spot_imgspot_imgspot_imgspot_img
Sunday, May 12, 2024
spot_imgspot_imgspot_imgspot_img

လူထုတော်လှန်ရေးဖြစ်တဲ့အတွက် စည်းလုံးကြဖို့ KA စစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြတ် ပြောကြား

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

လက်ရှိတော်လှန်ရေးဟာ လူတန်းစားပေါင်းစုံပါဝင်တဲ့ လူထုတော်လှန်ရေးဖြစ်တဲ့အတွက်ကြောင့် အားလုံးစည်းလုံးညီညွှတ်ကြဖို့ လိုအပ်ကြောင်း နဲ့ သင်တန်းဆင်းတဲ့ ရဲဘော်တွေကိုလည်း သမိုင်းကို နားလည်ကြဖို့ လိုအပ်တယ်လို့  ကရင်နီပြည်တပ်မတော် KA စစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြတ်က ပြောပါတယ်။

ဒီကနေ့ (ဧပြီလ ၂၇ရက်) မှာပြုလုပ်ခဲ့တဲ့ ကရင်နီပြည်တပ်မတော် (KA) အပတ်စဉ် (၇၅) အခြေခံစစ်သင်တန်းဆင်းပွဲမှာ  မိန့်ခွန်းပြောကြားခဲ့တာဖြစ်ပါတယ်။

“ ဒီရှေ့ဆက် လူငယ်လူရွယ်တွေ တိုးတက်တဲ့စာတတ်ပေတတ်လူငယ်တွေ အများကြီးပါဝင်လာပါတယ်။ အဲ့တော့ ဒီတော်လှန်ရေးဟာ ကရင်နီတော်လှန်ရေးတစ်ခုတည်း လုပ်လို့မရပါဘူး။ ရှမ်းတစ်ခုတည်းလည်း လုပ်လို့မရပါဘူး။ လူတန်းစားပေါင်းစုံ ၊ အလွှာပေါင်းစုံ၊ လူမျိုးပေါင်းစုံပါဝင်တဲ့ တော်လှန်ရေးဖြစ်တဲ့အတွက်ကြောင့် လူထုတော်လှန်ရေးဖြစ်တယ်။ တော်လှန်ရေးထဲမှာ ကျနော်ပြောချင်တာက အခုဆိုရင် ပိုမိုပြီးတော့ စည်းလုံးကြမယ်။ အကွဲကွဲ အပြားပြား မဖြစ်ကြဖို့ လိုပါတယ်။ တိုးတက်တဲ့ လူငယ်လူရွယ်တွေ နိုင်ငံရေးကို လေ့လာကြပါ။ သမိုင်းကို သေသေချာချာ လေ့လာကြပါ။ အမှန်တရားဖက်ကို ရပ်တည်ကြပါ လို့ မှာချင်တယ်။ “ လို့ ဗိုလ်ချုပ်အောင်မြတ် က ပြောပါတယ်။

သင်တန်းပြီးသွားတဲ့ ရဲဘော်တွေအနေနဲ့ ကျရာအခန်းကဏ္ဍမှာ အလုပ်လုပ်သွားဖို့လည်း KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က အခုလို ဆက်ပြောဆိုပါတယ်။

“ အခုသင်တန်းဆင်းတဲ့ အပတ်စဉ် (၇၅) ရဲမေ၊ရဲဘော်တွေက သူတို့ ကျရာတာဝန်ကို မညည်းမညူပဲ စိတ်ပါကိုယ်ပါနဲ့ အလုပ်လုပ်သွားဖို့ မှာချင်တယ်။ အရေးကြီးတာက ကျန်းမာရေး၊ နောက်ပြီးတော့ စည်းကမ်းရှိဖို့ ၊ စည်းစည်းလုံးလုံးနေဖို့ အဲ့လိုပဲ မှာကြားချင်ပါတယ်။ “

ကရင်နီပြည်တပ်မတော်မှာ ၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း အခြေခံစစ်သင်တန်းကို အပတ်စဉ် (၇၀) မှ (၇၅) အထိ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

spot_img
spot_img

Recent posts