြင် လာခြင်းက အသင်းရဲ့ အောင်မြင်မှု နဲ့ အရေးပါမှုကို အောင်မြင်စေခဲ့တာကြောင့်ဖြစ်တယ်။

အဲဒီ အောင်မြင်မှုကပဲ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အထောက်အပံ့ပေးခဲ့တယ်။ အဲဒီအောင်မြင်မှုကပဲ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ၊ လူမှုစီးပွားရေး နဲ့ လူအခွင့်အရေုးဆိုင်ရာ တိုးတက်မှုတွေကို ပြုလုပ်နိုင်တာပဲဖြစ်တယ်။

အချုပ်အားဖြင့်ဆိုရရင် ငြိမ်းချမ်းရေးဖြစ်စဉ်က အမျိုးသားရေးဆိုင်ရာ အသွင်ရှိတာမို့ လူထုကို ချနင်းပြီး၊ နိုင်ငံရေးဆိုင်ရာ ပုံရိပ်တည်ဆောက်လို့ မရနိုင်ဘူးဆိုတာ ဆိုလိုခြင်းပဲဖြစ်တယ်။

ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်က တည်ဆောက်ယူရေးဖြစ်ပြီး အချိန်ကာလတစ်ခု လိုအပ်ပါတယ်။

အထက်ပါ ဖော်ပြထားပြီးဖြစ်တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေထဲမှာ အဓိကကျတဲ့ လူထုကာကွယ်ရေး၊ တတိယအင်အားစုများ ပါဝင်ရေးနဲ့ အခြားသော အမျိုးသားတန်းတူရေးကို မဖြေရှင်းနိုင်ဘဲ လူထုကို ချနင်းပြီး တည်ဆောက်လို့ မရနိုင်ဘူဆိုတာကို သက်သေပြနေပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်တည်ဆောက်ရေးမှာ အဓိကကျတဲ့ ယုံကြည်မှု တည်ဆောက်ရေးနဲ့ လေ့လာစောင့်ကြည့်ရေးဆိုင်ရာ ကိစ္စရပ်များမှာ ပိုအားစိုက်ဖို့ပဲ ဖြစ်တယ်ဆိုတာ ရေးသားလိုက်ရပါတယ်။

 
 
 

Comments

comments

Next Post

နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးကျောင်းမှာ ကျောင်းသူ/သား နှစ်ဆတိုးခေါ်ယူ (ရုပ်သံ)

Mon May 14 , 2018
အရင်နှစ်တွေက လူဦးရေ ၅ဝ ယောက်ပဲ ကန့်သတ်ခေါ်တာဖြစ်ပြီး လက်ရှိ ၂၀၁၈-၁၉ ခုနှစ်မှာ ကျောင်းသားဦးရေ ၁၀ဝ ကျော်ကို ခေါ်ယူမှာဖြစ်ပါတယ်။ ရပ်ဝေးရပ်နီးဒေသက ဆင်းရဲနွမ်းပါးတဲ့ မိသားစုနဲ့ မိဘမဲ့ကလေးတွေကို ပိုပြီးတော့ ဦးစားပေးခေါ်ယူထားတာပါ။ https://www.youtube.com/watch?v=aXgoVF1qFBg&feature=youtu.be Comments comments