spot_imgspot_imgspot_imgspot_img
Wednesday, May 15, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆို အရှေ့ခြမ်း စစ်ရှောင်စခန်းတစ်နေရာမှာ နွေရာသီ ကရင်နီစာပေ သင်တန်းဆင်းပွဲ ပြုလုပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း စစ်ရှောင်စခန်းတစ်နေရာမှာ နွေရာသီ ကရင်နီစာပေ သင်တန်းဆင်းပွဲကို ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့ ပြုလုပ်သွားပါတယ်။
အဲဒီသင်တန်းကို ၂လကြာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ယဉ်ကျေးလိမ္မာ၊ ကရင်နီ စာပေနဲ့ သဒ္ဒါ (grammer) စတဲ့ ဘာသာရပ်တွေကို လည်းသင်ကြားပေးတယ်လို့ သိရပါတယ်။

“ကျနော်တို့ ဒီ ကရင်နီစာပေကို လေ့ကျင့်ပေးချင်တယ်။ ပြီး ဒီကလေးတွေမှာ Grammar ပိုင်းမှာ တအားအားနည်းတယ်။ ကျနော်တို့ ကလေးငယ်တွေက ချောင်းထဲသွားတာများတယ် ငှက်တွေ သွားပစ်တာ အဲ့ဒီအတွက် ကျနော်တို့ ထိန်းထားတဲ့ အနေနဲ့ ကျနော်တို့က ယဉ်ကျေးလိမ္မာ ဆိုပြီး သင်ပေးတယ်” လို့ သင်တန်းတာဝန်ခံဖြစ်တဲ့ ခူးကိုရယ်ဦးက ပြောပါတယ်။

သင်တန်းဆင်း ပွဲမှာတော့ နိုင်ငံတော် သီချင်းသီဆိုတာ၊ ရိုးရာအက ဖျော်ဖြေတောတွေအပြင် ရပ်ရွာ ရပ်မိရပ်ဖတွေကနေ အားပေးအမှန်စကားပြောတာတွေနဲ့ fashion Show အစီအစဉ်တွေကို လည်းပြုလုပ်သွားတယ်လို့ သိရပါတယ်။

“သင်တန်းနှစ်လအတွင်းမှာဆိုရင် Grammar တွေ၊ ကရင်နီတွေ သင်ခွင့်ခဲ့တာ Grammar ပိုင်းမှာဆိုရင် ကျမတို့ မသိရသေးတဲ့ ဘာသာတွေလဲ သိရှိလာတယ်၊ သူရဲ့ Grammar ပိုင်းမှာဆိုရင် ကျမတို့သင်ခွင်ရတာပေါ့နော်။ ကျမတို့ သင်ခွင့်ရပြီး ခုဆို ကျမတို့ သိရှိပြီး နောက်အသက်ကြီးတွေအတွက် ကျမသာ တက္ကသိုလ်တက်ရောက်ခဲ့မယ်ဆိုရင် Grammar တွေက ကျမတို့အတွက် အကျိုးဝင်မယ်။ အကယ်၍ ကျမကျောင်းဆက်မတက်ခဲ့ဘူးဆိုလိုရှိရင် Volunteer အနေနဲ့ ကလေးတွေကို ပြန်လှန်မျှဝေပေးမယ်”လို့ သင်တန်းသူတစ်ဦး ကပြောပါတယ်။

၂လတာ ပြုလုပ်ခဲ့တဲ့ သင်တန်းမှာ တက်ရောက်လာတဲ့ သင်တန်းသူ/သား စုစုပေါင်း ၈၃ ဦးရှိတယ်လို့သိရပါတယ်။

spot_img
spot_img

Recent posts