spot_imgspot_imgspot_imgspot_img
Saturday, April 27, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့ ဖမ်းဆီးခံရတဲ့ ပြည်သူ (၃၀) ထက်မနည်း မီးရှို့သတ်​​ဖြတ်ခံရ

ကန္တာရဝတီတိုင်း(မ်)

ယမန့်နေ့က ဖရူဆိုမြို့နယ်အတွင်း မိုဆိုကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံ ၃၀ ဦးထက်မနည်း ဖမ်းဆီးခံရပြီး စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ KNDF တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောပါတယ်။

“လူထုအယောက် ၃၀လောက်က ကားထဲမှာမီးရှို့သတ်ခံရလိုက်တယ် အားလုံးကပြန်ရွေးရတော့မှာမဟုတ်ဘူး။ ဒါပေမယ့် ဘယ်သူဘယ်ဝါကလဲဆိုတာ ဖမ်းဆီးခံရသူတွေရဲ့မိသားစုဝင်တွေသိမှပဲရမှာပေါ့လေ။ကျနော်တို့အတည်ပြုနိုင်တာတစ်ခုကတော့ ကားပေါ်မှာတင် မီးရှို့သတ်ပလိုက်တယ်။” လို့ KNDF တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကိုအတည်ပြုပြောကြားပါတယ်။

မီးရှို့ခံရတဲဲ့ထဲမှာ ကား၃စီးနဲ့ ဖရူဆိုဒေသခံ အသက်မပြည့်သေးတဲ့ကလေးငယ် အပါအဝင် အယောက် ၃၀ ထက်မနည်း ပါသွားပါတယ်။

” ကျနော်တို့နယ်မြေရှင်းလင်းရေးလုပ်တဲ့အချိန်မှာ လူထုတွေအသတ်ခံရတယ်ဆိုတာ ညချိန်မှာအတည်ပြုလို့ရသွားတာခမျ။” လို့ သူက ဆက်ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ပြည်သူကိုပြန်လွတ်ပေးဖို့ တောင်းဆိုခဲ့တဲ့ နယ်ခြားစောင့်တပ် ၄ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးကာ လက်ပြန်ကြိုးတုတ်ပြီး ပစ်သတ်ခဲ့ပါတယ်။

ယမန်နေ့က ဖရူဆိုအနောက်ဖက်ခြမ်း မိုဆိုကျေးရွာအနီးမှာ ကရင်နီတပ်မတော် KA ၊ KNDF ပူးပေါင်းတပ်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ၄နာရီကြာ ဖြစ်ပွားခဲ့တာပါ။
လက်ရှိမှာ ကျေးရွာဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

spot_img
spot_img