spot_imgspot_imgspot_imgspot_img
Friday, May 17, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆို၊ လောကျေခူကျေးရွာ အနီးထိတွေ့တိုက်ပွဲမှာ စစ်ကောင်စီဖက် တပ်ရင်းမှူးအပါအဝင် (၂၀)ဦး ဝန်းကျင်သေဆုံး

ကန္တာရဝတီတိုင်း(မ်)

စက်တင်ဘာလ (၁၁)ရက်နဲ့ (၁၂)ရက်နေ့က ဖရူဆိုမြို့နယ် လောကျေခူကျေးရွာအနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားတာတွေ ရှိခဲ့ပြီး စစ်ကောင်စီဖက် တပ်ရင်းမှူးအပါအဝင် (၂၀)ဦးဝန်းကျင် သေဆုံးတယ်လို့ ကရင်နီတပ်မတော် စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ဆိုပါတယ်။

“ စစ်ကောင်စီကျဆုံးတာကတော့ များမယ်။ ကျနော်တို့ လက်နက်ရတာက အလက် ၂၀လောက်ရှိတယ်လေ။ အဲ့လောက်ဆိုရင် သူတို့ဖက် အယောက် ၂၀လောက်ကျမယ်ပေါ့နော။ နောက်ပြီးတော့မှ ဒဏ်ရာရတာလည်းရှိဦးမယ်။ သူတို့ (စစ်ကောင်စီ) တပ်ရင်းမှူးလည်း ပါသွားတယ်လေ အဲဒီတိုက်ပွဲမှာ။ “ လို့ ဗိုလ်မှူးကြီး ဘုန်းနိုင်ကပြောပါတယ်။

တိုက်ပွဲအတွင်းမှာ ပူးပေါင်းတပ်ဖက် ထိခိုက်ကျဆုံးမှု ခြေနေအသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။ စစ်ကောင်စီဖက်တော့ သေဆုံးတာတွေအပြင် ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တိုက်ပွဲအတွင်းမှာ စစ်ကောင်စီရဲ့ လက်နက်ငယ် (၂၀)ဝန်းကျင် သိမ်းဆည်းရမိတာတွေ ရှိတယ်လို့ ဆိုပါတယ်။

အဲ့ဒီဖြစ်ပွားတဲ့တိုက်ပွဲမှာတော့ စစ်ကောင်စီဖက် တပ်မ ၅၅ လက်အောက်ခံ တပ်ရင်း ခလရ ၉၄ ဖြစ်ပြီး တခြားတပ်ရင်းတွေလည်း ပါဝင်နိုင်တယ်လို့ ဗိုလ်မှူးဘုန်းနိုင်က ဆက်ပြောပါတယ်။

“ တခြားတပ်ဖွဲ့လည်းပါမယ် ဘာလို့လဲဆိုရင် သိမ်းရတဲ့ ပစ္စည်းက ၉၄တစ်ရင်းထဲ မဟုတ်ဘူးပုံစံဖြစ်နေတယ်။ အဲတော့ တစ်ခြားတပ်ဖွဲ့ ပါရင်လည်းပါမှာပေါ့။ လောကျေခူမှာဖြစ်တဲ့ တိုက်ပွဲ စစ်ကြောင်း ခလရ ၉၄ က သူတို့ စစ်လေ့ကျင့်ရေး ၁၄ဖက် ပြန်ဆုတ်သွားတယ်လေ။ နောက်ပြီးတော့ နောက်တစ်ရက် ၁၂ရက်ထင်တယ် မားခရော်ရှေ့ ရွာအောက်နားမှာ ကားတစ်စီး မိုင်းနင်းမိပျက်စီးတာရှိတယ်လေ ရန်သူဖက်က ကား။ “

လက်ရှိ စက်တင်ဘာလ ၁၆ရက်နေ့အထိမှာတော့ ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားတာတွေ မရှိသေးဘူးလို့ သိရပါတယ်။

ဩဂုတ်လကတည်းက ဒီးမော့ဆို−ဖရူဆိုပြည်ထောင်စုလမ်းမကြီး တစ်လျောက် မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်ပြီး စစ်ကောင်စီဖက် ပြည်သူနေအိမ် မီးရှို့ဖျက်ဆီးခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

spot_img
spot_img