spot_imgspot_imgspot_imgspot_img
Tuesday, May 21, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်အကျဥ်းထောင်မှာ လွတ်ရက်စေ့ နိုင်ငံရေးအကျဥ်းသား ၁၃ ဦး အပါအ၀င် ၃၈ ဦး ပြန်လွတ်မြောက်

ကန္တာရဝတီတိုင်း( မ် )

လွိုင်ကော်အကျဥ်းထောင်မှာ ဥပဒေပုဒ်မ ၁၇/၁ နဲ့ ဖမ်းဆီးပြီး အကျဥ်းချခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား ၁၃ ဦးနဲ့ တခြားပုဒ်မတွေနဲ့ တရားစွဲခံရသူ ၂၅ ဦး လွတ်ရက်စေ့နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ ကရင်နီ နိုင်ငံရေးအကျဥ်းသားများအစည်းအရုံး ( KPPA ) က အတည်ပြု ပြောကြားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့က ပြန်လည်လွတ်မြောက်လာခဲ့ကြတာဖြစ်ပြီး လက်ရှိမှာတော့ မိသားစုဝင်တွေထံ မရောက်ရှိသေးဘူးလို့ KPPA ရဲ့ ပြန်ကြားရေးတာဝန်ခံ ထားဖိုးက ပြောပါတယ်။

“လက်ရှိ ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဥ်းသားတွေရဲ့ အခြေအနေတွေက အဆင်ပြေပါတယ်။ အဆင်ပြေတဲ့ အနေအထားရှိတယ်လို့ ပြောလို့ရတယ်။ သို့ပေမယ့် သူတို့က သူတို့မိသားစုရှိတဲ့ နေရာကို ပြန်လည်မရောက်ရှိ‌သေးတဲ့အတွက်ပေါ့ သူတို့ရဲ့‌ နေရေးထိုင်ရေးကို ကျနော်တို့ ကြိုးစားပြီးတော့ ပြင်ဆင်ပေးထားတာတွေလည်းရှိတယ်။ သို့ပေမယ့် အကူအညီတွေ လိုအပ်နေပါသေးတယ်။”လို့ သူက ပြောပါတယ်။

နိုင်ငံရေးအကျဥ်းသား အမျိုးသား ၉ ဦး၊ အမျိုးသမီး ၄ ဦး ပြန်လွတ်မြောက်လာ တာဖြစ်ပြီး မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရတဲ့သူတွေဖြစ်တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ရဲ့ မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇/၁ နဲ့တရားစွဲခံရပြီး ထောင်ဒဏ် သုံးနှစ်ချခံထားရသူတွေဖြစ်ပါတယ်။

လက်ရှိ အကျဥ်းထောင်ထဲမှာ ကျန်ရှိနေသေးတဲ့ အကျဥ်းသားတွေဟာလည်း ကျန်းမာရေးအတွက် လုံလောက်တဲ့ ဆေးဝါးကုသမှုတွေမရရှိကြဘူးလို့ သိရပါတယ်။ အမျိုးသားအများစုဟာလည်း အောက်ပိုင်းချိနဲ့ တဲ့ ဒဏ်တွေနဲ့ အမျိုးသမီးတွေဟာ ဝမ်းဗိုက်နဲ့ပတ်သက်ပြီး မကျန်းမာမှုဒဏ်တွေကို အများဆုံးခံစားနေကြရတယ်လို့ ဆိုပါတယ်။

လက်ရှိလွိုင်ကော်အကျဥ်းထောင်ထဲမှာ နိုင်ငံရေးအကျဥ်းသား ၁၀၀ နဲ့ အထက်ရှိနေနိုင်ပြီး သူတို့ကို ထောင်ဝင်စာပို့ဖို့ အခက်အခဲရှိနေတယ်လို့ ထားဖိုးက ဆက်ပြောပါတယ်။

“လက်ရှိကျန်ရှိနေသေးတဲ့ သူတွေလည်း အကူအညီတွေ အရမ်းလိုအပ်နေသေးတယ်။ ကျနော်တို့ ထောင်ဝင်စာပို့ဖို့ ကြိုးစားနေတဲ့အချိန်မှာလည်း ပို့လိုက်တဲ့ပစ္စည်းတွေအများစုက စစ်သားတွေလက်ထက်ကို ရောက်သွားတဲ့ အခြေအနေဖြစ်သွားတယ်။ ဆိုတော့ ကျနော်တို့ ရည်ရွယ်ချက်မအောင်မြင်ခဲ့ဘူး။ ဆိုတော့ အကျဥ်းသားတွေအတွက် ရည်ရွယ်ပြီးပို့ခဲ့တဲ့ ပစ္စည်းတွေက ပျောက်ရှသွားခဲ့တယ်။”လို့ သူကဆက်ပြောပါတယ်။

ငွေကြေးအကူအညီတွေကို ပေးနိုင်ပေမယ့် အကျဥ်ဦးစီးတွေဆီကနေ ၂၀ ရာခိုင်နှုန်းဖြတ်တောက်ခံရတာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။ လက်ရှိဖမ်းဆီးချုပ်နှောင်ခံထားရသေးတဲ့ အကျဥ်းသားတွေကိုလည်း နိုင်ငံတကာအနေနဲ့ လိုအပ်တဲ့ အကူအညီပေးဖို့ တောင်းဆိုထားပါတယ်။

spot_img
spot_img