spot_imgspot_imgspot_imgspot_img
Thursday, May 16, 2024
spot_imgspot_imgspot_imgspot_img

ဖားဆောင်း စစ်‌‌ရှောင်တွေအတွက် ဆန် လှူဒါန်းပေး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ မေလ ၂ရက်နေ့က ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်ရှိ စစ်ရှောင်စခန်းနှစ်နေရာမှာ KYO – ကရင်လူငယ်အစည်းအရုံး(ဗဟို) နဲ့ လယ်ပွာခိုလူငယ်မှ ဆန်လှူဒါန်းပေးခဲ့ပါတယ်။

KYO နဲ့ GSCN တို့မှ စစ်ရှောင်အတွက် ရန်ပုံငွေရှာဖွေရေးကမ်ပိန်းမှ ရရှိလာတဲ့ ငွေကြေးမှတဆင့် လှူဒါန်းခဲ့တာဖြစ်တယ်လို့ လာရောက်လှူဒါန်းပေးတဲ့ လယ်ပွာခိုလူငယ် တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

“ KYO နဲ့ GSCN ပူးပေါင်းပြီးတော့ ကမ်ပိန်းတစ်ခုပြုလုပ်ထားတာရှိတယ်။ဒီ ၁၇ ရက် ဖေဖော်ဝါရီ ၂၀၂၄တုန်းကပေါ့။ကမ်ပိန်းခေါင်းစဉ်က “ဖားစည်ဟိန်းသံ ကျွဲချိုခေါ်သံ” ဆိုပြီး ကမ်ပိန်းတစ်ခုလုပ်ခဲ့တယ်။ အဲ့မှာရတဲ့အလှူငွေ တွေကို ကော်သူးလေမှာရှိတဲ့ ကရင်ပြည်သူတွေကို စစ်ရှောင်တွေကို ရည်ရွယ်ပြီးလုပ်ခဲ့တယ်။ ဒါတင်မကပဲ မော်ချီးမှာလည်း စစ်ရှောင်တွေရှိတယ်ပေါ့။ ဖားဆောင်းတိုက်ပွဲကစပြီး အဲ့ကြောင့် ဒီဖက်မှာလဲ ကူညီဖို့တွက် ဒီဖက်ထိရောက်လာတယ်ပေါ့ ” လို့ သူက ပြောပါတယ်။

ရှေ့ဆက်ပြီးတော့လည်း စစ်ရှောင်အရေးနဲ့ပတ်သက်ပြီး ဆက်လက်လုပ်ဆောင်ဖို့ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

ဖားဆောင်းစစ်ရှောင်စခန်းတွေမှာလည်း အလှူရှင်ရောက်ရှိမှုမရှိတော့တာကြောင့် ဆန်၊ ဆီ၊ ဆား စားနပ်ရိက္ခာတွေ လိုအပ်နေဆဲ ဖြစ်တယ်လို့ စစ်ရှောင်ကော်မတီတစ်ဦးက အခုလို ပြောပါတယ်။

“စစ်ရှောင်ရဲ့အဓိကလိုအပ်ချက်ကတော့ စားဝတ်နေရေးပေါ့။ စားနပ်ရိက္ခာပေါ့ ဆန်လည်းမလုံလောက်ဘူး။ စားနပ်ရိက္ခာ ဆီ၊ဆား၊ငပိ လည်း ဂိုဒေါင်ထဲမှာ ဘားမရှိတော့ဘူး ” လို့ သူက ဆိုပါတယ်။

သွားရောက်လှူဒါန်းတဲ့ စစ်ရှောင်စခန်းမှာ နန်းကစ်နဲ့ ဖားဆောင်းမြို့‌ပေါ်က စစ်ရှောင်‌တွေ နေကြတာဖြစ်ပါတယ်။

နန်းကစ်စစ်ရှောင် အိမ်ထောင်စု (၇၆)စု နဲ့ ဖားဆောင်း စစ်ရှောင် အိမ်ထောင်စု(၅၈)စု ရှိပြီး စုစုပေါင်းလူဦးရေ (၅၅၅)ဦး ရှိပါတယ်။

နန်းကစ်စစ်ရှောင်တွေရဲ့ စစ်ရှောင်ကာလမှာ (၈)လကျော်ပြီဖြစ်ပြီး ဖားဆောင်းစစ်ရှောင်‌တွေကတော့ (၂)လကျော် ရှိပြီဖြစ်ပါတယ်။

spot_img
spot_img

Recent posts