spot_imgspot_imgspot_imgspot_img
Friday, September 19, 2025
spot_imgspot_imgspot_imgspot_img

မြန်မာနိုင်ငံတွင် COVID19 ရောဂါမှ ပြန်လည်သက်သာလာသူ (၁၆) အထိရှိလာ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)


ကမ္ဘာ့ဆိုင်ရာ ကပ်ရောဂါဖြစ်သည့် COVID19 ရောဂါကူးစက်ခံခဲ့ရာမှ ပြန်လည်သက်သာလာသူ မြန်မာနိုင်ငံတွင် (၁၆) ဦးအထိ ရှိလာပြီးဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ဧပြီလ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

မြန်မာနိုင်ငံတွင် COVID19 ရောဂါမှ ပြန်လည်သက်သာလာသူ (၁၆) အထိရှိလာ

မြန်မာနိုင်ငံတွင် လက်ရှိတွင် COVID19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း (၁၄၆) ဦးရှိပြီ ဖြစ်သော်လည်း ဓာတ်ခွဲအတည်ပြုချက်များအရ ရောဂါပိုး ပြန်လည်ကင်းစင်လာသူ (၁၆) ဦးအထိ ရှိလာခြင်း ဖြစ်သည်။

ယင်း ရောဂါပိုး ပြန်လည်ကင်းစင်လာသူ (၁၆) ဦးအနက် (၉) ဦးမှာ ဆေးရုံးမှ ဆင်းခွင့်ရရှိပြီး ဖြစ်ကြောင်း သိရသည်။

လက်ရှိမြန်မာနိုင်ငံတွင် COVID19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း (၁၄၆) ဦး၊ ရောဂါပိုး ပြန်လည်ကင်းစင်သူ (၁၆) ဦးနှင့် သေဆုံးသူ (၅) ဦး ရှိပြီ ဖြစ်သည်။

spot_img

Recent posts