ခူးစိုးရယ်ဦး
လူ့အခွင့်အရေး၊ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုနှင့် လူ့အခွင့်ရေးချိုးဖောက်မှု မှတ်တမ်းတင်ခြင်း အစရှိသော သင်တန်းများကို ကယားပြည်နယ်ရှိ မြို့နယ် ရ မြို့ကို သွားရောက်ပြီး အေအေပီပီ (AAPP – Assistance Association for Polities Prisoners) မှ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်းမှ သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အေအေပီပီက မြန်မာနိုင်ငံတဝန်း၌ ၎င်းသင်တန်းများကို လိုက်လံပို့ချခဲ့ပြီး ကယားပြည်နယ်ကို ၂၀၁၈ ခုနှစ် ဇွန်လ တတိယအပတ်က လွိုင်ကော်မြို့တွင် သင်တန်းပေးခဲ့သည်။
နိုင်ငံရေးအကျဉ်းသား မရှိသော၊ နိုင်ငံသားနှင့် နိုင်ငံရေးအရေးများကို ကာကွယ်၊ ထိန်းသိမ်း၊ ဖြည့်ဆည်းပေးသော လွတ်လပ်သည့် ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း ဖြစ်လာစေရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကူညီပေးရန် ၎င်းတို့က ရည်ရွယ်ပြီးပေးအပ်သည်ဟု ဆိုသည်။
“ကျွန်မတို့ နိုင်ငံရေးကို စိတ်မဝင်စားလို့ မရပါဘူး၊ သိသင့်သိထိုက်တာတွေ လေ့လာသင်ယူမှသာလျှင် လက်ရှိအခြေအနေက ဘယ်လိုဖြစ်နေလဲဆိုတာကို သိမှာဖြစ်တယ်” ဟု ကယန်းအမျိုးသားပါတီအဖွဲ့ဝင် ပါဝင်ကူညီဆောင်ရွက်ပေးသူ မစိုးဉ္ဖူရီဂျိုးစဖင်းက ပြောကြားသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းကို ၂၀၀ဝ ခုနှစ် မတ်လတွင် ထိုင်း-မြန်မာနယ်စပ်တွင် ရောက်ရှိနေကြသည့် နိုင်ငံရေး အကျဉ်းသား ဟောင်းများက တည်ထောင်ခဲ့သည်။
အေအေပီပီကို နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ အကျဉ်းထောင်များ၏ အခြေအနေ တိုးတက်လာစေရန်နှင့် နိုင်ငံရေးအကျဉ်းသားများ၏ အကျဉ်းသားအခွင့်ရေး၊ လူ့အခွင့်အရေး အပြည့်အဝရရှိစေနိုင်ရန်အတွက် အကူအညီပေးရန် ဖွဲ့စည်းခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် မိသားစုများအား လူသားချင်းစာနာမှုအကူအညီများနှင့် ပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကြောင်းပညာများ ကူညီထောက်ပံ့ပေးခြင်းတို့ကို ယင်းအဖွဲ့က အဓိက လုပ်ဆောင်သည်။
နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ မိသားစုဝင်များနှင့် အခြားစိတ်ပိုင်းဆိုင်ရာ ခံစားနေရသူများအား စိတ်ပို်င်းဆိုင်ရာပြန်လည်မြှင့်တင်ရေး အကြုံပြချက်များပေးခြင်း၊ အရပ်ဘက် လူထုအခြေပြုအဖွဲ့အစည်းများအား ပံ့ပိုးကူညီမှုများ ပေးသည်။
ထို့အပြင် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအတွက် လူ့အခွင့်အရေးဆိုင်ရာ အသိပညာဆွေးနွေးခြင်းနှင့် လူ့အခွင့်အရေး၊ လူ့အခွင့်အရေး မှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု သင်တန်းပေးခြင်းတို့ အဓိက သင်ကြားပေးသည်။