spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ရွာပေါင်း ၂ဝအားထားရသည့် တိုက်နယ်ဆေးရုံဖွင့်လှစ်

Author

Date

Category

ကန္တာရဝတီတိုင်းမ်

လွိုင်ကော်မြို့နယ်၊ လောဓလေးတိုက်နယ် ၁၆ကုတင်ဆံ့ တိုက်နယ်ဆေးရုံဖွင့်ပွဲကို ဧပြီလ ၂၂ရက်တွင် ဖွင့်လှစ်ခဲ့သည်။

“ တိုက်နယ်ဆေးရုံအင်္ဂါရပ်နဲ့အညီ ဆေးတွေပြည့်စုံအောင် ထားပေးထားတယ်။ ဒါပေမယ့် တကယ့်ကင်ဆာဆေးတို့၊ အရေပြားဆေးတို့လို ဈေးကြီးတဲ့ဆေးတွေတော့ စာရိတ်မျှပေးနဲ့ ဖြည့်ဆည်းပေးနေတာ ဖြစ်ပါတယ်။ “ဟု ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဌာန ဒေါက်တာခင်မောင်ရင်က ပြောသည်။

လက်ရှိတွင် ဆေးရုံလိုအပ်ချက်၏ ၇၀%ကို ဖြည့်ဆည်းပေးနိုင်ခဲ့ပြီး ၃၀%ကိုမူ စာရိတ်မျှပေးဖြင့်သာ ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဒေါက်တာက ဆက်ပြောသည်။

တိုက်နယ်ဆေးရုံတစ်ခု၏အညွှန်းကိန်းအရ လူဦးရေ အနည်းဆုံး ၅သောင်းရှိရမည့်အပြင် အတွင်းလူနာ၊ အပြင်လူနာ စသည်လူဦးရေ သတ်မှတ်ချက်များလည်း ရှိသည်။ တနေ့ကို လူနာ ၁ဝဦး အနည်းဆုံးရှိရမည်လည်း ပါရှိသည်။ သို့သော် ယခုတိုက်နယ်ဆေးရုံသည် ၎င်းအချက်များနှင့် မကိုက်ညီပေမယ့် နိုင်ငံတော်မှ ဆောက်လုပ်ထားပေးထားကြောင်း သိရသည်။

“ တိုက်နယ်ဆေးရုံက အရင်တည်းကရှိခဲ့တာပဲ ဒါပေမယ့် သွားရေးလာရေးခက်ခဲတာရယ် ဆရာဝန်၊ တစ်ခါတရံတော့လည်း ဆေးဝါးမပြည့်စုံတာလေးတော့ ရှိတာပေါ့ “ဟု လောဓလေးကျေးရွာတာဝန်ခံ ဦးသန်းဝင်းက ပြောသည်။

၎င်းတိုက်နယ်ဆေးရုံတွင် ဝန်ထမ်းပေါင်း ၁၉ဦးထားရှိပြီး ကျေးရွာပေါင်း ၂ဝ မှ ပြည်သူများ စုပေါင်းအားထားရသည့် ဆေးရုံဖြစ်ကြောင်း သိရသည်။

လောဓလေးတိုက်နယ်ဆေးရုံကို ၂၀၁ရ – ၁၈ဘတ်ဂျက်တွင် ပြည်ထောင်စု ငွေလုံးငွေရင်း သန်း ၄၀၀၊ မီနီဘတ်ဂျက်(၆လတ်ပတ်ဘတ်ဂျက်)သန်း၁၀၀၊ ၂၀၁၈-၁၉ဘတ်ဂျက်တွင် သန်း၁၅ဝ စုစုပေါင်း သန်း ၆၅ဝ (ကျပ်သိန်းပေါင်း ၆၅၀၀)ဖြင့် ဆောက်လုပ်ရေးလုပ်ငန်းမှ တာဝန်ယူတည်ဆောက်ခဲ့ကြောင်း သိရသည်။

ဆေးရုံဖွင့်ပွဲသို့ ကယားပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ဒုဥက္ကဌနှင့်လွိုင်ကော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဌာန ဒောက်တာနှင့်သူနာပြုများ၊ ဒေသခံတိုင်းရင်းသားများ၊ ရပ်မိရပ်ဖများစုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။

spot_img
spot_img

Recent posts