spot_imgspot_imgspot_imgspot_img
Saturday, April 27, 2024
spot_imgspot_imgspot_imgspot_img

ကယားပြည်နယ်အဝင် ဂိတ် ၄ ခုတွင် လိုင်စင်မဲ့ကားများကို မနက်ဖြန်မှစ၍ ဖမ်းဆီးအရေးယူမည်

Author

Date

Category

ဇွန်လ ၂ ရက်နေ့က ကယားပြည်နယ် ဘောလခဲမြို့တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်ခဲ့စဉ် (ဓါတ်ပုံ-IPRD Bawlakhe)

လင်းသန့်

ကယားပြည်နယ်အတွင်း ဝင်လာမည့် လိုင်စင်မဲ့ကားများကို မနက်ဖြန် ဇွန်လ ၆ ရက်နေ့မှစ၍ ဖမ်းဆီးအရေးယူတော့မည်ဖြစ်သည်။

မေ ၃ဝ ရက်နေ့ကနေ ဇွန် ၅ ရက်နေ့အထိ ပညာပေးကာလအဖြစ် သတ်မှတ်ထားပြီးနောက်ပိုင်း အရေးယူမှုများ လုပ်ဆောင်မည်ဟု ပြည်နယ်အစိုးရက ဇွန်လ ၁ ရက်နေ့ ညွှန်ကြားစာဖြင့် ဖြန့်ဝေအသိပေးထားသည်။

လွိုင်ကော်-ဆီဆိုင်-တောင်ကြီးလမ်းပေါ်ရှိ ထီစဲခါးပူးပေါင်းစစ်ဆေးရေးဂိတ် ၊ လွိုင်ကော်-တောင်ငူကားလမ်းပေါ်ရှိ ဒေါတဝီပူးပေါင်းစစ်ဆေးရေးဂိတ် ဒီးမော့ဆို-နန်းမယ်ခုံကားလမ်းပေါ်ရှိ ကပ္ပာယ်ခူးပူပေါင်းစစ်ဆေးရေးဂိတ်နှင့်  လွိုင်ကော်-မိုးဗြဲကားလမ်းပေါ်ရှိ ပီကင်းကောခူပူးပေါင်းစစ်ဆေးရေးဂိတ် အစရှိသည့် ပြည်နယ်အဝင်အထွက်ဂိတ် ၄ ခုတွင် လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးအရေးယူရန် စစ်ဆေးရေးအဖွဲ့များဖြင့် တာဝန်ချထားမည်ဖြစ်သည်။

ကယားပြည်နယ်အတွင်းလိုင်စင်မဲ့မော်တော်ယာဉ်တွေဝင်/ထွက် သွားလာမှု လျော့နည်းစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပြီး ဖမ်းဆီးကာ တည်ဆဲဥပဒေတွေနဲ့အညီ အမှုဖွင့်အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း  အစိုးရက ထုတ်ပြန်ကြေညာထားသည်။

spot_img
spot_img

Recent posts