spot_imgspot_imgspot_imgspot_img
Sunday, May 12, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ်၊ ခိုးလီဆိုရှေ့မှာ ကေ့ထျိုးဘိုးပွဲတော်ကျင်းပ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ဂေးဖိုးဒူဒေသ ခိုးလီဆိုရှေ့မှာ တံခွန်တိုင်ပွဲ (ခေါ် ) ကေ့ထျိုးဘိုးရိုးရာပွဲတော်ကို ဧပြီလ ၂၅ နေ့ ကနေ ၂၇ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ပွဲတော်ကျင်းပရတဲ့ရည်ရွယ်ချက်ဟာ မိုးလေဝသ မှန်ကန်စေရေး၊ ဆန်ရေစပါး ပေါများစေရေး၊ ရောဂါဘယ ကင်းဝေးစေရေးနဲ့ တိုင်းပြည်အေးချမ်းသာယာစေရေးကို ရည်ရွယ်ပြုလုပ်ကြတာပဲ ဖြစ်ပါတယ်။

ခိုးလီဆိုရှေ့ တံခွန်တိုင်ပွဲတော်ဟာ ကြက်ရိုးထိုး ဗေဒင်တစ်ခုထဲသာ မကြည့်ပဲ၊ ကျွဲသတ်ရသည့် ဗေဒင်၊ ရေကြည့်ရသည့် ဗေဒင် စတာတွေကို နှစ်စဥ်ပြုလုပ်ရတယ်လို့ ဆိုပါတယ်။

ယခုနှစ်အတွက် ကြက်ရိုးထိုး ဗေဒင် နဲ့ ကျွဲသတ်တဲ့ အကြောင်းတွေကို အီးလူးဘျာစယ် ဦးဆူရယ်က အခုလို ရှင်းပြပါတယ်။

“ပြည်နယ်အတွက်တော့ သေဆုံး ပျောက်ကင်းတာတော့ မရှိဘူးပေါ့၊ ကောင်းလာပြီ၊ အဲတာ ကြက်မကို ကြည့်တာပေါ့၊ ရာသီဥတုအနေနဲ့က ရေကိုပဲကြည့်တယ်၊ သူ့အကောင်က ဘယ်လိုရှိလဲပေါ့နော၊ ကျွဲကတော့ မြောက်ဘက်ပိုင်းကို လှဲကျတယ်၊ ကျွဲ လှဲကျတဲ့ဘက်ကတော့ အောင်မြင်တာပေါ့၊ ရှေ့ရိုးတွေက ပြောထားတာပေါ့နော ” လို့သူက ပြောပါတယ်။

ဂေးဖိုးဒူဒေသရှိ ခိုးလီဆိုရှေ့ တံခွန်တိုင်တော်ကြီးကို နှစ်စဥ် တိုင်တော်ကြီး ခုတ်ကြပေမယ့် လက်ရှိနိုင်ငံရေး အခြေအနေကြောင့် ပြည်နယ်အတွင်း တံခွန်တိုင် ဗဟို အကြီးဆုံးနေရာဖြစ်သော်လည်း ၃ နှစ်ကြာသည်အထိ တိုင်တော်ကြီး မခုတ်ဖြစ်ဘူးလို့ သ်ိရပါတယ်။

ဖရူဆိုမှာ ကေ့ထျိုးဘိုးရိုးရာကို ယုံကြည်ကိုးကွယ်တဲ့ ရွာပေါင်း(၂၀) ကျော်ရှိသလို ယခု ဧပြီလ အတွင်းမှာပဲ ပွဲတော်တွေ ကျင်းပကြတယ်လို့ သိရပါတယ်။

spot_img
spot_img