spot_imgspot_imgspot_imgspot_img
Tuesday, May 21, 2024
spot_imgspot_imgspot_imgspot_img

တော်လှန်ရေးမှာပါဝင်တဲ့ တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုပိုင်နေအိမ်တွေကို PNO ပြည်သူ့စစ်က ဖျက်ဆီးပြီး မီးရှို့

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

တော်လှန်ရေးမှာ ပါဝင်တဲ့ PNLO/PNLA (ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ ချုပ် ) တပ်ဖွဲ့တွေရဲ့ မိသားစုပိုင်နေအိမ်တွေကို PNO ပြည်သူ့စစ်အဖွဲ့ က ဖြိုချဖျက်ဆီး၊ မီးရှို့တာတွေ ပြုလုပ်ခဲ့တယ်လို့ ယမန်နေ့ (ဧပြီလ ၂၁ ရက်နေ့) မှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်( PNLA) က အသိပေးထုတ်ပြန်ထားပါတယ်။

ဧပြီလ ၂၀ရက်နေ့မှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာမှာရှိတဲ့ PNLO ရဲ့ ဒုဥက္ကဌလည်းဖြစ်သလို စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူထားသူရဲ့ နေအိမ်ကို ဖျက်ဆီးခဲ့တယ်လို့ ဆိုထားပါတယ်။

“ ကျနော်တို့ရဲ့ ဒုဥက္ကဌက‌ တော်လှန်ရေးကို ဦးဆောင်နေတယ်ဆိုပြီးတော့မှ ဖြိုချဖျက်ဆီးတာပေ့ါလေ။” လို့ PNLA ရဲ့ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

နေအိမ်ဖျက်ဆီးခံရမှုမှာ PNLO ဒုဥက္ကဌ ရဲ့နေအိမ်အပြင် တော်လှန်ရေးမှာ ပါဝင်နေတဲ့ ရဲဘော်တချို့ရဲ့ မိဘနေအိမ်လည်းပါခဲ့တယ်လို့ ခွန်ရိန်းယံက အခုလို ဆက်ပြောပါတယ်။

“တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ မိဘရဲ့ နေအိမ်တွေပေါ့နော်။ နေအိမ်တချို့ရယ် ပြီး‌တော့ ဒေသခံနေအိမ်တချို့ရယ် စုစုပေါင်းနေအိမ် ၇လုံးကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဖြိုချဖျက်ဆီးတယ် တချို့အိမ်ကို မီးရှို့ဖျက်ဆီးခဲ့တယ်‌ပေါ့နော်”လို့ သူက ဆက်ပြောပါတယ်။

အဆိုပါ ဖျက်ဆီးခံရတဲ့နေအိမ်ထဲက ဒေသခံရဲ့ နေအိမ် ၂လုံး ပါဝင်ပြီး အဲ့ဒီနေအိမ် ၂လုံးဟာ ကုန်စုံဆိုင်ဖွင့်ထားတာကြောင့် ပျက်စီးသွားတဲ့ တန်ဖိုးဟာ သိန်းထောင်နဲ့ချီရှိနိုင်တယ်လို့ ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့ဟာ နေအိမ်တွေကို ဖြိုချဖျက်ဆီးခြင်းမပြုလုပ်ခင် နေအိမ်အတွင်းက တန်ဖိုးရှိပစ္စည်းတွေဖြစ်တဲ့ အိမ်တွင်းပရိဘောဂပစ္စည်းတွေကိုလည်း သယ်ယူသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ထိမှန်မှုကြောင့် ပအိုဝ်းဒေသတွင်း ပျက်စီးသွားတဲ့နေအိမ်တချို့။ (ဓါတ်ပုံ – PNLA)
spot_img
spot_img

Recent posts